Monday, December 31, 2018

စာရေးဆရာ ကန်တော့ပွဲတွင် ဦးခင်ညွှန့် ထည့်သွင်းခြင်းကို နိုင်ကျဉ်းဟောင်းများ ပြင်းထန်စွာရှုတ်ချ

လူအများဆင်းရဲဒုက္ခ ရောက်ကြပြီးအသက်ဆုံးရှုံးမှုဖြစ် စဉ်တွင် အဓိကပါဝင်ခဲ့သော ဦး ခင်ညွန့်အားစာရေးဆရာများကန် တော့ပွဲတွင်ထည့်သွင်းကန်တော့ ခဲ့၍ ပြင်းထန်စွာရှုတ်ချကြောင်းနိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောသည်။ 
‘‘ကျွန်တော်တို့တိုင်းပြည်မှာ နိုင်ငံရေးအကျဉ်းသားတွေကိုရက် ရက်စက်စက်ဖိနှိပ်ညှဉ်းပန်းနှိပ် စက်ခဲ့ပြီးတော့ လူငယ်တွေ၊ နိုင်ငံ ရေးသမားတွေအပေါ်မှာ မ တောင်းပန်တဲ့အပြင် အသွင်ကူး ပြောင်းရေးကာလမှာ ဘာမှပါဝင် မလုပ်ခဲ့တဲ့လူကို ကန်တော့တယ် ဆိုတာ ဘယ်လိုမှမဖြစ်သင့်တဲ့ ကိစ္စပဲ’’ ဟု နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ (FPPS) ဦး ဆောင်ကော်မတီဝင် ဦးထွန်း ကြည်ကပြောသည်။ 

စာရေးဆရာဆိုသည်မှာ တိုင်းပြည်နှင့် နိုင်ငံသူနိုင်ငံသား များအတွက် အကျိုးပြုသည့်သူ ဖြစ်ရမည်ဖြစ်ပြီး လူသားများအ တွက် အကျိုးပြုစာပေများရေး သားနေသူ မဟုတ်သောကြောင့် ဦးခင်ညွန့်သည် ပူဇော်သင့်ပူဇော်ထိုက်သူထဲတွင် မပါဝင်ကြောင်း ၎င်းက ပြောသည်။ 

‘‘ဒီလိုလူကိုကန်တော့တဲ့အ ထဲမှာပါနေတာက နိုင်ငံရေးအ ကျဉ်းသားဟောင်းတစ်ယောက် ဖြစ်တဲ့ဝန်ကြီးချုပ်ဖြစ်နေတယ်။ ပြည်သူလူထုက NLD ကိုယုံကြည် ပြီးတော့ မဲပေးခဲ့တယ်။ တောင် ပြိုကမ်းပြိုနိုင်ခဲ့တယ်။ ဒီလိုမျိုးအ နေအထားမှာ ၀န်ကြီးချုပ်ကကန် တော့တယ်။ သီးသန့်တောင်တွေ့ တယ်ဆိုတာမျိုးဓာတ်ပုံတွေတက် လာတာဟာ ပြည်သူတွေရော၊ နိုင်ငံရေးအကျဉ်းသားတွေကိုစော် ကားလိုက်တဲ့အပြင် ဒါကသစ္စာ ဖောက်တယ်လို့ ကျွန်တော်တို့က အလေးအနက်ခံယူတယ်’’ ဟု ဦးထွန်းကြည်ကပြောသည်။ 

ဦးခင်ညွန့်အနေဖြင့် နိုင်ငံ ရေးအကျဉ်းသားများကို ရက်ရက် စက်စက်ဖိနှိပ်ညှဉ်းပန်းနှိပ်စက်ခဲ့ ခြင်းနှင့် ပတ်သက်ပြီးကျူးလွန်ခဲ့ ကြောင်း ၀န်ခံမည်ဆိုပါက ပြန် လည်သင့်မြတ်ရေးအတွက်သင် ပုန်းချေခြင်းကိုစဉ်းစားပေးနိုင် သော်လည်းယခုအချိန်ထိလုပ် ဆောင်မှုမရှိခြင်းကြောင့် ပြည် သူများစိတ်တွင် စိတ်ဒဏ်ရာများ ရှိနေကြောင်း နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့ (FPPS) ဦးဆောင်ကော်မတီဝင် ဦးတင် မောင်ဦးကပြောသည်။ 

‘‘ကျွန်တော်တို့ပြောချင်တာ ကစကားပြောလို့ရတယ်။ လက် ဆွဲနှုတ်ဆက်လို့ရတယ်။ ဒီလိုမျိုး ကန်တော့တဲ့အထိဖြစ်သွားတာ ကတော့ အကုန်လုံးသိက္ခာကျစေ တယ်လို့မြင်ကြတယ်။ ဘာပဲဖြစ် ဖြစ်။ အမျိုးသားပြန်လည်သင့် မြတ်ရေးဆိုတာက ဖြစ်ပျက်သမျှ ကို မေ့ပစ်ပြီး သင်ပုန်းချေဖို့မဟုတ် ဘူးဗျ’’ ဟု ဦးတင်မောင်ဦးကပြော သည်။ 

