Friday, April 20, 2018

မိမိသဘောဖြင့် ရာထူး မနုတ်ထွက်ပါက ထုတ်ပယ်ခံရသည့်အခြေအနေမျိုးဖြစ်လာလိမ့်မည်ဟု အာစင်ဝင်းဂါး ခြိမ်းခြောက်ခံခဲ့ရ


အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အသင်းဒါရိုက်တာဘုတ်အဖွဲ့အစည်းအဝေးတွင် ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၏ခြိမ်းခြောက်ခြင်းကို ခံခဲ့ရသည့်အတွက် အဆုံးသတ်တွင် ရာထူးနုတ်ထွက်သည့် ဆုံးဖြတ်ချက်ကို ချမှတ်သွားခဲ့ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

အာစင်ဝင်းဂါးသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အာဆင်နယ်နှင့်လမ်းခွဲတော့မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားပြီဖြစ်ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အသင်းရပ်တည်မှုအဆင့်များ တစ်နှစ်ထက်တစ်နှစ် လျော့ကျလာသည့်အချက်ကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်များက စိတ်တိုင်းကျခြင်း မရှိတော့သည့်အတွက် အာစင်ဝင်းဂါးကို ရာထူးနုတ်ထွက်ရန် ဖိအားပေးလိုက်ခြင်းဖြစ်ဖွယ်ရှိကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။

အာဆင်နယ်အသင်းဒါရိုက်တာဘုတ်အဖွဲ့ဝင်များသည် အသင်းအစည်းအဝေးပွဲတွင် အာစင်ဝင်းဂါးကို မိမိသဘောဆန္ဒဖြင့် ရာထူးနုတ်ထွက်ကြောင်းကို မကြေညာပါက ၎င်းတို့ဘက်က အသင်းနှင့် ၂၂ နှစ်ကြာ လက်တွဲခဲ့သော သံယောဇဉ်ကို ငဲ့ကွက်နိုင်တော့မည်မဟုတ်ဘဲ ရာထူးထုတ်ပယ်ကြောင်းကို ထုတ်ပြန်ကြေညာရလိမ့်မည်ဟု အသိပေးခဲ့ပြီး ယင်းအတွက် အဆုံးသတ်တွင် အာစင်ဝင်းဂါးက ၎င်း၏သဘောဆန္ဒဖြင့် ရာထူးနုတ်ထွက်သေယလမ်းစဉ်ကို ရွေးချယ်သွားခဲ့ခြင်းဖြစ်သည်။

အာစင်ဝင်းဂါးသည် ၎င်း၏အာဆင်နယ်နည်းပြဘ၀ဖြတ်သန်းမှု ၂၂ နှစ်တာကာလအတွင်း အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချန်ပီယံသုံးကြိမ်ဖြစ်စေခဲ့ပြီး ၂၀၀၃-၀၄ ဘောလုံးရာသီတွင် အာဆင်နယ်ကို ရှုံးပွဲမရှိစံချိန်ဖြင့် အမှတ်ပေးချန်ပီယံဖြစ်စေရန် အာစင်ဝင်းဂါး စွမ်းဆောင်ပေးခဲ့သည့်စံချိန်ကို အနာဂတ်ကာလတွင် မည်သည့်နည်းပြကမျှ လိုက်မီနိုင်လိမ့်မည်မဟုတ်ကြောင်း မန်ယူဂန္ထ၀င်နည်းပြကြီး ဖာဂူဆန်ကလည်း ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

အာစင်ဝင်းဂါးသည် အာဆင်နယ်နှင့်လမ်းခွဲရန် ဆုံးဖြတ်လိုက်ချိန်တွင် အသင်းနှင့်ချုပ်ဆိုထားသောစာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေဆဲဖြစ်ပြီး နောက်ပိုင်းနှစ်များတွင် အသင်း၏ပုံရိပ်နှင့် စွမ်းဆောင်ရည်များ ဆက်တိုက်ကျဆင်းလာသည်ကို အားပေးသူပရိသတ်များက လက်မခံနိုင်ဖြစ်လာသည့်အချက်မှာ အာစင်ဝင်းဂါးကို အသင်းနှင့်လမ်းခွဲရရန် အကြောင်းဖန်သွားစေခဲ့ခြင်းဖြစ်သည်။

The Voice

0 comments:

Post a Comment