Monday, December 31, 2018

ဘုရားဖူးယာဉ်တစ်စီးက အခြားယာဉ်တစ်စီးကို မျက်နှာချင်းဆိုင်ဝင်တိုက်မိလို့ ၁ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ


ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် မောင်းနှင်လာသော ဘုရားဖူးယာဉ်တစ်စီးက အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး Honda Fit ယာဉ်တစ်စီးအား မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့သဖြင့် အမျိုးသားတစ်ဦး အခင်းဖြစ်နေရာတွင်ပင်သေဆုံးကာ အခြားအမျိုးသား ၁၀ ဦး ဒဏ်ရာအသီးသီးရရှိခဲ့သည်။ 
ဒီဇင်ဘာလ ၃၀ ရက်နေ့နံနက် ၁၁နာရီ မိနစ် ၄၀အချိန်ခန့်က ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင် (၆၇/၁-၂)ကြား၌ ကျိုက်ထိုမြို့ဘက်မှ ဘုရားကြီးမြို့ဘက်သို့ ကျော်လင်း (၂၇)နှစ် (၆)ရပ်ကွက်၊ သာကေတမြို့နယ်နေသူ မောင်းနှင်ပြီး ကျား ၁၃ ဦး လိုက်ပါလာသည့် YGN 9J/xxxx Pickup ဘုရားဖူးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ် ကြောသို့ ရောက်ရှိကာ ဦးခင်မြင့်ကျော်(၆၀)နှစ်၊(ဆ)ရပ်ကွက် မြောက်ဥက္ကလာပမြို့နယ်နေသူ မောင်းနှင်ပြီး ကျား ၄ ဦး လိုက်ပါလာသည့် YGN 1J/xxxx Honda Fit ယာဉ်အား မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့သည်။ 

ထိုသို့တိုက်မိမှုကြောင့် Honda Fit ကားပေါ်တွင် လိုက်ပါစီးနင်းလာသည့် ဦးဝါဆွေ(၆၅)နှစ်တွင် ဝဲချိုစောင်း၊ ယာနား/ဝဲခြေသလုံးပေါက်ပြဲ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။ 

ထို့အပြင် ယင်း Honda Fit ပေါ်တွင်လိုက်ပါစီးနင်းလာသည့် ဦးမြဆိုင်(၇၀)နှစ်ပါ ၂ ဦးတွင် ရင်ဘတ်/ခါးနာကျင်၊ ဝဲ/ယာ မျက်ခုံး/ တံတောင်ပေါက်ပြဲ ဒဏ်ရာများ(စိုးရိမ်ရ)များရရှိခဲ့ပြီး ယာဉ်မောင်း ဦးခင်မြင့်ကျော်ပါ ၂ ဦးတွင် ဝဲလက်ပြင်/ ဒူး/ တံတောင်ပွန်းပဲ့၊ ခါးနာကျင်ဒဏ်ရာများ(မစိုးရိမ်ရ)တို့ ရရှိခဲ့သည်။ 

တဖန် ဘုရားဖူးယာဉ်YGN 9J/xxxx ပေါ်တွင်လိုက်ပါစီးနင်းလာကြသည့် ကိုကျော်မင်း(၂၉)နှစ်ပါ ၃ ဦးမှာလည်း မူးဝေအော့အန်၊ ဝဲနဖူး/ခြေသလုံး/နားထင် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ (စိုးရိမ်ရ)နှင့် ကိုကျော်မင်းစန်း(၁၉)နှစ်ပါ ၃ ဦးတွင် ဦးခေါင်းမူးဝေနာကျင်၊ ပွန်းပဲ့ပေါက်ပြဲဒဏ်ရာ များ(မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့သည်။ 

စုစုပေါင်း အမျိုးသား ၁၁ ဦး(သေဆုံး ၁၊ စိုးရိမ်ရ ၅၊ မစိုးရိမ်ရ ၅)တို့ ရရှိခဲ့သဖြင့် ထိုနေ့ မွန်းလွဲ၁၂နာရီခွဲအချိန်ခန့်တွင် ဒဏ်ရာရရှိသူများအားလုံးကို ဝေါပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ 

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဘုရားဖူးယာဉ်YGN 9J/xxxx ကိုမောင်းနှင်လာသူ ကျော်လင်းအား ဝေါမြို့မရဲစခန်းမှ ယာဉ်(ပ) ၅၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/ သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။ 

Source - ပြည်ထဲရေးဝန်ကြီးဌာန
Popular News Journal 


0 comments:

Post a Comment