Monday, December 31, 2018

နှစ်သစ်ကူးညအတွက် ရန်ကုန်ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနတွင် အထူးကုဆရာဝန်ကြီးအပါအဝင် ဝန်ထမ်း ၁၅၀ ဖြင့် အသင့်ပြင်ထား


နှစ်သစ်ကူးညတွင် ထိခိုက်ဒဏ်ရရှိမှုများ ကြုံတွေ့လာပါက အရေးပေါ်ကုသနိုင်ရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အထူးကု ဆရာဝန်များ အပါအဝင် ဝန်ထမ်း ၁၅၀ နှင့် ဆေးဝါးအပြည့်အစုံဖြင့် ပြင်ဆင်ထားကြောင်း သိရသည်။ 
နှစ်သက်ကူးညတွင် အရက်သေစာသောက်စားပြီး ခိုက်ရန်ဖြစ်ပွားခြင်း၊ ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်းများကြောင့် ထိခိုက် ဒဏ်ရာရရှိမှုများအတွက် ဆေးဝါးကိရိယာများ၊ ဆရာဝန်အင်အားနှင့် ဝန်ထမ်းအင်အားများကို ယခင်ကထက် နှစ်ဆတိုးချဲ့ချထားကြောင်းလည်း သိရသည်။ 

“ သူနာပြုရယ်၊ ဆရာဝန်ရယ်၊ ဘွဲ့လွန်ကျောင်းသားတွေရယ် တခြားအခြေခံဝန်ထမ်းတွေရယ် ပေါင်းရင် လူ ၁၅၀ နီးပါး ရှိပါတယ်။ ထိခိုက်ဒဏ်ရာအတွက် ပစ္စည်းတွေ၊ ခွဲစိတ်ခန်းပြင်တာတွေ၊ ခွဲစိတ်ဆရာဝန်တွေ၊ အရိုးအထူးကုဆရာဝန်တွေ၊ အရေးပေါ် ဆရာဝန်တွင် ဒီဟာတွေ အကုန်လုံးကို ဂျူတီတွေချရတယ်။ သေချာပေါက်လာမှာသေချာတယ်။ လူ ၅၀၊ ၁၀၀ လောက်က တစ် နေရာတည်းကနေ ပြုံလာမှာဖြစ်တယ်။ တစ်နေရာ တည်းကလာရင်တောင် ရန်ကုန်ဆေးရုံကြီးက အဆင့်သင့်ပြင်ဆင်ထားပြီး ဖြစ်ပါတယ်” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာမှ ပါမောက္ခ ဒေါက်တာမော်မော်ဦး က နိုင်ငံပိုင်ရုပ်သံတွင်ပြောကြား ထားသည်။ 
ထို့အပြင် မြောက်ဥက္ကလာပဆေးရုံကြီးနှင့် နီးစပ်သည့်နေရာတွင် ထိခိုက်ဒဏ်ရရှိပါကလည်း ရန်ကုန်ဆေးရုံကြီးသို့ မလာဘဲ မြောက်ဥက္ကလာပဆေးရုံကြီးတွင်လည်း ကုသနိုင်ကြောင်း ၎င်းကပြောသည်။ 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်လူနာဌာနတွင် နေ့စဉ် လူနာ ၄၀၀ နှင့် ၅၀၀ ကြား ကုသပေးလျက်ရှိကြောင်း သိရသည်။ 

၂၀၁၇ ခုနှစ် နှစ်သက်ကူးညက ထိခိုက်ဒဏ်ရရှိမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံ လူနာ ၈၅ ဦး တက်ရောက်ကုသရကာ ၄ ဦးသေ ဆုံးခဲ့ပြီး မန္တလေးအထွေထွေကုဆေးရုံကြီးတွင် ၆၁ ဦး တက်ရောက်ကုသခဲ့ပြီး ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment