ပဲခူးတိုင်းဒေသကြီး၊ ဆွာမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၌ တပ်မတော်မှ အုပ်ချုပ်မှုလုပ်ငန်းများဆောင်ရွက်နေသည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ၁ စီးတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့မှ ရန်ကုန်မြို့သို့ အုပ်ချုပ်မှုကိစ္စများဆောင်ရွက်ရန် မောင်းနှင်လာသည့် တပ်မတော်မှ မော်တော်ယာဉ် ၂ စီးသည် ယနေ့ နံနက် ၁၁ နာရီခန့်တွင် ဆွာမြို့အထွက် ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်၊ (၁၈၄/၂)နှင့် (၁၈၄/၃) အကြား လမ်းကွေ့နေရာသို့အရောက်၌ ဆန့်ကျင်ဘက်ယာဉ်ကြောမှ ဆွာမြို့နယ်၊ ၃ ရပ်ကွက်နေ ဦးဘိုဘို(ဘ)ဦးဝေလု၊ (၂၈ နှစ်)မောင်းနှင်လာသော Yunde အမျိုးအစား လိုင်စင်မဲ့မော်တော်ဆိုင်ကယ်သည် လမ်းအကွေ့ဖြစ်သောကြောင့် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောပေါ်သို့ ရောက်ရှိကာ တပ်မတော်မှ အုပ်ချုပ်မှုမော်တော်ယာဉ် ၁ စီးအား ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူမှာ ဆိုင်ကယ်ဦးထုပ် ဆောင်းထားခြင်းမရှိသဖြင့် ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ နှုတ်ခမ်း၊ မေးစေ့ပေါက်ပြဲဒဏ်ရာတို့ဖြင့် ဖြစ်စဉ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
>>zawgyi<<
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆိုင်ကယ် ၁ စီးမှ အရှိန်မထိန်းနိုင်ဘဲ ဆန့်ကျင်ဘက်ယာဉ်ကြောမှ တပ်မတော်ယာဉ် တစ်စီးအား တိုက်မိမှုဖြစ်ပွား
Sunday, June 28, 2020
ပဲခူးတိုင်းဒေသကြီး၊ ဆွာမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၌ တပ်မတော်မှ အုပ်ချုပ်မှုလုပ်ငန်းများဆောင်ရွက်နေသည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ၁ စီးတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့မှ ရန်ကုန်မြို့သို့ အုပ်ချုပ်မှုကိစ္စများဆောင်ရွက်ရန် မောင်းနှင်လာသည့် တပ်မတော်မှ မော်တော်ယာဉ် ၂ စီးသည် ယနေ့ နံနက် ၁၁ နာရီခန့်တွင် ဆွာမြို့အထွက် ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်၊ (၁၈၄/၂)နှင့် (၁၈၄/၃) အကြား လမ်းကွေ့နေရာသို့အရောက်၌ ဆန့်ကျင်ဘက်ယာဉ်ကြောမှ ဆွာမြို့နယ်၊ ၃ ရပ်ကွက်နေ ဦးဘိုဘို(ဘ)ဦးဝေလု၊ (၂၈ နှစ်)မောင်းနှင်လာသော Yunde အမျိုးအစား လိုင်စင်မဲ့မော်တော်ဆိုင်ကယ်သည် လမ်းအကွေ့ဖြစ်သောကြောင့် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောပေါ်သို့ ရောက်ရှိကာ တပ်မတော်မှ အုပ်ချုပ်မှုမော်တော်ယာဉ် ၁ စီးအား ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူမှာ ဆိုင်ကယ်ဦးထုပ် ဆောင်းထားခြင်းမရှိသဖြင့် ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ နှုတ်ခမ်း၊ မေးစေ့ပေါက်ပြဲဒဏ်ရာတို့ဖြင့် ဖြစ်စဉ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
0 comments:
Post a Comment