Monday, December 31, 2018

ဆီးရီးယားက အမေရိကန်တပ်တွေရုပ်သိမ်းသည့်ကိစ္စ ရုရှားနှင့်တူရကီဆွေးနွေး


ရုရှားနဲ့ တူရကီနိုင်ငံတွေက နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး ဝန်ကြီးတွေဟာ ရုရှားနိုင်ငံ မြို့တော်မော်စကိုမှာ တွေ့ဆုံပြီး ဆီးရီးယားနိုင်ငံကနေ အမေရိကန် တပ်တွေ ဆုတ်ခွာသွားတဲ့ အရေးကို ဆွေးနွေးခဲ့တယ်လို့ ရုရှကာကွယ်ရေးဝန်ကြီးကို ကိုးကားပြီး ရုရှားသတင်းဌာန RIAက ရေးပါတယ်။ 
အမေရိကန် သမ္မတထရမ့်က ဆီးရီးယားကနေ အမေရိကန် စစ်သည် အင်အား ၂၀၀၀ လောက်ကို ပြန်ဆုတ်မယ်လို့ ပြောခဲ့လို့ အရှေ့အလယ်ပိုင်း ဒေသမှာ အမေရိကန် မူဝါဒဒေါက်တိုင် ပြောင်းပြန်ဖြစ်ခဲ့ပြီး အမေရိကန်ရဲ့ မဟာမိတ်တွေ အထိတ်တလန့် ဖြစ်စေခဲ့ပါတယ်။ 

ဒီအစည်းအဝေး အစပိုင်းမှာ တူရကီ နိုင်ငံခြားရေးဝန်ကြီး မေလွတ်ချာဗူရှိုလူက ဆွေးနွေးပွဲ တွေဟာ ဆီးရီးယားနိုင်ငံအတွင်း နောက်ဆုံးရ အခြေအနေတွေကို အာရုံစိုက်ထားမယ်လို့ ပြောပါတယ်။ 

ဓာတ်ပုံ-RFEL
DVB

0 comments:

Post a Comment