Sunday, December 30, 2018

ဘင်္ဂလားဒေ့ရှ်တွင် ၁၁ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲ ကျင်းပ


ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၁၁ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ ၃၀ ရက်နေ့ ကျင်းပနေပါတယ်။မြို့တော်ဒါကာ တဝှမ်းက မဲပေးဖို့ ဆောက်လုပ်ထားတဲ့ မဲရုံတွေဆီကို လျှို့ဝှက်ဆန္ဒမဲပေးခြင်းနဲ့ဆိုင်တဲ့ ပစ္စည်းတွေကို ဒီဇင်ဘာ ၂၉ ရက်နေ့က နေရာ လိုက်ချနေကြပါတယ်။

ဥပဒေပြုရေးဆိုင်ရာ အရာရှိတွေနဲ့ တာဝန်ရှိသူတွေဟာ အီလက်ထရောနစ် မဲပေးတဲ့ ပစ္စည်းပစ္စယတွေ၊ စက်တွေလို့ဆိုတဲ့ သေတ္တာပုံးတွေကို သယ်ဆောင်ပြီးတော့ အထွေထွေ ရွေးကောက်ပွဲ မကျင်းပခင် ၁ ရက်အလို လိုက်နေရာချနေတာပါ။

ရွေးကောက်ပွဲ ဆန္ဒမဲပေးတာကို ဒေသစံတ်ေချိန် မနက် ၈ နာရီ စတင်မှာလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲကြီးကြပ်ရေးအရာရှိ ဂျာလာအူဒင်က ဒီမှာ အီလက်ထရောနစ် ဆန္ဒမဲပေးစက်တွေ စုဆောင်းစီစဉ်ထားတာ ခုဆို အကုန်စုံနေပြီလို့ ပြောပါတယ်။

ဥပဒေပိုင်းနဲ့ တာဝန်ရှိ အေဂျင်စီကလူတွေနဲ့အတူ ဗဟိုစင်တာကို သွားကြဖို့ စောင့်နေတာပါလို့ ဆိုပါတယ်။

ဝန်ကြီးချုပ် ရှိက်ခ်ဟာစီနာရဲ့ အာဝါမီအဖွဲ့ချုပ်က တတိယသက်တမ်းမှာ အလွယ်တကူ အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။




0 comments:

Post a Comment