ရန်အောင်ကတော့ အဖြူအမည်း ဖလင်ခေတ်ကတည်းက ဒီနေ့အချိန်ထိ အနုပညာလောကမှာ လွှမ်းမိုးမှုရှိနေဆဲ ဖြစ်ပါတယ်။ အကယ်ဒမီဆုကြီး (၆)ဆုတိုင်တိုင် ပိုင်ဆိုင်ထားတဲ့ ရန်အောင်က သူ့ရဲ့ အနုပညာညီအစ်ကို မောင်နှမတွေကိုလည်းသံယောဇဉ်ကြီးမားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရန်အောင်က တစ်ကိုယ်လုံးရေနွေးပူနဲ့အလောင်းခံရတဲ့ လူရွှင်တော်ကြီးတော့ပ်အတွက် ယမန်နေ့က ဆေးဖိုးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ရန်အောင်က လူရွှင်တော်တော့ပ်အတွက် ဆေးဖိုးဝါးခအဖြစ် အလှူငွေ(၅)သိန်းလှူဒါန်းခဲ့ပြီး“လူရွှင်တော် ကိုတော့ပ် လည်းဝေဒနာတွေအမြန်ဆုံးပျောက်ကင်းကျမ္မာပြီး အနုပညာအလုပ်များ ပိုမိုဆောင်ရွက်အောင်မြင်ပါစေကြောင်း ဆုတောင်းပေးရပါတယ်ခင်ဗျာ..”ဆိုပြီး ဆုတောင်းပေးထားတာကို တွေ့ရပါတယ်။ လူရွှင်တော်တော့ပ်ကတော့ ကိုဗစ်ကာလမှာဝင်ငွေမရှိတာကြောင့် အိပ်နေစဉ်အချိန်မှာ ဇနီးဖြစ်သူက မကျေနပ်လို့ ရေနွေးပူနဲ့လောင်းချခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မင်းသားကြီး ရန်အောင်ရဲ့စေတနာသဒ္ဒါတရားအတွက် သာဓုခေါ်ဆိုပေးကြပါဦးနော်။
crd-Panpyoelat #Myanmar_Online_News
>>zawgyi<<
မိန်းမဖြစ်သူရဲ့ ရေနွေးပူလောင်းခြင်းကိုခံရတဲ့ လူရွှင်တော်ကြီး ဆေးကုသဖို့ (၅) သိန်းကျပ် လှူဒါန်းခဲ့တဲ့ ရန်အောင်
Sunday, June 28, 2020
ရန်အောင်ကတော့ အဖြူအမည်း ဖလင်ခေတ်ကတည်းက ဒီနေ့အချိန်ထိ အနုပညာလောကမှာ လွှမ်းမိုးမှုရှိနေဆဲ ဖြစ်ပါတယ်။ အကယ်ဒမီဆုကြီး (၆)ဆုတိုင်တိုင် ပိုင်ဆိုင်ထားတဲ့ ရန်အောင်က သူ့ရဲ့ အနုပညာညီအစ်ကို မောင်နှမတွေကိုလည်းသံယောဇဉ်ကြီးမားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရန်အောင်က တစ်ကိုယ်လုံးရေနွေးပူနဲ့အလောင်းခံရတဲ့ လူရွှင်တော်ကြီးတော့ပ်အတွက် ယမန်နေ့က ဆေးဖိုးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ရန်အောင်က လူရွှင်တော်တော့ပ်အတွက် ဆေးဖိုးဝါးခအဖြစ် အလှူငွေ(၅)သိန်းလှူဒါန်းခဲ့ပြီး“လူရွှင်တော် ကိုတော့ပ် လည်းဝေဒနာတွေအမြန်ဆုံးပျောက်ကင်းကျမ္မာပြီး အနုပညာအလုပ်များ ပိုမိုဆောင်ရွက်အောင်မြင်ပါစေကြောင်း ဆုတောင်းပေးရပါတယ်ခင်ဗျာ..”ဆိုပြီး ဆုတောင်းပေးထားတာကို တွေ့ရပါတယ်။ လူရွှင်တော်တော့ပ်ကတော့ ကိုဗစ်ကာလမှာဝင်ငွေမရှိတာကြောင့် အိပ်နေစဉ်အချိန်မှာ ဇနီးဖြစ်သူက မကျေနပ်လို့ ရေနွေးပူနဲ့လောင်းချခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မင်းသားကြီး ရန်အောင်ရဲ့စေတနာသဒ္ဒါတရားအတွက် သာဓုခေါ်ဆိုပေးကြပါဦးနော်။
crd-Panpyoelat #Myanmar_Online_News
0 comments:
Post a Comment