Sunday, June 28, 2020

မန္တလေးမြို့တွင် စုံတွဲအား သေနတ်ဖြင့် ပစ်ခတ်မှုတွင် ကျူးသူ လေးဦးကို ဖမ်းဆီးရမိ

မန္တလေးမြို့လယ်ကောင် ၂၆ ဘီ လမ်းပေါ်တွင် ညအချိန်၌ ဆိုင်ကယ်စီးလာသူ စုံတွဲအား ရည်းစားဟောင်းမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ကျူးလွန်ရာတွင် ပါဝင်ခဲ့သူ လေးဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
"ဟုတ်ကဲ့ သေနတ်နဲ့ပစ်တဲ့သူကို ဖမ်းမိပါပြီ။ စုစုပေါင်း လေးယောက်ပေါ့။ သိရသလောက်တော့ သေနတ်နဲ့ပစ်ခံရတဲ့ကောင်လေးရဲ့ ကောင်မလေးနဲ့ ရည်းစားဟောင်းတွေလို့ သိရပါတယ်။ လတ်တလော စစ်ပြီးသလောက်ပေါ့။ သေနတ်တွေဘယ်ကရတယ် ဘာညာဆိုတာကတော့ အကုန်ပြန်စစ်ပြီးမှပဲ သိရမှာ။ ညနေထဲက ကောင်လေးတွေက ခေါင်ရည်တွေဘာတွေသောက်ထားပြီး လမ်းမှာ သူ့ရည်းစားဟောင်းကိုတွေ့လိုက်လို့ ပစ်တယ်လို့ပြောတာပဲ"ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစိတ် တာဝန်ခံ ရဲအုပ် ဝင်းကျော်ဦးက တရားခံ ဖမ်းဆီးရမိမှုနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။
ဇွန်လ၂၇ ရက် ည ၈ နာရီခန့်က ၂၆ ဘီ လမ်း ၇၈ လမ်းနှင့် ၇၉ လမ်းကြားတွင် ပြည်ကြီးတံခွန်မြို့နယ်၌ နေထိုင်သည့် မောင်မိုးဟိန်းကို မောင်းနှင်လာသည့်ဆိုင်ကယ်နှင့် အနီးကပ်ဘေးမှရှိသည့် အခြားဆိုင်ကယ်ပေါ်မှ အမျိုးသားနှစ်ဦးက ပစ်ခတ်ခဲ့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဖခင်ဖြစ်သူက အောင်မြေသာစံမြို့နယ် အမှတ်(၂) နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ၃၀၇/၃၂၆ ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးလျက်ရှိသည်ဟု သိရသည်။
crd-Eleven Media Group #Myanmar_Online_News
>>zawgyi<<
မန္တလေးမြို့တွင် စုံတွဲအား သေနတ်ဖြင့် ပစ်ခတ်မှုတွင် ကျူးသူ လေးဦးကို ဖမ်းဆီးရမိ
Sunday, June 28, 2020
မန္တလေးမြို့လယ်ကောင် ၂၆ ဘီ လမ်းပေါ်တွင် ညအချိန်၌ ဆိုင်ကယ်စီးလာသူ စုံတွဲအား ရည်းစားဟောင်းမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ကျူးလွန်ရာတွင် ပါဝင်ခဲ့သူ လေးဦးကို ဖမ်းဆီး ရမိပြီဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
"ဟုတ်ကဲ့ သေနတ်နဲ့ပစ်တဲ့သူကို ဖမ်းမိပါပြီ။ စုစုပေါင်း လေးယောက်ပေါ့။ သိရသလောက်တော့ သေနတ်နဲ့ပစ်ခံရတဲ့ကောင်လေးရဲ့ ကောင်မလေးနဲ့ ရည်းစားဟောင်းတွေလို့ သိရပါတယ်။ လတ်တလော စစ်ပြီးသလောက်ပေါ့။ သေနတ်တွေဘယ်ကရတယ် ဘာညာဆိုတာကတော့ အကုန်ပြန်စစ်ပြီးမှပဲ သိရမှာ။ ညနေထဲက ကောင်လေးတွေက ခေါင်ရည်တွေဘာတွေသောက်ထားပြီး လမ်းမှာ သူ့ရည်းစားဟောင်းကိုတွေ့လိုက်လို့ ပစ်တယ်လို့ပြောတာပဲ"ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစိတ် တာဝန်ခံ ရဲအုပ် ဝင်းကျော်ဦးက တရားခံ ဖမ်းဆီးရမိမှုနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။
ဇွန်လ၂၇ ရက် ည ၈ နာရီခန့်က ၂၆ ဘီ လမ်း ၇၈ လမ်းနှင့် ၇၉ လမ်းကြားတွင် ပြည်ကြီးတံခွန်မြို့နယ်၌ နေထိုင်သည့် မောင်မိုးဟိန်းကို မောင်းနှင်လာသည့်ဆိုင်ကယ်နှင့် အနီးကပ်ဘေးမှရှိသည့် အခြားဆိုင်ကယ်ပေါ်မှ အမျိုးသားနှစ်ဦးက ပစ်ခတ်ခဲ့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဖခင်ဖြစ်သူက အောင်မြေသာစံမြို့နယ် အမှတ်(၂) နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ၃၀၇/၃၂၆ ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးလျက်ရှိသည်ဟု သိရသည်။
crd-Eleven Media Group #Myanmar_Online_News

0 comments:

Post a Comment