Monday, December 31, 2018

ဒီမိုကရေစီမရသေးချိန်တွင် ဦးဖြိုးမင်းသိန်း ထိန်းထိန်းသိမ်းသိမ်း ပြုမူနေထိုင်သင့်ဟု ဒီချုပ်ပါတီပြော ဦးခင်ညွန့်ကို ကန်တော့ခြင်းသည် သင်ပုန်းချေနိုင်ရန် ကြိုးစားခြင်းဟု ဦးဖြိုးမင်းသိန်းဆို


ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို ကန်တော့ရခြင်းသည် မိမိတို့ကို ဒုက္ခပေးခဲ့သူနှင့် မိသားစုဘဝများကို ဖျက်ဆီးသူအဖြစ်မှ သင်ပုန်း ချေနိုင်ရန်ကြိုးစားခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ 
ရန်ကုန်မြို့တော်ခန်းမတွင် ဒီဇင်ဘာ ၂၉ ရက်ကပြုလုပ်သည့် သက်ကြီးစာပေ ပညာရှင်များ ကန်တော့ပွဲ၌ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ဟောင်း ဦးခင်ညွန့်ကို ဝန်ကြီးချုပ်က ကိုယ်တိုင်တက်ရောက်ကန် တော့ခြင်းအား ဝေဖန်မှုများအ ပေါ် ၎င်းက ပြန်လည်ဖြေရှင်းခြင်း ဖြစ်သည်။ 

‘‘အားလုံးကို သင်ပုန်းချေနိုင် ဖို့ ကြိုးစားရမယ်။ ဘာကြောင့်လဲ ဆိုတော့ အနာဂတ်မျိုးဆက်တွေ ကို ကောင်းမွန်တဲ့ ရလဒ်ကို ပေး ချင်တယ်ဆိုရင် အကောင်းဆုံး စံနမူနာဖြစ်အောင် ကြိုးစားရ မယ်’’ဟု ဦးဖြိုးမင်းသိန်းက ပြော သည်။ 

လက်ရှိတွင် ၎င်းသည် ဝန် ကြီးချုပ်ဖြစ်ပြီး ဦးခင်ညွန့်သည် သာမန် အရပ်သားတစ်ယောက် နှင့် အကျဉ်းထောင်မှ လွတ် မြောက်လာသူတစ်ဦးသာ ဖြစ်သည်။ ထို့ကြောင့် အတုံ့အလှည့် များဖြင့် တုံ့ပြန်ရန်မရှိဟု ဦးဖြိုး မင်းသိန်းက ပြောသည်။ ထို့အပြင် စိတ်စေတနာနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေးတွင် အာဃာ တတရားများမရှိဟု ပြသနိုင်ရန် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။ 

ထိုသို့ အာဃာတတရား ကင်းရန် နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အကောင်းဆုံးနမူနာပြသခဲ့ ကြောင်း ဦးဖြိုးမင်းသိန်းက ဆို သည်။ 

‘‘ဒီလို စံနမူနာဖြစ်အောင် အဖွဲ့ချုပ်ဥက္ကဋ္ဌလည်းဖြစ်တယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမြဲ တမ်းပြသနိုင်ပါတယ်။ ကျွန်တော် ဆောင်ရွက်နိုင်တာက အတိုင်ပင် ခံကြီးနဲ့ယှဉ်ရင် ဘာမှ မရှိပါဘူး။ ကျွန်တော်တို့ အကောင်းဆုံလုပ် နိုင်တာ။ အာဃာတကင်းစင်ဖို့ အ ကောင်းဆုံးကို ဖော်ပြနိုင်ရမယ်’’ ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။ 

ဦးခင်ညွန့်က ၎င်းကို ပုဒ်မ ၅(ည)ဖြင့် ထောင်ဒဏ် ၁၅ နှစ် ချခဲ့ပြီး စစ်ထောက်လှမ်းရေး ဖျက်သိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြန်လည်လွှတ်ပေးခဲ့ သည်ဟု ဦးဖြိုးမင်းသိန်းက ဆို သည်။ 

အဆိုပါ စာပေပညာရှင်များ သက်ကြီးပူဇော်ပွဲကို နှစ်ဉ်ကျင်းပ ရာတွင် စာရေးဆရာအသင်းက ဦးစီးကျင်းပခြင်းဖြစ်ပြီး ၎င်းတက် ရောက်ခြင်းမှာ ထိုအခမ်းအနားကို လှူဒါန်းမှုပေးခြင်းနှင့် ချီးမြှောက် မှုပေးခြင်းဖြစ်သည်ဟု ဦးဖြိုးမင်း သိန်းက ပြောသည်။ 

ရန်ကုန်တိုင်း ဝန်ကြီးချုပ်၏ လုပ်ဆောင်ချက်အပေါ် ဒီချုပ် ပြောရေးဆိုခွင့်ရ ဒေါက်တာမျိုး ညွန့်က သင်ပုန်းချေခြင်းဆိုသည် မှာ ပုဂ္ဂိုလ်ရေးအရ အာဃာတမရှိ ခြင်းကိုသာ ဆိုလိုခြင်းဖြစ်ပြီး ဒီမို ကရေစီမရရှိသေးသည့် နိုင်ငံတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေ ဖြင့် ၎င်း၏ အပြုအမူ၊ အနေအ ထိုင်များကို သတိထား၍ ထိန်း ထိန်းသိမ်းသိမ်း ပြုမူသင့်ကြောင်း မှတ်ချက်ပြုသည်။ 

‘‘ဦးဖြိုးမင်းသိန်းအနေနဲ့ ကိုယ့်ရဲ့ လုပ်ရပ်ကြောင့် နောက် ကွယ်မှာ အခုလို ရိုက်ခတ်မှုတွေအများကြီး ဖြစ်လာနိုင်တာကို တော့ သတိထားပြီး ထိန်းထိန်း သိမ်းသိမ်းလုပ်သင့်တယ်လို့ ကျွန် တော်မြင်ပါတယ်’’ဟု ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံ စာရေးဆရာအ သင်းက ဦးဆောင်ပြုလုပ်သော စာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအခမ်းအနား တွင် ဦးခင်ညွန့်ကို ကန်တော့ခံ သက်ကြီးစာပေပညာရှင်အဖြစ် ထည့်သွင်းမှုအပေါ် နိုင်ငံရေးနယ် ပယ်၊ စာပေနယ်ပယ်တွင် ပြင်း ထန်စွာ ဝေဖန်မှုများ ထွက်ပေါ် နေသည်။ 

ထင်ရှားသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်း ကိုနိုင်ကလည်း ‘မည်သည့်အ ကြောင်းနှင့်မျှ လူသတ်ကောင်ကို ပုဂ္ဂိုလ်ကန်တော့ခံဖြစ်ကြောင်း မကြံကြလေနှင့်’ဟု ၎င်း၏ လူမှု ကွန်ရက်စာမျက်နှာတွင် ဒီဇင်ဘာ ၂၉ ရက် ညက ရေးသားခဲ့သည်။

7Day

0 comments:

Post a Comment