Monday, December 31, 2018

၂၀၁၉ သင့်မြတ်ခြင်းနှင့် ငြိမ်းချမ်းရေးပွဲတော် စကားဝိုင်းကျင်းပ


၂၀၁၉ သင့်မြတ်ခြင်းနှင့် ငြိမ်းချမ်းရေးပွဲတော်၊ ငြိမ်းချမ်းရေးစကားဝိုင်းကို ပြင်ဦးလွင်မြို့နယ်၊ ဝါးဘိုးရေကျေးရွာ၊ အာရှအလင်းရောင် ပရိယတ္တိ စာသင်တိုက်တွင် ဒီဇင်ဘာာလ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါပွဲအား လောကသာရ ဖောင်ဒေးရှင်းက ဦးဆောင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားသို့ ဖိတ်ကြားထားသည့် ပြည်နယ်နှင့်တိုင်းများမှ တိုင်းရင်းသားကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အာရှ အလင်းရောင်ဆရာတော် ဦးစိန္တိတက"ငြိမ်းချမ်းရေးဆိုတာပေါ့နော်။ နိုင်ငံသားအားလုံး အောက်ခြေကနေ အထက်အထိ ဒီပုဂ္ဂိုလ်တွေရဲ့အသံကလည်း လိုအပ်ပါတယ်။ သူတို့စီမှာ ဖြစ်ပျက်ခဲ့တဲ့ မငြိမ်းချမ်းမှုတွေကို ဘယ်လိုငြိမ်းအောင် သူတို့လုပ်ခဲ့ကြတယ်။ အဲဒီအတွေ့အကြုံတွေ။ အခြားပုဂ္ဂိုလ်တွေ မျှဝေပေးခြင်းဆိုတာမျိုး ဘုန်းဘုန်းတို့က မျှော်လင့်တယ်။" ဟု ထို ကျင်းပပြုလုပ်ခဲ့သည့် စကားဝိုင်းနှင့် ပတ်သက်၍ မိန့်ကြားသည်။

ယခု ကျင်းပပြုလုပ်ခဲ့သော စကားဝိုင်းမှ ထွက်ပေါ်လာသော ဆွေးနွေးချက်များကို တိုင်းနှင့် ပြည်နယ် ဒေသအသီးသီးရှိ လွှတ်တော်များသို့ ပေးပို့သွားမည်ဟုလည်း စကားဝိုင်းစီစဉ်သူများ၏ ပြောကြားချက်အရ သိရသည်။

စကားဝိုင်းအတွင်း လတ်တလော နိုင်ငံအတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေးအပါအဝင် ငြိမ်းချမ်းရေး အခြေအနေ များကို ဦးစားပေး ဆွေးနွေးသွားမည်လည်း ဖြစ်သည်။

"ကျွန်တော်တို့ ဒီနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေ ငြိမ်းချမ်းရေး အခြေအနေတွေ ဒေသ ဆိုင်ရာ လုံခြုံရေးတွေကို ဆွေးနွေးသွားပါမယ်။"ဟု ငြိမ်ချမ်းရေးစကားဝိုင်းပွဲ စီစဉ်သူများထဲမှ တစ်ဦးဖြစ်သူ ဦးဇော်သန်း (လောကသာရ ဖောင်ဒေးရှင်း) က မဇ္ဈိမသို့ ပြောသည်။


မဇ္ဈိမ

0 comments:

Post a Comment