ဇွန်လ ၂၇ ရက်နေ့တွင် အမေရိကန်တိုက်လေယာဉ်များသည် အလက်စကာ ပြည်နယ်အနီးတစ်ဝိုက် ပျံသန်းနေသည့် ရုရှားကင်းထောက်လေယာဉ် ၄ စင်းအား ကြားဖြတ်ဟန့်တားခဲ့ကြောင်း အမေရိကန်အရာရှိများမှ ပြောကြားခဲ့ပါသည်။
ရုရှားနိုင်ငံထုတ် Tu-142 ရေကြောင်း ကင်းထောက်လေယာဉ်သည် အလက်စကာ ပြည်နယ်ရှိ Aleutian ကျွန်းကွင်းဆက်၏ တောင်ဘက် ၆၅ မိုင်အတွင်း ရောက်ရှိခဲ့ပြီး အလက်စကာ လေကြောင်းစုံစမ်းထောက်လှမ်းရေးဇုန် (ADIZ) တွင် ၈ နာရီကြာ ပျံသန်းနေခဲ့ပါသည်။
သို့သော် ၎င်းကင်းထောက်လေယာဉ်များသည် နိုင်ငံတကာလေပိုင်နက်ထဲတွင် ရှိနေပြီး အမေရိကန် သို့မဟုတ် ကနေဒါ လေပိုင်နက်အတွင်း ဝင်ရောက်ခဲ့ခြင်းမရှိကြောင်း မြောက်အမေရိက လေကြောင်းကာကွယ်ရေးဌာနချုပ် (NORAD) မှ Twitter ၌ ပြောကြားခဲ့သည်။
လေကြောင်းစုံစမ်းထောက်လှမ်းရေးဇုန် (ADIZ) သည် ပတ်ဝန်းကျင်နယ်နိမိတ်ရှိ မိတ်ဖက်နိုင်ငံတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသောနိုင်ငံများမှ လေတပ်များ၏ လေကြောင်းလာသွားမှုများကို စောင့်ကြည့်စစ်ဆေးနိုင်သောကြောင့် ရန်လိုသည့်လှုပ်ရှားမှုများအား တုံ့ပြန်ဆောင်ရွက်နိုင်ရန် အချိန်ပိုရှိပါသည်။
အမေရိကန်နိုင်ငံသည် လေကြောင်းစုံစမ်းထောက်လှမ်းရေးဇုန် (ADIZ) ၄ ခုကို တည်ထောင်ခဲ့ပြီး နိုင်ငံ ၁၂ နိုင်ငံ သို့မဟုတ် အခြားနိုင်ငံများသည်လည်း ကိုယ်ပိုင် ထောက်လှမ်းရေးဇုန်များကို တည်ထောင်ခဲ့ပါသည်။
အမေရိကန်လေယာဉ်များသည် ယခုလအတွင်း အလက်စကာပြည်နယ်အနီးရှိ ရုရှားတိုက်လေယာဉ်များအား ၄ ကြိမ်မြောက် ကြားဖြတ်ဟန့်တားခဲ့ပြီးဖြစ်သည်။
အမေရိကန် B-1 ဗုံးကြဲလေယာဉ် ၂ စင်းသည် ရုရှားနိုင်ငံအနီးရှိ Baltic ပင်လယ် နှင့် ပင်လယ်နက်တို့တွင် ပျံသန်းခဲ့သည့် အတွက် ရုရှားလေယာဉ်များမှ ကြားဖြတ် ဟန့်တားခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ မေလ ၂၉ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါသည်။
source-Channel News Asia #Myanmar_Online_News
>>zawgyi<<
အလက်စကာပြည်နယ်ရှိ ရုရှားတိုက်လေယာဉ်များအား အမေရိကန်နိုင်ငံမှ ကြားဖြတ် ဟန့်တားခဲ့
Sunday, June 28, 2020

0 comments:
Post a Comment