Tuesday, December 25, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းများ ဆောင်ရွက်



မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။ 

ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် မှ မွန်းတည့် ၁၂ နာရီ ၀၅ မိနစ်အချိန်ထိ မောင်တောမြို့နယ်၊ နယ်မြေ(၁)၊ အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ အောင်သပြေ နယ်မြေရုံးမှ ယာယီရဲမှူး အောင်ဆွေဦး ဦးစီးတပ်ဖွဲ့ဝင်များ၊ စကားပြန်(၁)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁) နယ်ခြားစောင့်တပ် Panchari ကင်းစခန်း ဒုစခန်းမှူး Naib Subedar Md. Salim Uddin ဦးစီး တပ်ဖွဲ့ဝင်များ၊ စကားပြန်/လမ်းပြ(၃)ဦး တို့သည် မြန်မာနိုင်ငံ ဘက်ခြမ်း နယ်ခြားမှတ်တိုင်(၅၁)အနီး၌ တွေ့ဆုံဆွေးနွေး၍ မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ် မှတ်တိုင် (၅၁) မှ (၅၁/၅)ထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

The Ladies News

0 comments:

Post a Comment