Sunday, June 28, 2020

သီတဂူဆရာတော်ကြီးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အား ကျေးဇူးတင်ရှိခြင်း (Lockdown ကာလ အိန္ဒိယနိုင်ငံတွင် ပိတ်မိခဲ့စဉ်က ကိုယ်တွေ့ဖြစ်ရပ်)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရှားနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာပိတ်မိနေတဲ့ ရုရှားနိုင်ငံသား ၁၉ ဦးကို လူသားချင်းစာနာစိတ်ဖြင့် တစ်ပါတည်းခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းတွေကို တစ်နေ့က ဖတ်လိုက်ရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာရုရှားသံရုံးကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ကျေးဇူးအထူးတင်ကြောင်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။
တကယ့်ကို မင်္ဂလာရှိပြီး ချမ်းမြေ့စရာကောင်းတဲ့သတင်းတွေမို့ ဖတ်ရသူအပေါင်း ကြည်နူးပီတီဖြစ် ကြမှာမုချပါ။
ကိုယ့်ဒေသကို ပြန်ချင်ပြီး အချိန်ကြာမြင့်စွာပိတ်မိနေပြီးမှ ဌာနေပြန်ခွင့်ရတဲ့ ကံထူးရှင် ရုရှားနိုင်ငံသား ၁၉ ဦး ရဲ့နေရာမှာ ဝင်ပြီးခံစားလိုက်ရင် ဘယ်လောက်တောင်ဝမ်းသာ လိုက်မလဲ။ လုံခြုံရေး၊ အစောင့်အကြပ်၊ အစစ်အဆေးတွေကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ လေယာဉ်အတူစီးခွင့်ရဖို့ဆိုတာ အိပ်မက်တောင် မက်ဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ သဘောထားကြီးတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သူ့လုံခြုံရေးကိုပင်မမှုဘဲ ဒုက္ခရောက်သူကိုကူညီဖို့ ဆုံးဖြတ်လိုက်ဟန်ရှိပါတယ်။ အဲဒီ ရုရှားနိုင်ငံသား ၁၉ ယောက်ဘယ်လိုခံစားမယ် ဆိုတာ ကျွန်တော် ကောင်းကောင်း သိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် တစ်လောကမှ ကိုယ့်နိုင်ငံရဲ့ အဝေးတစ်နေရာမှာ ပိတ်မိပြီး ပြန်ရောက်လာခဲ့သူမို့ပါ။
ကျွန်တော်ဟာဒီနှစ်အစောပိုင်းမှာပဲ အိန္ဒိယနိုင်ငံကိုဆေးကုဖို့ထွက်လာခဲ့ပါတယ်။ နိုင်ငံခြား မှာဆေးကုတယ်ဆိုလို့ ပိုက်ဆံတွေကြီးကြီးတက်ချမ်းသာသူမဟုတ်ပါဘူး။ အသဲရောဂါ ကြောင့် Liver transplant အတွက် မဖြစ်မနေကုရမှာမို့ ရှိစုမဲ့စုနဲ့ထွက်ခဲ့ရသူပါ။ ကံဆိုးမ သွားရာမိုးလိုက်လို့ရွာဆိုသလိုပဲ ၂ လ ခွဲလောက်ကြာတဲ့ အချိန်မှာ India အစိုးရက မတ်လ ၂၂ ရက်ကစပြီး ညအပြင်မထွက်ရ အမိန့် ထုတ်ပြန်ကာ မတ်လ ၂၄ ရက်မှစကာ ဧပြီလ ၁၄ ရက်အထိ Lockdown လုပ်လိုက်ပါတယ်။ အဲဒီနောက် ဧပြီလ ၁၅ ရက် ကနေ မေလ ၃ ရက်အထိ Lockdown ကာလ ထပ်တိုးခဲ့ပြီး အခုဆို ရင် ၅ ကြိမ် အထိ သက်တမ်းတိုးထားပါတယ်။ တစ်မြို့နဲ့တစ်မြို့ သွားလာခွင့်ပိတ်ထားပြီး အိမ်အပြင် ထွက်သူတွေကိုပါ ရဲက ရိုက်နှက်တာတွေ၊ ဖမ်းဆီးတာတွေ လုပ်တဲ့အထိပါ။ ကျွန်တော် အပါအဝင်အိန္ဒိယရောက်မြန်မာတွေ၊ စာသင်သားသံဃာတွေအားလုံးစားရေးသောက်ရေး၊ နေရေးထိုင်ရေးနဲ့ ငွေရေးကြေးရေးကအစ ဒုက္ခအကြီးအကျယ် တွေ့ခဲ့ရ ပါတယ်။
ကျွန်တော့်ရောဂါအတွက် ဆေးကုသစရိတ်က မြန်မာငွေနဲ့ဆိုရင် သိန်း ၆၀၀ ကျော်ကုန် ပါတယ်။ ဟိုတယ်တွေမှာ မတည်းနိုင်လို့ အခန်းငှားနေခဲ့ရတာဖြစ်ပြီး တစ်လကို မြန်မာ ငွေ ၁၂ သိန်းကျော်ပေးရပါတယ်။ စားတာသောက်တာကိုကိုယ့်ဘာကို ချက်စားခဲ့ရ ပါတယ်။ မြန်မာအတော်များများက ဟိုတယ်မှာတည်းတာပဲဖြစ်ဖြစ်၊ အခန်းငှားတာပဲ ဖြစ်ဖြစ် ကိုယ့်ဘာကိုယ်ပဲချက်စားကြပါတယ်။ ဘာလို့လဲဆိုတော့ အိန္ဒိယကဆိုင်တွေမှာ ကုလားစာပဲရပြီး ၂ ရက်ထက်ပိုပြီး မစားနိုင်ပါဘူး။ တရုတ်စာ၊ ထိုင်းစာနဲ့ အနောက် တိုင်းအစားအစာ ဆိုတာကလည်း အိန္ဒိယနည်းအိန္ဒိယဟန်နဲ့ မဆလာနံ့ အပါအဝင် အခြားအနံ့ပေါင်းစုံနဲ့ ချက်ထားတာတွေကြောင့် စားလို့အဆင်မပြေပါဘူး။ ဒါကြောင့် အားလုံးက ကိုယ့်ဘာကို ချက်စားကြရပါတယ်။ အဲဒီအချိန်မှာ Lockdown လုပ်လိုက် တော့ ဘယ်မှလည်းထွက်မရ၊ ဘာမှလည်းဝယ်မရ၊ လူနာကိုယ်တိုင်တောင် တစ်နေ့ ခေါက်ဆွဲပြုတ် တစ်ထုတ်ပဲစားပြီး အသက်ဆက်ခဲ့ရတဲ့အထိပါ။ အိတ်ထဲမှာ ကျန်တဲ့ ပိုက်ဆံနဲ့ ပြန်ဖို့လေယာဉ်စရိတ်နဲ့ နေရအုံးမယ့်ရက်တွေကိုတွက်ပြီး တစ်နေ့တစ်နေ့ အိပ်မပျော်ခဲ့ပါဘူး။ သူများနိုင်ငံ သူများဒေသမှာ ကူကယ်ရာမဲ့ပြီး ငရဲကျခဲ့ရတဲ့ နေ့ရက် တွေပါ။ ဒီအကြောင်းတွေကို ပြန်တွေးရင် အခုထိ ကြက်သီးထမိတုန်းပါ။
