Sunday, June 28, 2020

ပြည်ပပြန် ဆောက်လုပ်ရေးလုပ်သားများအား ပြည်တွင်းကုမ္ပဏီများတွင် အလုပ်ဝင်ရန် ဖိတ်ခေါ်

ပြည်ပမှပြန်လာသော ဆောက်လုပ်ရေးလုပ်သားများ အား ပြည်တွင်းဆောက်လုပ်ရေး ကုမ္ပဏီ ၂,၀၀၀ ကျော်တွင် ဝင် ရောက်လုပ်ကိုင်ရန် ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်က ဇွန်လ ၂၇ ရက်၌ဖိတ် ခေါ်ခဲ့ကြောင်း သိရသည်။
အလုပ်အကိုင်အတွက် အင်ဂျင်နီယာများ၊ ကျွမ်းကျင်လုပ်သားများနှင့် ဆောက်လုပ်ရေးလုပ်သားဟူ၍ သုံးမျိုးပါဝင်ပြီး COVID -19 ကြောင့် ပြည်ပမှပြန်လာပြီး အလုပ်လက်မဲ့ဖြစ်သူများကို အလုပ်အကိုင် ဖန်တီးပေးရန်ဖြစ် သည်ဟု အဆိုပါအသင်းချုပ်က ဆိုသည်။
COVID-19 ကြောင့်ဆောက် လုပ်ရေးလုပ်သား ၅,၀၀၀ ခန့် မြန်မာနိုင်ငံသို့ပြန်လာခဲ့ပြီး ထိုအထဲမှ ပြည်တွင်းကုမ္ပဏီများတွင် လုပ်ကိုင်ရန် စိတ်ဝင်စားသူများကို ဖိတ်ခေါ်ခြင်းဖြစ်သည်။ လုပ်သား အရေအတွက်အပေါ် မူတည်၍ သက်ဆိုင်ရာကုမ္ပဏီများတွင် ခွဲဝေချထားမည်ဟုဆိုသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုရှိ အဆိုပါကုမ္ပဏီများ၌ အလုပ်လုပ်လိုသူများသည် အသင်း ချုပ်ရုံးခန်းသို့ ဇူလိုင် ၁၅ ရက် နောက်ဆုံးထား ဆက်သွယ်ပေးရ မည်ဖြစ်သည်။ အသင်းချုပ်ဖုန်း မှာ ၀၉-၈၉၃၂၁၇၁၀၈, ၀၉-၈၉၃၂၁၇၁၀၉, ၀၉-၈၉၃၂၁၇၁၁၀ တို့ဖြစ်ပြီး အီး မေးလ်မှာ admin@mcef.org.mm နှင့် mcef1996@gmail.com တို့ဖြစ်သည်။
ကိုဗစ်ကာအတွင်း ပိတ် သိမ်းခဲ့သည့် စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင် ၅,၇၀၀ ကျော်ရှိ ပြီး အလုပ်လက်မဲ့ဖြစ် သွားသည့် အလုပ်သမား ၁၄၀,၀၀၀ ကျော်ရှိ သည်။ အလုပ်လက်မဲ့စာရင်း သည် ပြည်ပမှပြန်လာသူတစ် သိန်းကျော်စာရင်းပါ ထည့်သွင်း တွက်ချက်မည်ဆိုပါက အလုပ် လက်မဲ့ဦးရေ နှစ်သိန်းကျော်ရှိနိုင် ကြောင်း အလုပ်သမားဦးစီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုး အောင်ကပြောသည်။
Ref-7daynews #Myanmar_Online_News
>>zawgyi<<
ပြည်ပပြန် ဆောက်လုပ်ရေးလုပ်သားများအား ပြည်တွင်းကုမ္ပဏီများတွင် အလုပ်ဝင်ရန် ဖိတ်ခေါ်
Sunday, June 28, 2020
ပြည်ပမှပြန်လာသော ဆောက်လုပ်ရေး လုပ်သားများ အား ပြည်တွင်းဆောက်လုပ်ရေး ကုမ္ပဏီ ၂,၀၀၀ ကျော်တွင် ဝင် ရောက်လုပ်ကိုင်ရန် ဆောက်လုပ် ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်က ဇွန်လ ၂၇ ရက်၌ဖိတ် ခေါ်ခဲ့ကြောင်း သိရသည်။
အလုပ်အကိုင်အတွက် အင်ဂျင်နီယာများ၊ ကျွမ်းကျင်လုပ်သားများနှင့် ဆောက်လုပ်ရေးလုပ်သားဟူ၍ သုံးမျိုးပါဝင်ပြီး COVID -19 ကြောင့် ပြည်ပမှပြန်လာပြီး အလုပ်လက်မဲ့ဖြစ်သူများကို အလုပ်အကိုင် ဖန်တီးပေးရန်ဖြစ် သည်ဟု အဆိုပါအသင်းချုပ်က ဆိုသည်။
COVID-19 ကြောင့်ဆောက် လုပ်ရေးလုပ်သား ၅,၀၀၀ ခန့် မြန်မာနိုင်ငံသို့ပြန်လာခဲ့ပြီး ထိုအထဲမှ ပြည်တွင်းကုမ္ပဏီများတွင် လုပ်ကိုင်ရန် စိတ်ဝင်စားသူများကို ဖိတ်ခေါ်ခြင်းဖြစ်သည်။ လုပ်သား အရေအတွက်အပေါ် မူတည်၍ သက်ဆိုင်ရာကုမ္ပဏီများတွင် ခွဲဝေချထားမည်ဟုဆိုသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုရှိ အဆိုပါကုမ္ပဏီများ၌ အလုပ်လုပ်လိုသူများသည် အသင်း ချုပ်ရုံးခန်းသို့ ဇူလိုင် ၁၅ ရက် နောက်ဆုံးထား ဆက်သွယ်ပေးရ မည်ဖြစ်သည်။ အသင်းချုပ်ဖုန်း မှာ ၀၉-၈၉၃၂၁၇၁၀၈, ၀၉-၈၉၃၂၁၇၁၀၉, ၀၉-၈၉၃၂၁၇၁၁၀ တို့ဖြစ်ပြီး အီး မေးလ်မှာ admin@mcef.org.mm နှင့် mcef1996@gmail.com တို့ဖြစ်သည်။
ကိုဗစ်ကာအတွင်း ပိတ် သိမ်းခဲ့သည့် စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင် ၅,၇၀၀ ကျော်ရှိ ပြီး အလုပ်လက်မဲ့ဖြစ် သွားသည့် အလုပ်သမား ၁၄၀,၀၀၀ ကျော်ရှိ သည်။ အလုပ်လက်မဲ့စာရင်း သည် ပြည်ပမှပြန်လာသူတစ် သိန်းကျော်စာရင်းပါ ထည့်သွင်း တွက်ချက်မည်ဆိုပါက အလုပ် လက်မဲ့ဦးရေ နှစ်သိန်းကျော်ရှိနိုင် ကြောင်း အလုပ်သမားဦးစီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုး အောင်ကပြောသည်။
Ref-7daynews #Myanmar_Online_News

0 comments:

Post a Comment