Sunday, December 30, 2018

ဒဏ်ခတ်မှု တုံ့ပြန်သည့်အနေဖြင့် အီးယူသံတမန်ကို ထုတ်ပယ်မည်ဟု ကွန်ဂိုပြော



အီးယူရဲ့ ဒဏ်ခတ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဥရောပသမဂ္ဂ အီးယူသံတမန် ဘာ့တ် အိုဗူရီကို ထုတ်ပယ်သွားမယ်လို့ ဒီမိုကရက်တစ် ကွန်ဂို သမ္မတနိုင်ငံက ဒီဇင်ဘာ ၂၇ ရက်နေ့က ပြောလိုက်ပါတယ်။

ဒီမိုကရက်တစ် ကွန်ဂို သမ္မတနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမှာ အာဏာရ ညွန့်ပေါင်းပါတီရဲ့ ကိုယ်စားလှယ်လောင်း ကိစ္စအပါအဝင် ကွန်ဂိုတာဝန်ရှိသူတွေ ကန့်ကွက်နေတဲ့ကြားက ဒဏ်ခတ်ပိတ်ဆို့မှု အသစ် သက်တမ်းတိုးလိုက်လို့ အခုလို တုံ့ပြန်လိုက်တာပါ။
အီးယူကောင်စီကနေ စဉ်းစားထားတဲ့ ဒီဒဏ်ခတ်မှုတွေဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး သက်ဆိုင်ရာနိုင်ငံတွေရဲ့ အခြေခံအခွင့်အရေးတွေကိုလဲ ထိပါးနေလို့ အာဖရိကတိုက်ရဲ့ ဒေသဆိုင်ရာ၊ ဒေသခွဲဆိုင်ရာ အာဏာပိုင်တွေက ဝေဖန်ရှုတ်ချနေတာလို့ ကွန်ဂိုနိုင်ငံခြားရေးဝန်ကြီး လဲနာ့ဒ် ရှီ အိုကီတွန်ဒူက ပြောသွားပါတယ်။
ကွန်ဂိုရဲ့ မြို့တော် ကင်ရှာဆာမှာ နိုင်ငံခြားသံအမတ်တွေရဲ့ ကွန်ဂိုနိုင်ငံအပေါ် ပထမအကြိမ် ပိတ်ဆို့ဒဏ်ခတ်အပြီး ၂ နှစ်အကြာ နောက်ထပ် ဒဏ်ခတ်အရေးယူဖို့ သက်တမ်းထပ်တိုးဖို့ ဆွေးနွေးကြတဲ့ အစည်းအဝေးအပြီးမှာ ကွန်ဂို နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာလိုက်တာပါ။
“ကျနော်တို့နိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှု ပြီးဆုံးသွားမယ့် ဒီနေ့ကို ကျနော်တို့ စိတ်ရှည်ရှည် စောင့်ဆိုင်းခဲ့ပေမယ့် ဘာတုံ့ပြန်မှုမှမရှိဘဲ ဥရောပကောင်စီက ၂၀၁၈ ဒီဇင်ဘာမှာ အရေးယူဒဏ်ခတ်မှုကို သက်တမ်းအသစ် ပြန်တိုးခဲ့ပါတယ်။ ဒါကြောင့် ကွန်ဂိုအစိုးရကလည်း နောက် ၄၈ နာရီအတွင်း ကွန်ဂိုက အီးယူအကြီးအကဲကို ချက်ချင်းပြန်လာဖို့ ဥရောပကောင်စီကို တောင်းဆိုလိုက်ပါတယ်” လို့ ကွန်ဂိုနိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။
ကာလကြာ မျှော်လင့်စောင့်စားနေကြတဲ့ ရွေးကောက်မတိုင်ခင် ၃ ရက်အလိုမှာမှ ခုလို ထုတ်ပြန်ကြေညာလိုက်တဲ့အပေါ် မှတ်ချက်ပေး ပြောဆိုဖို့ အီးယူကော်မရှင်ကို ရိုက်တာ ဆက်သွယ်ပေးမယ့် မရဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။


0 comments:

Post a Comment