Friday, April 20, 2018

ရန်ကုန်မြို့တွင် အလုပ်မရှိ၍ ဈေးရောင်းသူများပြားနေဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြော


ရန်ကုန်မြို့တွင် အလုပ်မရှိ၍ ဈေးရောင်းချသူ များပြားပြီး မျိုးရိုးစဉ်ဆက် ထမင်းဟင်းရောင်းသူ လက်ရာကောင်းကောင်းချက်သူမှာ ရှားပါးဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ဧပြီ ၂၀ ရက်တွင် ပြောကြားလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ဈေးများကို အဆင့်မြင့်တင်ခြင်း နှင့် ဈေးသည်များအတွက် ပံ့ပိုးကူညီ ခြင်းတို့ကိုလည်း ဆောင်ရွက်ရန်ရှိဟု ၀န်ကြီးချုပ်က ဆိုသည်။

’’ဈေးတော်တော်များများကို ဘယ်ဈေးကိုတော့ ပြင်လို့ရမလဲ ၊ ဒါကို ဘယ်လိုအဆင့်မြင့်ရင် ရမလဲ ပုဂ္ဂလိက နဲ့ပူးပေါင်းပြီး ဘယ်လိုဆောင်ရွက်ရမလဲ ၊ ပြည်သူလူထုအကျိုး ဒါကိုကြည့်ပါတယ်။ နောက် ဈေးဝယ်စင်တာတွေ ပေါ်ပေါက်လာဖို့ ဒါတွေလည်း ကျွန်တော်တို့ ကူညီချင်ပါတယ်။ဒါပေမယ့်ကျွန်တော်တို့ဆီမှာဈေးရောင်းတဲ့သူတော်တော်များများက အလုပ်မရှိလို့ ဈေးရောင်းသူ နည်းနည်းများတယ်။ ဈေးရောင်းတာလွယ်တယ်။တစ်သိန်းနှစ်သိန်းလောက်ဆို ပစ္စည်းယူ ရောင်းလို့ရတယ်ပေါ့။ 

မျိုးရိုးစဉ်ဆက် ထမင်းချက်ရောင်းတဲ့သူ လက်ရာကောင်းတဲ့သူတွေက နည်းတာတွေ့ရတယ်’’ဟု ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။

လမ်းဘေးဈေးသည်များကိုလည်း အခြေအနေကောင်းမွန်သော ဘ၀သို့ ရောက် ရှိ အောင် လုပ်ပေးရန်လည်း အစီအစဉ်ရှိကြောင်း ဈေးများကို တည်ဆောက်ရာတွင်လည်း လူထုနှင့်လက်လှမ်းမီသော ဈေးများကို တည်ဆောက်ရန် လည်း လိုအပ်ကြောင်း ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။

မင်းသီဟန် (အကုန်သိသတင်းဌာန) 


0 comments:

Post a Comment