Thursday, April 19, 2018

အင်တာနက်သုံးသူများ၏ အချက်လက်ရယူမှုအပေါ် ကန့်သတ်သည့်ဥပဒေ အသက်ဝင်တော့မည်


ကုမ္ပဏီတွေကနေ အင်တာနက်သုံးစွဲသူတွေရဲ့ အချက်အလက်ကို မလျော်မကန် ရယူတဲ့အပေါ် ကန့်သတ်တဲ့ ဥရောပသမဂ္ဂရဲ့ ဥပဒေတရပ် ဧပြီ ၂၀ ရက်နေ့ကစ အသက်ဝင်လာတော့မယ်လို့ သိရပါတယ်။

ဒီဥပဒေအရ ကမ္ဘာတဝှမ်းက ဖေ့စ်ဘွတ်ခ်အသုံးပြုသူ သန်း ၂ ထောင်နီးပါးဟာ ဒီဥပဒေရဲ့ အကာအကွယ် ရရှိတော့မှာပါ။

လက်ရှိမှာ အမေရိကန်နဲ့ ကနေဒါပြင်ပက ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေဟာ အိုင်ယာလန်မှာ အခြေစိုက်ထားတဲ့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီရဲ့ နိုင်ငံတကာရုံးချုပ်ကနေ ချမှတ်ထားတဲ့ သတ်မှတ်ချက်တွေကို လိုက်နာကြရပါတယ်။

လာမယ့်လမှာ ဖေ့စ်ဘွတ်ခ်ဟာ ဥရောပကနေ သုံးစွဲသူတွေကိုသာ အကျိုးသက်ရောက်မယ့် ဥရောပသမဂ္ဂရဲ့ အထွေထွေအချက်အလက် ကာကွယ်ရေး လုပ်ထုံးလုပ်နည်းဥပဒေ (GDPR) အတိုင်း လိုက်လျောညီထွေအောင် သုံးစွဲသူတွေရဲ့ သဘောတူညီချက်ကို ဖြေလျော့ပေးရဖို့ ရှိနေပါတယ်။

GDPR ဥပဒေအရ သုံးစွဲသူမသိရှိဘဲ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို စုဆောင်းတာ၊ အသုံးပြုတာလုပ်တဲ့ ကုမ္ပဏီတွေဟာ ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment