Sunday, December 30, 2018

ထိုင်းနိုင်ငံမှာ နှစ်သစ်ကူးမတိုင်ခင် သေဆုံးသူ ၁၀၀ နီးပါးရှိ


ထိုင်းနိုင်ငံမှာ နှစ်သစ်ကူး ခွင့်ရက်ရှည်အစမှာတင် ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးသူ (၉၈) ယောက်ရှိသွားပြီး၊ ဒဏ်ရာရတဲ့သူ တစ်ထောင်ကျော်သွားပြီလို့သိရပါတယ်။

ဒီဇင်ဘာလ (၂၇) ရက်နေ့နဲ့ (၂၈) ရက် နှစ်ရက်တည်းမှာတင် အခုလောက်ဖြစ်သွားတာလို့ သယ်ယူ ပို့ဆောင်ရေးဝန်ကြီး အာခွန် ကပြောပါတယ်။

အဲဒီဖြစ်ရပ်တွေမှာ မူးယစ်သောက်စားပြီး မောင်းတဲ့အတွက်ဖြစ်တာက ၄၀ ရာခိုင်နှုန်းလောက်ရှိပြီး၊ မိုင်ပိုမောင်းလို့ဖြစ်တာက ၂၈ ရာခိုင်နှုန်း၊ မော်တော်ဆိုင်ကယ်မှောက်တာက ၇၆ ရာခိုင်နှုန်းကျော် ဖြစ်တယ်လို့ဆိုပါတယ်။ သောကြာနေ့တစ်ရက်တည်းမှာပဲ စည်းကမ်းဖောက်လို့ အဖမ်းခံရတဲ့မော်တော် ကား ၁ သိန်းခွဲနီးပါးရှိပြီး၊ ဦးထုပ်မဆောင်းဘဲ မော်တော်ဆိုင်ကယ်မောင်းလို့ အဖမ်းခံရတဲ့အမှုက ၄ သောင်းကျော်ရှိပါတယ်။

ဒေသတွေအလိုက်ဆိုရင် မြောက်ပိုင်း ချင်းရိုင်ခရိုင်မှာ အသေအပျောက် အများဆုံးလို့ဆိုပါတယ်။ အဲဒီနောက် ချင်းမိုင်နဲ့ လော့ဘူရီတို့က ဒုတိယ အဖြစ်အများဆုံးလို့ သိရပါတယ်။

ကမ္ဘာတစ်လွှား ယာဉ်မတော်တဆဖြစ်မှုမှာ ထိုင်းနိုင်ငံက အဌမမြောက် အများဆုံးနိုင်ငံဖြစ်တယ်လို့ WHO အဖွဲ့ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။

RFA 

0 comments:

Post a Comment