Sunday, June 28, 2020

မြန်မာ့တောင်သူလယ်သမားတွေအတွက် ဒေါ်လာသန်း(၂၀၀)ကို ကမ္ဘာ့ဘဏ် ချေးမည်

ကိုဗစ်ကြောင့် ထိခိုက်ခဲ့တဲ့ မြန်မာနိုင်ငံကတောင်သူလယ်သမားတွေကို ချေးငွေ အမေရိကန်ဒေါ်လာ သန်း (၂၀၀)ပေးဖို့ အတည်ပြုလိုက်တဲ့အကြောင်း ကမ္ဘာ့ဘဏ်က ဇွန်လ(၂၇)ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်ကြောင်း သိရပါတယ်။
"ကိုဗစ်ကြောင့် နောက်ထပ်(၃)လကနေ(၆)လအတွင်း ဝင်ငွေတွေဆက်ကျနေမယ်ဆိုရင် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်နေတဲ့ မိသားစုတွေကြား ဆင်းရဲနွမ်းပါးတဲ့ လူဦးရေ နှစ်သန်းကနေ လေးသန်းအထိ တိုးလာနိုင်တယ် အခု ထောက်ပံမှုက အကျပ်အတည်းတွေကနေ ထွက်ဖို့ ကူညီပေးရာမှာ အထောက်အကူပြုမယ် လို့ယုံကြည်တယ် " လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ၊ ကမ္ဘာဒီးယားနဲ့ လာအိုနိုင်ငံဆိုင်ရာဌာနေ ညွှန်ကြားရေးမှူး မာရီယမ်ရှာမန် က ပြောပါတယ်။
အခု ထောက်ပံ့မှုမှာတော့ မြေယာအနည်းငယ်ပိုင်ဆိုင်လုပ်ကိုင်နိုင်တဲ့ လယ်သမားတွေ၊ အမျိုးသမီးတွေနဲ့တခြားအားနည်းတဲ့ အုပ်စုတွေပါဝင်လာဖို့ အလေးထားဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။
>>zawgyi<<

0 comments:

Post a Comment