Thursday, April 19, 2018

မြန်မာဝက်ဘ်ဆိုက်တစ်ခုကို ဘင်္ဂလားဒေ့ရှ် ဟက်ကာအဖွဲ့ တိုက်ခိုက်


ဧပြီဒုတိယပတ်အတွင်း Error Squad အမည်ရှိ ဘင်္ဂ လားဒေ့ရှ် ဟက်ကာအဖွဲ့သည် Drupal CMS အသုံးပြုသည့် မြန်မာဝက်ဘ်ဆိုက် တစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း မြန်မာကွန် ပျူတာအရေးပေါ် တုံ့ပြန်ရေးအ ဖွဲ့ (MMCERT) က ဧပြီ ၁၆ ရက် တွင် ကြေညာသည်။

မြန်မာနိုင်ငံရှိ ၀က်ဘ်ဆိုက် အများစုသည် Drupal CMS ကို အသုံးပြုကြောင်း၊ အဆိုပါ Drupal အသုံးပြုဝက်ဘ်ဆိုက်များတွင် လုံ ခြုံရေးအားနည်းနေသည်ကို တွေ့ ရှိရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ကြေညာချက်တွင် မြန်မာ ၀က်ဘ်ဆိုက်တစ်ခုဟုသာ ဖော်ပြ ထားပြီး မည်သည့်ဝက်ဘ်ဆိုက် ဆိုသည်ကို ထည့်သွင်းဖော်ပြ ထားခြင်း မရှိပေ။

Drupal  သည် Wordpress, Joomla ကဲ့သို့သော Content Management System တစ်ခု ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တွင် စတင်ထွက်ပေါ်လာသည့် Open Source နည်းပညာတစ်ခု ဖြစ်သည်။  လက်ရှိ၌ကမ္ဘာပေါ်တွင် Drupal အသုံးပြုဝက်ဘ်ဆိုက်အ ရေအတွက် တစ်သန်းခန့် ရှိသည်။

Drupal CMS ၏ အားနည်း ချက်သည် တိုက်ခိုက်သူကို ၀က်ဘ်ဆိုက်တစ်ခုလုံး ထိန်းချုပ် နိုင်သည့် အဆင့်သို့ ရောက်ရှိစေ သည်ဟု MMCERT က ကြေညာ သည်။

မြန်မာဝက်ဘ်ဆိုက်များအ နေဖြင့် တိုက်ခိုက်မှုမှ ကာကွယ် ရေး Drupal CMS ကို နောက်ဆုံး ထွက်ဗားရှင်းအထိ အဆင့်မြှင့် ထားရန် အဆိုပါအဖွဲ့က တိုက်တွန်းထားသည်။

 ‘‘အစိုးရ၀က်ဘ်ဆိုက်တွေ အားလုံးနီးပါးက CMS စနစ်တွေ နဲ့ရေးကြတယ်။ CMS က တည် ဆောက်ရတာ မြန်တယ်လေ။ Drupal သုံးတဲ့အခါ မော်ဂျူးတွေ အသုံးပြုရင် သတိထားပြီး ထည့် စေချင်တယ်။ တိုက်ခိုက်နိုင်တဲ့ ကုတ်တွေပါ၊ မပါ စစ်ဆေးနိုင်ရင် တော့ အကောင်းဆုံးပဲ’’ဟု DrupalCMS ကို နှစ်ပေါင်းများစွာ ရေး သားခဲ့သူ ကိုထက်ဖြိုးအောင်က ပြောသည်။

၂၀၁၇ စက်တင်ဘာအတွင်း ရခိုင်အရေးနှင့်ပတ်သက်၍ မြန်မာဝက်ဘ်ဆိုက်၂၀ ကျော်ကို တူရကီဟက်ကာများက တိုက်ခိုက်ခဲ့ပြီး နောက် မြန်မာဟက်ကာများက တူရကီနိုင်ငံရှိ ၀က်ဘ်ဆိုက် ၇၀၀ ကျော်ကို ပြန်လည်တိုက်ခိုက်ခဲ့ သည်။

7Day

0 comments:

Post a Comment