အဲဒီလို လမ်းပျောက်နေချိန်မှာပဲ သီရိလင်္ကာနဲ့ အိန္ဒိယကသံဃာတော်တွေက သီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရဆီကို အကူအညီတောင်းတယ် ဆိုတဲ့အကြောင်းနဲ့ သီတဂူဆရာတော်ဘုရားကြီးကတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မေတ္တာရပ်ခံလိုက်ပြီး စာသင်သားသံဃာတော်များ ပြန်လည်ပင့်ဆောင်နိုင်ရန်အတွက် လိုအပ်သည်များကို ဧပြီလ ၁ ရက်နေ့ မနက်ခင်းက စတင်ဆောင်ရွက်နေပြီဆိုတဲ့သတင်းတွေဖတ်လိုက်ရပါတယ်။ ရေနစ်နေသူအတွက် ကောက်ရိုး တစ်မျှင် ရလိုက်သလိုပါပဲ။ ဘုရားမှာနေ့စဉ်ဆုတောင်းခဲ့သမျှ ဆုတောင်းပြည့်ပြီပေါ့။
အဲဒီနောက် ဧပြီ ၂ ရက်နေ့ကစပြီး စစ်သံမှူး ဗိုလ်မှူးချုပ် သိန်းဇော်ဦးစီးကာ အိန္ဒိယနိုင်ငံ မှာ ပိတ်မိနေတဲ့ သံဃာတော် အပါး ၂၀၀ ကျော်၊ သီလရှင် ၆ ပါးနဲ့ လူပုဂ္ဂိုလ်က ၄၀ ကျော်ရှိကို ကယ်ထုတ်ဖို့စလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံက MAI လေယာဉ် ၂ စင်းနဲ့ လာ ရောက်ခေါ်ယူခွင့်ကို ဧပြီလ ၁၈ ရက်က အိန္ဒိယအစိုးရထံမှခွင့်ပြုချက်ရရှိခဲ့ပြီး ဂါယာမှာ ၂၀ ရက်နေ့အရောက်လာစုကြရပါတယ်။ တချို့ဆိုရင် ၁၉ ရက်နေ့ကတည်းက ရောက်နေ ကြပါတယ်။ ဒေလီနဲ့ ဂါယာက မိုင်ပေါင်း ၁၂၀၀ ကျော်ဝေးပြီး ကားနဲ့ နာရီ ၂၀ ကျော် မောင်းရပါတယ်။ Lockdown ချထားပြီး ပြင်းပြင်းထန်ထန် ကန့်သတ်ထားတဲ့ နိုင်ငံမှာ ခရီးသွားလာခွင့်ရဖို့ မြန်မာစစ်သံရုံးကတပ်မတော်သားတွေ ပင်ပင်ပန်းပန်း ခက်ခက် ခဲခဲ လုပ်ပေးခဲ့ကြတာ တွေ့ခဲ့ရပါတယ်။
ဧပြီလ ၂၂ ရက်နေ့ ဂါယာမြို့လေဆိပ်မှာ မြန်မာသံဃာတော် ၂၁၀ ပါး၊ သာသနာ သီလ ရှင် ၆ ပါးနဲ့ လူပုဂ္ဂိုလ် ၄၂ ဦးတို့ကို အဆင့်ဆင့် လုံခြုံရေး၊ ကျန်းမာရေး စစ်ဆေးတာ တွေလုပ်ပြီး လာကြိုတဲ့ လေယာဉ် ၂ စီးပေါ်ကို သတ်မှတ်ထားတဲ့အတိုင်း စနစ်တကျ တက်စေခဲ့ပါတယ်။ အားလုံးက Mask တွေ တပ်ထားလို့ မျက်နှာကိုမမြင်ရပေမဲ့ မျက်ဝန်းတွေကတော့ အရောင်မတောက်ဘဲ ညှိုးငယ်နေကြပါတယ်။ Lockdown ကာလ သူများနိုင်ငံမှာပိတ်မိပြီး ဘယ်လောက်ဒုက္ခခံခဲ့ရလဲ၊ ဘယ်လောက်စိတ်ညစ်ခဲ့ရ လဲဆိုတော့ကိုမျက်ဝန်းတွေကပြောပြနေပါတယ်။ လေယာဉ်ကြီးဘီးလုံးလိမ့်ကာ ကောင်းကင် ပေါ်တက်သွားချိန်မှ အမျိုးသမီးတချို့ရဲ့ ငိုရှိုက်သံကြားရပြီး ကိုယ်တိုင်လည်းမျက်ရည် လည်ခဲ့ရပါတယ်၊။ ပြန်ရမှာသေချာပြီမို့ စိတ် ဒုန်းဒုန်းချပြီး ဝမ်းသာလို့ကျတဲ့မျက်ရည်ပါ။ လေယာဉ်ပေါ်မှာ သံဃာတော်တွေက တရားစာရွတ်တာ၊ တရားမှတ်တာတွေ လုပ်နေ ကြပါတယ်။ ကလေးအချို့ အိပ်နေကြပါတယ်။ ကျွန်တော်ကတော့ အိပ်မပျော်ခဲ့ပါဘူး။ မြန်မာ့မြေပေါ်ကို လေယာဉ်ဘီးမကျမချင်း ရင်ဘက်ထဲက အလုံးကြီးက မကျနိုင်သေး ပါဘူး။ မြန်မာစံတော်ချိန် ညနေ ၆ နာရီလောက် လေယာဉ်ကြီး တံတားဦးအပြည်ပြည် ဆိုင်ရာလေဆိပ်လေယာဉ်ပြေးလမ်းပေါ် ဆင်းလိုက်ပြီးဆိုတော့မှ အလုံးကြီးကျသွားပါ တော့တယ်။ လိုက်ပါလာသူအားလုံး ဝမ်းသာပျော်ရွှင်နေကြပါပြီ။
၂၁ Quarantine ဝင်ပြီး ကျန်းမာရေးစစ်ဆေးပြီးမှ အိမ်ပြန်ခွင့်ရမယ်လို့ သိရပါတယ်။ ကိုယ့်နိုင်ငံကိုယ့်ဒေသ ပြန်ရောက်ပြီမို့ Quarantine မကလို့ဘာပဲဝင်ဝင်ဘာမှ ဂရုမစိုက် တော့ပါဘူး။ ဒုက္ခငရဲခန်းကလွတ်အောင် လုပ်ပေးခဲ့တဲ့ သီတဂူဆရာတော်ဘုရားကြီးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုသာ စိတ်ထဲကနေအကြိမ်ကြိမ် ရှိခိုးဦးချမိပါတယ်။ ကျွန်တော့်လိုမျိုးပိတ်မိနေတဲ့ နိုင်ငံအနှံ့အပြားက ကမ္ဘာသူကမ္ဘာသားအပေါင်းလည်း လူသား ချင်းစာနာသူ သူတော်ကောင်းများနှင့် တွေ့ကြပါစေလို့စိတ်ထဲကနေ အစဉ်ဆုတောင်း ပေးနေပါတယ်။
>>zawgyi<<
သီတဂူဆရာတော်ကြီးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အား ကျေးဇူးတင်ရှိခြင်း
(Lockdown ကာလ အိန္ဒိယနိုင်ငံတွင် ပိတ်မိခဲ့စဉ်က ကိုယ်တွေ့ဖြစ်ရပ်)
Sunday, June 28, 2020
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရှားနိုင်ငံခရီးစဉ် အတွင်း မြန်မာနိုင်ငံမှာပိတ်မိနေတဲ့ ရုရှားနိုင်ငံသား ၁၉ ဦးကို လူသား ချင်းစာနာစိတ် ဖြင့် တစ်ပါတည်းခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းတွေကို တစ်နေ့က ဖတ်လိုက်ရ ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာရုရှားသံရုံးကလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ကျေးဇူးအထူးတင်ကြောင်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။
တကယ့်ကို မင်္ဂလာရှိပြီး ချမ်းမြေ့စရာကောင်းတဲ့သတင်းတွေမို့ ဖတ်ရသူအပေါင်း ကြည်နူးပီတီဖြစ် ကြမှာမုချပါ။
