Wednesday, July 1, 2020

အိန္ဒိယတွင် ကောက်ပဲသီးနှံတွေကို ဖျက်ဆီးနေတဲ့ ကျိုင်းကောင်များကို ဒရုန်းယာဉ်ဖြင့် ပိုးသတ်ဆေးဖျန်း

အာဖရိက ကန္တာရကျိုင်းကောင်တွေ အိန္ဒိယကိုရောက်လာလို့ ကောက်ပဲသီးနှံတွေကို ဖျက်ဆီး နေတဲ့ ကျိုင်းကောင်တွေကို ထိန်းချုပ်ရေး ဒရုန်းယာဉ်တွေနဲ့ ပိုးသတ်ဆေးဖျန်းနေပြီး အမြန်ပြန့်ပွားနေတဲ့ ကျိုင်းကောင်အုပ်ကို အစိုးရက မထိန်းချုပ်နိုင်ခဲ့ရင် ကောက်ပဲသီးနှံတွေ ပျက်စီးကုန်မယ်လို့ ပညာရှင်တွေက သတိပေးပါတယ်။
ကျိုင်းကောင် ထိန်းချုပ်ရေးအဖွဲ့တွေဟာ တာ့ချ်မဟာအဆောက်အဦ တည်ရှိရာ အဂ္ဂရာမြို့ထဲမှာ ကျိုင်းကောင်တွေကို ပိုးသတ်ဆေးဖျန်းဖို့ ဒရုန်းယာဉ်တွေကို သုံးခဲ့ပါတယ်။
ကျိုင်းအုပ်တွေ နွေသီးနှံတွေကို စားမပစ်နိုင်တာ သေချာစေရေး လာမယ့် သီတင်းပတ် နှစ်ပတ်အတွင်း ကျိုင်းကောင်တွေ ကျမယ့်လမ်းကြောင်းက ကျိုင်းတွေကို ဟန့်တားဖို့ နောက်တွဲယာဉ်ပါတဲ့ ဆေးဖျန်းယာဉ်တွေကို အာဏာပိုင်တွေက သုံးနေပြီး အကြံပြုချက်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။
အိန္ဒိယဟာ ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး ကန္တာရကျိုင်းကောင်တွေ အုပ်လိုက် ရောက်လာတာကို တိုက်ပွဲဝင်နေရပြီး နိုင်ငံအနောက်ဘက် ပြည်နယ်တွေဖြစ်တဲ့ ဂူဂျာရတ်၊ ရာဂျက်စသမ်၊ မဟာရတ်ရှ်ထျာ၊ မဒယာပရာဒေ့ရှ်နဲ့ ပန်ဂျပ်၊ မြောက်ဘက်မှာတော့ ဟာယာနနဲ့ ဥတ္တာပရာဒေ့ရှ်ပြည်နယ်တွေမှာ ကျိုင်းကောင်တွေ ပြန့်ပွားနေတာကို ကိုင်တွယ်ဖြေရှင်းနေရပါတယ်။
>>Zawgyi<<
အိန္ဒိယတွင် ကောက်ပဲသီးနှံတွေကို ဖျက်ဆီးနေတဲ့ ကျိုင်းကောင်များကို ဒရုန်းယာဉ်ဖြင့် ပိုးသတ်ဆေးဖျန်း
Wednesday, July 1, 2020
အာဖရိက ကန္တာရကျိုင်းကောင်တွေ အိန္ဒိယကို ရောက်လာလို့ ကောက်ပဲသီးနှံတွေကို ဖျက်ဆီးနေတဲ့ ကျိုင်းကောင်တွေကို ထိန်းချုပ်ရေး ဒရုန်းယာဉ်တွေနဲ့ ပိုးသတ်ဆေးဖျန်းနေပြီး အမြန်ပြန့်ပွားနေတဲ့ ကျိုင်းကောင်အုပ်ကို အစိုးရက မထိန်းချုပ်နိုင်ခဲ့ရင် ကောက်ပဲသီးနှံတွေ ပျက်စီးကုန်မယ်လို့ ပညာရှင်တွေက သတိပေးပါတယ်။
ကျိုင်းကောင် ထိန်းချုပ်ရေးအဖွဲ့တွေဟာ တာ့ချ်မဟာအဆောက်အဦ တည်ရှိရာ အဂ္ဂရာမြို့ထဲမှာ ကျိုင်းကောင်တွေကို ပိုးသတ်ဆေးဖျန်းဖို့ ဒရုန်းယာဉ်တွေကို သုံးခဲ့ပါတယ်။
ကျိုင်းအုပ်တွေ နွေသီးနှံတွေကို စားမပစ်နိုင်တာ သေချာစေရေး လာမယ့် သီတင်းပတ် နှစ်ပတ်အတွင်း ကျိုင်းကောင်တွေ ကျမယ့်လမ်းကြောင်းက ကျိုင်းတွေကို ဟန့်တားဖို့ နောက်တွဲယာဉ်ပါတဲ့ ဆေးဖျန်းယာဉ်တွေကို အာဏာပိုင်တွေက သုံးနေပြီး အကြံပြုချက်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။
အိန္ဒိယဟာ ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး ကန္တာရကျိုင်းကောင်တွေ အုပ်လိုက် ရောက်လာတာကို တိုက်ပွဲဝင်နေရပြီး နိုင်ငံအနောက်ဘက် ပြည်နယ်တွေဖြစ်တဲ့ ဂူဂျာရတ်၊ ရာဂျက်စသမ်၊ မဟာရတ်ရှ်ထျာ၊ မဒယာပရာဒေ့ရှ်နဲ့ ပန်ဂျပ်၊ မြောက်ဘက်မှာတော့ ဟာယာနနဲ့ ဥတ္တာပရာဒေ့ရှ်ပြည်နယ်တွေမှာ ကျိုင်းကောင်တွေ ပြန့်ပွားနေတာကို ကိုင်တွယ် ဖြေရှင်းနေရပါတယ်။

0 comments:

Post a Comment