Thursday, April 19, 2018

ပြန်ပေးဆွဲဖို့ကြိုးပမ်းခဲ့တာကြောင့် စင်္ကာပူရောက် မြန်မာနိုင်ငံသား နှစ်ဦးထောင်ဒဏ်ချမှတ်ခံရ


စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားနှစ်ဦးဟာ စီးပွားရေးသမားတစ်ဦး ရဲ့ ဇနီးနဲ့ လူမူရေးအရှုပ်ထွေးရှိတယ်လို့ သံသယရှိခံရသူတစ်ဦးကို ပြန်ပေးဆွဲပြီး သတ်ဖို့ စီစဉ်ခဲ့တာကြောင့် ထောင်ဒဏ်အပြစ်ပေးခံရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသား ဇော်မင်းလှိုင်နဲ့ ဖြိုးမင်းနိုင် နှစ်ဦးကို ဧပြီ ၁၇ ရက်နေ့က စင်္ကာပူတရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး အသက် ၄၀ နှစ်အရွယ်ရှိ ဇော်မင်းလှိုင် ကိုထောင်ဒဏ် ၄နှစ်သုံးလအပြင် ငွေဒဏ် အမေရိကန်ဒေါ်လာ ၄ထောင်နဲ့ ကားမောင်းခွင့် တစ်နှစ်ပိတ် ပြစ်ဒဏ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဇော်မင်းလှိုင်ကို ပြန်ပေးဆွဲဖို့ ကြိုးပမ်းမှု၊ ခေါက်ဓါး လက်ဝယ်တွေရှိမှု အပြင် မေ့ဆေးသေနတ် ရှိမှု နဲ့ ကားမောင်းလိုင်စင်မရှိဘဲ ကားမောင်းမှုအပါဝင်စွဲချက် ၇ ခု တင်ခဲ့ပါတယ်။ ဇော်မင်းလှိုင်နဲ့အတူ ပြစ်မှု ကျူးလွန်ရာမှာပါဝင်ခဲ့သူ ဖြိုးမင်းနိုင် ကိုလည်း စင်္ကာပူ တရားရုံးက ထောင်ဒဏ် ၄ နှစ် နဲ့ ၃ လ ပြစ်ဒဏ်ချမှတ်ခဲ့အပြင် ဒဏ်ငွေ ၆၀၀၀ ဒဏ်ရိုက်ခဲ့တယ်လို့ သိရပါတယ်။ ဖြိုးမင်းလှိုင်က သူအနေနဲ့ ပြန်ပေးဆွဲဖို့ ကြိုးပမ်းခဲ့မှုအပြင်မေ့ဆေး သေနတ် ၊ ငရုတ်ကောင်းအရည်တွေ လက်ဝယ်ရှိခဲ့တာကို ဝန်ခံခဲ့တယ်လို့ သိရပါတယ်။

စင်္ကာပူတရားရုံးရဲ့ရှေ့နေဖြစ်သူ ဒီလွန်ကုတ်က အသက် ၃၃ နှစ် အရွယ်ရှိ စီးပွားရေးသမား အောင်အောင် ဟာ စန္ဒီလို့ လူသိများတဲ့ ဇနီးဖြစ်သူကို အေးမောင်မောင် ဆိုသူနဲ့ လူမူရေးအရှုပ်ထွေးရှိတယ်လို့ သံသယရှိခဲ့ရာ ၂၀၁၄ ခုနှစ်က အောင်အောင် ဟာ ဇနီးဖြစ်သူနဲ့ အေးမောင်မောင် သက်တို့ကို နောက်ယောက်ခံလိုက်ဖို့ ဇော်မင်းလှိုင် တို့အကူညီ ရယူဖို့ စေ့စပ်ဆွေးနွေးခဲ့တယ်လို့ပြောပါတယ်။

၂၀၁၅ ခုနှစ်မေလက ပြန်ပေးဆွဲချိန်မှာ ဖြိုးမင်းနိုင်ကိုပါ ခေါ်ဆောင် ဖို့ စီးပွားရေး လုပ်ငန်းရှင်အောင်အောင်က ဇော်မင်းလှိုင်ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၂၁ ရက်နေ့မှာ ဇော်မင်းလှိုင်နဲ့ ဖြိုးမင်းနိုင်တို့ ဟာ အေးမောင်မောင်သက် ရဲ့ ကားအနီး ကပ်လျက် ဗင်ကားကို ရပ်ခဲ့ပြီး အေးမောင်မောင်သက် သူရဲ့ ကားဆီ လာချိန်မှာ ပြန်ပေးဆွဲဖို့ ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ စင်္ကာပူ တရားရုံးရှေ့နေဖြစ်သူကပြောခဲ့ပါတယ်။

သားဖိုးကောင်း (အကုန်သိသတင်းဌာန) 

0 comments:

Post a Comment