ကိုယ့်ဒေသကို ပြန်ချင်ပြီး အချိန်ကြာမြင့်စွာပိတ်မိနေပြီးမှ ဌာနေပြန်ခွင့်ရတဲ့ ကံထူးရှင် ရုရှားနိုင်ငံသား ၁၉ ဦး ရဲ့နေရာမှာ ဝင်ပြီးခံစားလိုက်ရင် ဘယ်လောက်တောင်ဝမ်းသာ လိုက်မလဲ။ လုံခြုံရေး၊ အစောင့်အကြပ်၊ အစစ်အဆေးတွေကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ လေယာဉ်အတူစီးခွင့်ရဖို့ဆိုတာ အိပ်မက်တောင် မက်ဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ သဘောထားကြီးတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သူ့လုံခြုံရေးကိုပင်မမှုဘဲ ဒုက္ခရောက်သူကိုကူညီဖို့ ဆုံးဖြတ်လိုက်ဟန်ရှိပါတယ်။ အဲဒီ ရုရှားနိုင်ငံသား ၁၉ ယောက်ဘယ်လိုခံစားမယ် ဆိုတာ ကျွန်တော် ကောင်းကောင်း သိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် တစ်လောကမှ ကိုယ့်နိုင်ငံရဲ့ အဝေးတစ်နေရာမှာ ပိတ်မိပြီး ပြန်ရောက်လာခဲ့သူမို့ပါ။
ကျွန်တော်ဟာဒီနှစ်အစောပိုင်းမှာပဲ အိန္ဒိယနိုင်ငံကိုဆေးကုဖို့ထွက်လာခဲ့ပါတယ်။ နိုင်ငံခြား မှာဆေးကုတယ်ဆိုလို့ ပိုက်ဆံတွေကြီးကြီးတက်ချမ်းသာသူမဟုတ်ပါဘူး။ အသဲရောဂါ ကြောင့် Liver transplant အတွက် မဖြစ်မနေကုရမှာမို့ ရှိစုမဲ့စုနဲ့ထွက်ခဲ့ရသူပါ။ ကံဆိုးမ သွားရာမိုးလိုက်လို့ရွာဆိုသလိုပဲ ၂ လ ခွဲလောက်ကြာတဲ့ အချိန်မှာ India အစိုးရက မတ်လ ၂၂ ရက်ကစပြီး ညအပြင်မထွက်ရ အမိန့် ထုတ်ပြန်ကာ မတ်လ ၂၄ ရက်မှစကာ ဧပြီလ ၁၄ ရက်အထိ Lockdown လုပ်လိုက်ပါတယ်။ အဲဒီနောက် ဧပြီလ ၁၅ ရက် ကနေ မေလ ၃ ရက်အထိ Lockdown ကာလ ထပ်တိုးခဲ့ပြီး အခုဆို ရင် ၅ ကြိမ် အထိ သက်တမ်းတိုးထားပါတယ်။ တစ်မြို့နဲ့တစ်မြို့ သွားလာခွင့်ပိတ်ထားပြီး အိမ်အပြင် ထွက်သူတွေကိုပါ ရဲက ရိုက်နှက်တာတွေ၊ ဖမ်းဆီးတာတွေ လုပ်တဲ့အထိပါ။ ကျွန်တော် အပါအဝင်အိန္ဒိယရောက်မြန်မာတွေ၊ စာသင်သားသံဃာတွေအားလုံးစားရေးသောက်ရေး၊ နေရေးထိုင်ရေးနဲ့ ငွေရေးကြေးရေးကအစ ဒုက္ခအကြီးအကျယ် တွေ့ခဲ့ရ ပါတယ်။
ကျွန်တော့်ရောဂါအတွက် ဆေးကုသစရိတ်က မြန်မာငွေနဲ့ဆိုရင် သိန်း ၆၀၀ ကျော်ကုန် ပါတယ်။ ဟိုတယ်တွေမှာ မတည်းနိုင်လို့ အခန်းငှားနေခဲ့ရတာဖြစ်ပြီး တစ်လကို မြန်မာ ငွေ ၁၂ သိန်းကျော်ပေးရပါတယ်။ စားတာသောက်တာကိုကိုယ့်ဘာကို ချက်စားခဲ့ရ ပါတယ်။ မြန်မာအတော်များများက ဟိုတယ်မှာတည်းတာပဲဖြစ်ဖြစ်၊ အခန်းငှားတာပဲ ဖြစ်ဖြစ် ကိုယ့်ဘာကိုယ်ပဲချက်စားကြပါတယ်။ ဘာလို့လဲဆိုတော့ အိန္ဒိယကဆိုင်တွေမှာ ကုလားစာပဲရပြီး ၂ ရက်ထက်ပိုပြီး မစားနိုင်ပါဘူး။ တရုတ်စာ၊ ထိုင်းစာနဲ့ အနောက် တိုင်းအစားအစာ ဆိုတာကလည်း အိန္ဒိယနည်းအိန္ဒိယဟန်နဲ့ မဆလာနံ့ အပါအဝင် အခြားအနံ့ပေါင်းစုံနဲ့ ချက်ထားတာတွေကြောင့် စားလို့အဆင်မပြေပါဘူး။ ဒါကြောင့် အားလုံးက ကိုယ့်ဘာကို ချက်စားကြရပါတယ်။ အဲဒီအချိန်မှာ Lockdown လုပ်လိုက် တော့ ဘယ်မှလည်းထွက်မရ၊ ဘာမှလည်းဝယ်မရ၊ လူနာကိုယ်တိုင်တောင် တစ်နေ့ ခေါက်ဆွဲပြုတ် တစ်ထုတ်ပဲစားပြီး အသက်ဆက်ခဲ့ရတဲ့အထိပါ။ အိတ်ထဲမှာ ကျန်တဲ့ ပိုက်ဆံနဲ့ ပြန်ဖို့လေယာဉ်စရိတ်နဲ့ နေရအုံးမယ့်ရက်တွေကိုတွက်ပြီး တစ်နေ့တစ်နေ့ အိပ်မပျော်ခဲ့ပါဘူး။ သူများနိုင်ငံ သူများဒေသမှာ ကူကယ်ရာမဲ့ပြီး ငရဲကျခဲ့ရတဲ့ နေ့ရက် တွေပါ။ ဒီအကြောင်းတွေကို ပြန်တွေးရင် အခုထိ ကြက်သီးထမိတုန်းပါ။
အဲဒီလို လမ်းပျောက်နေချိန်မှာပဲ သီရိလင်္ကာနဲ့ အိန္ဒိယကသံဃာတော်တွေက သီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရဆီကို အကူအညီတောင်းတယ် ဆိုတဲ့အကြောင်းနဲ့ သီတဂူဆရာတော်ဘုရားကြီးကတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မေတ္တာရပ်ခံလိုက်ပြီး စာသင်သားသံဃာတော်များ ပြန်လည်ပင့်ဆောင်နိုင်ရန်အတွက် လိုအပ်သည်များကို ဧပြီလ ၁ ရက်နေ့ မနက်ခင်းက စတင်ဆောင်ရွက်နေပြီဆိုတဲ့သတင်းတွေဖတ်လိုက်ရပါတယ်။ ရေနစ်နေသူအတွက် ကောက်ရိုး တစ်မျှင် ရလိုက်သလိုပါပဲ။ ဘုရားမှာနေ့စဉ်ဆုတောင်းခဲ့သမျှ ဆုတောင်းပြည့်ပြီပေါ့။
အဲဒီနောက် ဧပြီ ၂ ရက်နေ့ကစပြီး စစ်သံမှူး ဗိုလ်မှူးချုပ် သိန်းဇော်ဦးစီးကာ အိန္ဒိယနိုင်ငံ မှာ ပိတ်မိနေတဲ့ သံဃာတော် အပါး ၂၀၀ ကျော်၊ သီလရှင် ၆ ပါးနဲ့ လူပုဂ္ဂိုလ်က ၄၀ ကျော်ရှိကို ကယ်ထုတ်ဖို့စလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံက MAI လေယာဉ် ၂ စင်းနဲ့ လာ ရောက်ခေါ်ယူခွင့်ကို ဧပြီလ ၁၈ ရက်က အိန္ဒိယအစိုးရထံမှခွင့်ပြုချက်ရရှိခဲ့ပြီး ဂါယာမှာ ၂၀ ရက်နေ့အရောက်လာစုကြရပါတယ်။ တချို့ဆိုရင် ၁၉ ရက်နေ့ကတည်းက ရောက်နေ ကြပါတယ်။ ဒေလီနဲ့ ဂါယာက မိုင်ပေါင်း ၁၂၀၀ ကျော်ဝေးပြီး ကားနဲ့ နာရီ ၂၀ ကျော် မောင်းရပါတယ်။ Lockdown ချထားပြီး ပြင်းပြင်းထန်ထန် ကန့်သတ်ထားတဲ့ နိုင်ငံမှာ ခရီးသွားလာခွင့်ရဖို့ မြန်မာစစ်သံရုံးကတပ်မတော်သားတွေ ပင်ပင်ပန်းပန်း ခက်ခက် ခဲခဲ လုပ်ပေးခဲ့ကြတာ တွေ့ခဲ့ရပါတယ်။
ဧပြီလ ၂၂ ရက်နေ့ ဂါယာမြို့လေဆိပ်မှာ မြန်မာသံဃာတော် ၂၁၀ ပါး၊ သာသနာ သီလ ရှင် ၆ ပါးနဲ့ လူပုဂ္ဂိုလ် ၄၂ ဦးတို့ကို အဆင့်ဆင့် လုံခြုံရေး၊ ကျန်းမာရေး စစ်ဆေးတာ တွေလုပ်ပြီး လာကြိုတဲ့ လေယာဉ် ၂ စီးပေါ်ကို သတ်မှတ်ထားတဲ့အတိုင်း စနစ်တကျ တက်စေခဲ့ပါတယ်။ အားလုံးက Mask တွေ တပ်ထားလို့ မျက်နှာကိုမမြင်ရပေမဲ့ မျက်ဝန်းတွေကတော့ အရောင်မတောက်ဘဲ ညှိုးငယ်နေကြပါတယ်။ Lockdown ကာလ သူများနိုင်ငံမှာပိတ်မိပြီး ဘယ်လောက်ဒုက္ခခံခဲ့ရလဲ၊ ဘယ်လောက်စိတ်ညစ်ခဲ့ရ လဲဆိုတော့ကိုမျက်ဝန်းတွေကပြောပြနေပါတယ်။ လေယာဉ်ကြီးဘီးလုံးလိမ့်ကာ ကောင်းကင် ပေါ်တက်သွားချိန်မှ အမျိုးသမီးတချို့ရဲ့ ငိုရှိုက်သံကြားရပြီး ကိုယ်တိုင်လည်းမျက်ရည် လည်ခဲ့ရပါတယ်၊။ ပြန်ရမှာသေချာပြီမို့ စိတ် ဒုန်းဒုန်းချပြီး ဝမ်းသာလို့ကျတဲ့မျက်ရည်ပါ။ လေယာဉ်ပေါ်မှာ သံဃာတော်တွေက တရားစာရွတ်တာ၊ တရားမှတ်တာတွေ လုပ်နေ ကြပါတယ်။ ကလေးအချို့ အိပ်နေကြပါတယ်။ ကျွန်တော်ကတော့ အိပ်မပျော်ခဲ့ပါဘူး။ မြန်မာ့မြေပေါ်ကို လေယာဉ်ဘီးမကျမချင်း ရင်ဘက်ထဲက အလုံးကြီးက မကျနိုင်သေး ပါဘူး။ မြန်မာစံတော်ချိန် ညနေ ၆ နာရီလောက် လေယာဉ်ကြီး တံတားဦးအပြည်ပြည် ဆိုင်ရာလေဆိပ်လေယာဉ်ပြေးလမ်းပေါ် ဆင်းလိုက်ပြီးဆိုတော့မှ အလုံးကြီးကျသွားပါ တော့တယ်။ လိုက်ပါလာသူအားလုံး ဝမ်းသာပျော်ရွှင်နေကြပါပြီ။
၂၁ Quarantine ဝင်ပြီး ကျန်းမာရေးစစ်ဆေးပြီးမှ အိမ်ပြန်ခွင့်ရမယ်လို့ သိရပါတယ်။ ကိုယ့်နိုင်ငံကိုယ့်ဒေသ ပြန်ရောက်ပြီမို့ Quarantine မကလို့ဘာပဲဝင်ဝင်ဘာမှ ဂရုမစိုက် တော့ပါဘူး။ ဒုက္ခငရဲခန်းကလွတ်အောင် လုပ်ပေးခဲ့တဲ့ သီတဂူဆရာတော်ဘုရားကြီးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုသာ စိတ်ထဲကနေအကြိမ်ကြိမ် ရှိခိုးဦးချမိပါတယ်။ ကျွန်တော့်လိုမျိုးပိတ်မိနေတဲ့ နိုင်ငံအနှံ့အပြားက ကမ္ဘာသူကမ္ဘာသားအပေါင်းလည်း လူသား ချင်းစာနာသူ သူတော်ကောင်းများနှင့် တွေ့ကြပါစေလို့စိတ်ထဲကနေ အစဉ်ဆုတောင်း ပေးနေပါတယ်။

0 comments:

Post a Comment