Sunday, December 30, 2018

အာရပ်တွင် ကယ်ဆယ်ရေး ရဟတ်ယာဉ်တစီး ပျက်ကျ



အာရပ်စော်ဘွားများပြည်ထောင်စု UAE က ရက်စ်အယ်လ် ခါအီမာမြို့ပေါ်ကို ကယ်ဆယ်ရေး ရဟတ်ယာဉ်တစီး ဒီဇင်ဘာ ၂၉ ရက်က ပျက်ကျခဲ့ပါတယ်။

ဒါကြောင့် ရဟတ်ယာဉ်ပေါ်က လူအားလုံး သေဆုံးခဲ့တယ်လို့ အရပ်ဘက် လေကြောင်း အာဏာပိုင်အဖွဲ့က ပြောပါတယ်။

Agusta 139 ဟာ ကယ်ဆယ်ရေး လုပ်ငန်းတခုအတွင်း ဂျဘယ်လ်ဂျစ် ဒေသထဲကို ပျက်ကျခဲ့တယ်လို့ အရပ်ဘက်လေကြောင်း အာဏာပိုင်အဖွဲ့ကို ကိုးကားပြီး အစိုးရ သတင်းဌာန WAM က အစီရင်ခံပါတယ်။

ရဟတ်ယာဉ် ပျက်ကျတဲ့ အကြောင်းရင်းကို အမြန် စုံစမ်းစစ်ဆေးဖို့ ရက်စ်အယ်လ် ခါအီမာ အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ထားတယ်လို့လည်း သတင်းဌာနက အစီရင်ခံပါတယ်။

ရဟတ်ယာဉ်ဟာ ပျက်ကျအပြီး မီးလောင်ခဲ့တာပါ။ သေဆုံးသူ အရေအတွက် အတိအကျကို မထုတ်ပြန်သေးပါဘူး။

0 comments:

Post a Comment