Wednesday, July 1, 2020

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ချီလီတွင် အလုပ်လက်မဲ့နှုန်း ၁၀-စုနှစ်တစ်ခုအတွင်း အမြင့်ဆုံးဖြစ်ခဲ့

ချီလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ဘေးကြောင့် ၁၀-စုနှစ်တစ်ခုအတွင်းမှာ အခုနှစ်အလုပ်လက်မဲ့နှုန်းဟာ အမြင့်ဆုံး ဖြစ်ခဲ့တယ်လို့ ချီလီနိုင်ငံရဲ့ အင်စတီကျူ့စာရင်းအင်းဌာနက မနေ့ဇွန် (၃၀) ရက်က ဖော်ပြပါတယ်။
အလုပ်လက်မဲ့နှုန်းဟာ မတ်လနဲ့ မေလအတွင်းမှာ (၁၁.၅) ရာခိုင်နှုန်း မြင့်တက်ခဲ့တာဖြစ်ပြီး၊ ဒါဟာ ၂၀၁၀ -ခုနှစ်ကတည်းက မြင့်တက်တဲ့ နှုန်းဖြစ်တယ်လို့ အဲဒီအင်တီကျူ့စာရင်းအင်းဌာနက ပြောပါတယ်။
အခုအခါ ဒီနှစ်မှာ အလုပ်လက်မဲ့နှုန်းဟာ (၃၅) ရာခိုင်နှုန်းနဲ့ အမြင့်ဆုံး မြင့်တက်ခဲ့တယ်လို့ အင်စတီကျူ့ စာရင်းအင်းဌာနက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ချီလီနိုင်ငံမှာ အခုလို အလုပ်လက်မဲ့နှုန်းများလာတဲ့အပေါ် အစိုးရက ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေကောင်းမွန်လာစေဖို့၊ အလုပ်အကိုင်ဖန်တီးရေးစွမ်းရည်ကို ပြန်လည်တည်ဆောက်ဖို့ နည်းလမ်းတစ်ခု ရှာဖွေသွားမယ်လို့ ချီလီစီးပွားရေးဝန်ကြီးက တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment