Monday, December 31, 2018

အင်းတော်တွင် ထုလုပ်သည့် အကြီးဆုံးစည်တော်ကြီးကို ကောင်းမှုတော်ဘုရား၌ ထားရှိမည်


စစ်ကိုင်းတိုင်း အင်း တော်မြို့နယ်တွင် ထွင်းထုလုပ်သည့် အကြီးဆုံးစည်တော်ကြီး ကို ကောင်းမှုတော်ဘုရား၌ ထားရှိမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလွင်က ပြောသည်။ 
တိုင်းဒေသကြီးအစိုးရအဖွဲ့ စီစဉ်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး တပေါင်းလပြည့်ကျော် ၁ ရက် တွင် ကောင်းမှုတော်ဘုရားသို့ သယ်ယူမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ 

‘‘မနေ့ကမှ တိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ်က သီတဂူဆရာတော် ကြီးဆီ ဩ၀ါဒလာခံမှ စည်တော် ကြီးကို ကောင်းမှုတော်မှာထားရှိ မယ်ဆိုတာ သိရတာ။ ဘုရားပရ ၀ဏ်ရဲ့ ဘယ်နေရာမှာ ထားမယ် ဆိုတာတော့ မသိသေးဘူး။ အခု နေရာရှာနေတုန်းပဲ’’ဟု ဦးတင် မျိုးလွင်ကပြောသည်။ 

ကောင်းမှုတော်ဘုရားတွင် ထားရှိရန် ဒီဇင်ဘာ ၂၉ ရက်က တိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူများ မြေနေရာလာရောက် ကြည့်ရှုခဲ့သည်။ 

အလျား ၁၂၈ လက်မနှင့် အ မြင့် ၆၄ လက်မရှိ အဆိုပါစည် တော်ကြီးကို အင်းတော်မြို့နယ် လက်ပံကုန်းကျေးရွာ၌ ယခုနှစ် ဖေဖော်ဝါရီက စတင်ပြုလုပ်ပြီး ဒီဇင်ဘာ ၂၃ ရက်တွင် ပြီးစီးခဲ့ သည်။ 

စည်တော်ကြီး ပြုလုပ်သော ကုက္ကိုသားကို အင်းတော်မြို့ သင်္ချိုင်းရှင်းလင်းရာမှရရှိပြီး စည်တော်ကြီးကို ကျွဲသားရေ၊ နွားသားရေဖြင့်ပြုလုပ်ပြီး ဗုဒ္ဓ၀င်ရုပ်လုံးရုပ်ကြွများဖြင့် ထွင်းထုထား သည်။ 

ကောင်းမှုတော်စေတီ အဖြူရောင် ဆေးသင်္ကန်းကပ်လှူမှုကိုလည်း တပေါင်းလပြည့်နေ့ မတိုင်မီ အပြီးသတ်မည်ဟု ဂေါပကအဖွဲ့က ပြောကြားသည်။

7Day

0 comments:

Post a Comment