Monday, December 31, 2018

လွှတ်တော်များ ဇန်နဝါရီ ၂၁ ရက် ပြန်လည် စတင်မည် ဖြည့်စွက်ဘတ်ဂျက်စိစစ်အတည်ပြုမှုဦးစားပေးမည်


ပြည်ထောင်စုလွှတ် တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အစည်းအ ဝေးများကို ဇန်နဝါရီ ၂၁ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်အသီးသီးက ယမန်နေ့ တွင် ကြေညာသည်။ 
ပြည်သူ့လွှတ်တော်နှင့် အ မျိုးသားလွှတ်တော်အစည်းအ ဝေးများကို ဇန်နဝါရီ ၂၁ ရက်နံနက်တွင်လည်းကောင်း၊ ပြည်ထောင် စုလွှတ်တော်ကို မွန်းလွဲ ၁ နာရီတွင်လည်းကောင်း ကျင်းပမည်ဖြစ် သည်။ ဒုတိယအကြိမ် လွှတ်တော်ဒသမပုံမှန်အစည်းအဝေးသည် ဒီဇင်ဘာ ၂၁ ရက်တွင် ပြီးဆုံးခဲ့ရာ ပြန်လည်ကျင်းပမည့် အစည်းအဝေးသည် (၁၁)ကြိမ်မြောက်ဖြစ်သည်။ 

ပုံမှန်အားဖြင့် ယခုပြန်လည် ကျင်းပမည့် လွှတ်တော်အစည်း အဝေးကာလသည် ဘဏ္ဍာရေး နှစ်သစ်တစ်ခုအတွက် ဘတ်ဂျက် ရေးဆွဲသည့်ကာလဖြစ်သည်။ 

သို့သော် ယခုနှစ်တွင် ဘဏ္ဍာရေးနှစ်သတ်မှတ်မှုပုံစံပြောင်းလဲ ခဲ့ရာ လာမည့်လွှတ်တော်အစည်း အဝေးကာလအတွင်း အစိုးရအဖွဲ့ က တောင်းခံသည့် ဖြည့်စွက် ဘဏ္ဍာရန်ပုံငွေများ စိစစ်အတည် ပြုခြင်း၊ လယ်ယာမြေဥပဒေ ကြမ်း၊ မူပိုင်ခွင့်ဥပဒေကြမ်းလေး ရပ်အတည်ပြုရေး စသည့်လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန်ရှိကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်း ရေးမှူး ဦးကျော်စိုးလင်းက ပြော သည်။ 

(၁၁)ကြိမ်မြောက် ပုံမှန်အ စည်းအဝေးကာလအတွင်း ဖေ ဖော်ဝါရီ ၁ ရက်တွင် ဒီချုပ်အမတ် များ လွှမ်းမိုးသော ဒုတိယအကြိမ် လွှတ်တော်သုံးနှစ်ပြည့်အခမ်းအ နားကျင်းပမည်ဖြစ်သည်။ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒုတိယ အကြိမ်လွှတ်တော် (၂)နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ 

သို့သော် လာမည့် သုံးနှစ် ပြည့်အခမ်းအနားသို့ တက်ရောက်ခြင်းရှိ၊ မရှိ မသိရသေးကြောင်း ဒီချုပ်အမတ်များက ပြောသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သည် ၂၀၁၇ က ကျင်းပသည့် ဒုတိယအကြိမ် လွှတ်တော်တစ် နှစ်ပြည့် အခမ်းအနားသို့ တက် ရောက်ခြင်းမရှိပေ။ 

ပြည်ထောင်စုလွှတ်တော်ရုံး က ထုတ်ပြန်သည့် လွှတ်တော်အ စည်းအဝေးများကျင်းပရန် လျာထားချက်အရ (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးများကို ၂၀၁၉ ဇန်နဝါရီ ၂၁ ရက်တွင်ပြန်လည်ခေါ်ယူကာ မတ်လ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်သည်

7Day

0 comments:

Post a Comment