Monday, December 31, 2018

ကျိုက်ထီးရိုးစေတီသို့ တစ်ရက်တည်း ဘုရားဖူးသုံးသိန်းကျော် လာရောက် သုံးနာရီကျော်ကြာ တောင်တက်လမ်းပိတ်


အများပြည်သူရက်ရှည်ရုံးပိတ်ရက်လေးရက်အတွင်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီသို့ ဘုရားဖူး များလာရောက်မှုသည် ယခင်နှစ် များထက် များပြားခဲ့ပြီး ဒီဇင်ဘာ ၃၀ ရက် တစ်ရက်တည်း သုံး သိန်းကျော်ရှိခဲ့ကြောင်း ဂေါပက အဖွဲ့ဝင် ဦးထွန်းမြင့်က ပြော သည်။ 
ဘုရားဖူး များပြားသဖြင့် နံနက် ၁၀ နာရီ မှ မွန်းလွဲ ၁ နာရီ ခွဲခန့်အထိ သုံးနာရီခွဲခန့် ပိတ်ဆို့ ခဲ့ကြောင်း ဂေါပကအဖွဲ့နှင့် ဘုရားဖူးများက ပြောသည်။ 

‘‘ဒီနှစ် ဘုရားဖူးတော်တော် များတယ်။ လမ်းပိတ်ဆို့မှုဖြစ်လို့ ညနေပိုင်းအထိလမ်းရှင်းပေးနေ ရတယ်။ ဘုရားဖူးယောင်ဆောင် တဲ့ ခါးပိုက်နှိုက်တွေလည်းများ တယ်။ အခုချိန်ထိ ၁၅ ယောက် လောက်မိထားတယ်။ ခါးပိုက် နှိုက်တွေက နယ်ခံတွေမဟုတ် ဘူး။ ရန်ကုန်ဘက်က၊ တခြားနေ ရာကလာတယ်။ လူတွေအရမ်း များတော့ တည်းခိုရေးကိစ္စ တစ်ယောက် ချင်းစီလုပ်ပေးလို့ အဆင်မပြေ ဘူး’’ ဟု ဦးထွန်းမြင့်က ပြော သည်။ 

ယခင်နှစ်ဒီဇင်ဘာ ကျောင်း ပတ်ရက်များတွင် ဘုရားဖူးတစ် သိန်းကျော်သာ လာရောက်ဖူး မြော်ခဲ့သော်လည်း ယခုနှစ်၌ ဘုရားဖူးသုံးသိန်းကျော် လာ ရောက်ဖူးမြော်သဖြင့် ပြည်သူများ အဆင်ပြေစွာဖူးမြော်နိုင်ရေး နယ် မြေခံတပ်ရင်းရဲတပ်ဖွဲ့၊ ဂေါပက အဖွဲ့၊ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များက လုံခြုံရေးတင်းကျပ် စွာတာဝန်ယူထားကြောင်း ဦး ထွန်းမြင့်က ဆိုသည်။ 

‘‘ဘုရားဖူးတွေက အခုထိ အတက်ရှိနေတုန်းပဲ။ တည်ခိုရေး ကိစ္စအဆင်မပြေတဲ့ ဘုရားဖူးတွေ ကို ညချင်းပြန်ဆင်းဖို့ကားတွေပါ ပြေးဆွဲခွင့်ပေးတယ်။ အခုထိ ဘုရားဖူးတွေအဆင်ပြေအောင် ဆောင်ရွက်နေတယ်’’ဟု ဦးထွန်း မြင့်က ယမန်နေ့ည ၇ နာရီခန့် တွင် ပြောသည်။ 

ဘုရားဖူးများ တည်းခိုနေ ထိုင်ရေးကိစ္စတွင် ဈေးဆိုင်များ၊ တည်းခိုခန်းများနှင့် အဆင်မပြေ၊ ကျေနပ်မှုမရှိပါက တိုင်ကြားနိုင် ကြောင်း၊ တိုင်ကြားပါက အရေး ယူမည်ဖြစ်ကာ ယခုအချိန်ထိတိုင် ကြားမှုမရှိသေးကြောင်း ဦးထွန်း မြင့်က ဆိုသည်။ 

‘‘အဲဒီပြသနာဖြေရှင်းဖို့သက် ဆိုင်ရာအဆင့်ဆင့်ကနေ ဝန် ကြီးချုပ်ဆီ အကြောင်းကြား တယ်။ တောင်တက်ကားအ တက်ကို တစ်နာရီလောက်ပိတ်ပြီး ဖြေရှင်းလိုက်တယ်။ လူအသေအ ပျောက် ထိခိုက်ဒဏ်ရာတွေတော့ မရပါဘူး’’ဟု ဦးထွန်းမြင့်က ပြော သည်။ 

ဘုရားဖူးပြည်သူများအဆင် ပြေစွာဖူးမြော်နိုင်ရေး အရပ်ဘက် အဖွဲ့အစည်းများ၊ တာဝန်ရှိသူ များက ၀ိုင်းဝန်းဆောင်ရွက်ပေးပြီး ကျန်းမာရေးအတွက် အချိန်နှင့် တစ်ပြေးညီ ကူညီဆောင်ရွက်ပေး နိုင်ရန် စီမံဆောင်ရွက်ထား ကြောင်း ကျိုက်ထိုမြို့နယ် လူမှု ကယ်ဆယ်ရေးအသင်းမှ ကိုစိုး သီဟက ၎င်း၏လူမှုကွန်ရက်စာ မျက်နှာတွင် အသိပေးထား သည်။

7Day

0 comments:

Post a Comment