Thursday, April 19, 2018

မန္တလေးသင်္ကြန်အတွင်း စည်းကမ်းဖောက်ဖျက်ခဲ့သည့် မဏ္ဍပ်များကို အရေးယူမည်


မန္တလေးမြို့ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း စည်းကမ်းဖောက်ဖျက်ခဲ့တဲ့ မဏ္ဍပ်တွေကို အရေးယူဖို့ စိစစ်လုပ်ဆောင်နေတယ်လို့ စည်ပင်ကော်မတီဝင်တစ်ဦးကပြောပါတယ်။

မဏ္ဍပ်တွေမှာ ချပေးထားတဲ့ စည်ပင်သာယာပိုင် အမှိုက်ပုံးတွေ၊ မဏ္ဍပ်တည်ဆောက် ဖျက်သိမ်းတဲ့အခါ ပျက်စီးသွားတဲ့ လမ်းတွေ၊ ပလက်ဖောင်းတွေ၊ သစ်ပင်တွေ ရဲ့ ပျက်စီးမူတွေ အပေါ်မူတည်ပြီး အရေးယူသွားမယ်လို့ သိရပါတယ်။

မန္တလေးမြို့ သင်္ကြန်ကို ကျုံးအရှေ့ဘက်မှာ ရေကစားမဏ္ဍပ်ကြီး ၈ ခု၊ ကျုံး အနောက်ဘက်မှာ ရေကစားမဏ္ဍပ်ကြီး ၆ ခု၊ ကျုံးမြောက်ဘက်မှာ မိသားစုရေစုတ်စက်သင်္ကြန်၊ ကျုံးတောင်ဘက်မှာ လမ်းလျှောက်သင်္ကြန်နဲ့ တောသင်္ကြန်ညဈေးတွေ ပါဝင်ခဲ့ပါတယ်။

DVB

0 comments:

Post a Comment