စာရေးဆရာများအနေဖြင့် မိမိသိခြင်းကို သူတစ်ပါးအပေါ် လွှမ်းမိုးခြင်းနှင့် မိမိသိလိုခြင်းကိုသူတစ်ပါး သိစေရန်မျှဝေခြင်းနှစ်ချက်သာရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က စာရေးဆရာ၆၀ ကျော်နှင့်တွေ့ဆုံစဉ်က စာရေးဆရာဆိုသည့်အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံစာရေးဆရာအ သင်းက ဦးဆောင်ပြုလုပ်သော စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များပူ ဇော်ကန်တော့ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ကျင်းပရာအခမ်း အနားသို့ တက်ရောက်လာသည့် စာရေးဆရာအချို့က ကန်တော့ ခံစာရေးဆရာများနေရာတွင် ရှေ့ ဆုံးတန်း၌ ထိုင်နေသည့် ဗိုလ်ချုပ် ကြီးဟောင်းခင်ညွန့်အား ၀န်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက ဦးဆောင်ကာ ကန်တော့ခဲ့သည်။ 

‘‘ဒီလိုလူမျိုးကို စာရေးဆရာ အဖြစ်သတ်မှတ်ပြီး ကန်တော့ခံ အဖြစ်သတ်မှတ်တာဟာ စီစဉ်တဲ့ သူတွေက ဘာကြောင့်ဒီလိုစီစဉ် တာလဲဆိုတာ စဉ်းစားလို့မရဘူး။ ဒီလူက ဘာတွေလုပ်ခဲ့တဲ့သူလဲ။ ပြည်သူ့အကျိုးပြုစာတွေ ဘယ် လောက်တောင် ရေးခဲ့လို့လဲ။ ဒီလိုလူကို ကန်တော့ခံခိုင်းတယ် ဆိုတဲ့ပွဲစီစဉ်သူ တာဝန်ရှိသူ တွေက ပြည်သူကို တောင်းပန်သင့်တယ်။ ဒီလူလုပ်ခဲ့လို့ဘ၀တွေ ပျက်၊ အသက်တွေပေးခဲ့ကြရ တယ်။ ဒီလူလုပ်ခဲ့လို့ ထောင်နံရံ တွေက သွေးတွေမခြောက်သေး ဘူး။ လူတွေရင်ထဲမှာ အပူမီးတွေ မငြိမ်းသေးဘူး။ ဒီလိုလူကို ကန် တော့တယ်ဆိုတာ တော်တော်ကို ဆိုးရွားတဲ့ကိစ္စပါ’’ ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအဖွဲ့ (AAPP) မှ ပြော ရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးကျော် ကပြောသည်။ 

အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံစာရေးဆရာအသင်း ကစီစဉ်ခြင်းသာဖြစ်ပြီး ယင်း အခမ်းအနားတွင် တစ်ချိန်ကတပ် မတော်စစ်ထောက်လှမ်းရေးအ ကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့် လာရောက်တက်သည်ကို တွေ့ မြင်ရကြောင်းဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ပုဇွန်တောင်မြို့နယ် အောက်ပုဇွန်တောင်လမ်းမကြီး၊ ပြည်တော်သစ်အိမ်ရာစီမံကိန်း ဧရိယာတွင် ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်သော ပြည်တော်သစ်အိမ် ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း ပိုင်တိုင်စိုက်ထူခြင်း မင်္ဂလာအ ခမ်းအနားသို့ တက်ရောက်လာ စဉ် မီဒီယာများအားပြောသည်။ 

‘‘ကျွန်တော်က အခုချိန်မှာ ၀န်ကြီးချုပ်ပါ။ ဦးခင်ညွန့်ဟာ သာမန်အရပ်သားတစ်ယောက် ပါ။ သူဟာအကျဉ်းထောင်ကနေ လွတ်လာခဲ့တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ဒီအခြေအ နေမှာ ကျွန်တော်တို့က အတုံ့အ လှည့်တွေကိုထားပြီး တုံ့ပြန်နေ ဖို့မလိုအပ်ပါဘူး။ ကျွန်တော်တို့ ရဲ့စိတ်စေတနာ၊ အမျိုးသားပြန် လည်သင့်မြတ်ရေးအတွက်ထား ခဲ့တဲ့စိတ်ကကျွန်တော်တို့က အာ ဃာတတရားတွေမရှိဘူးဆိုတဲ့အ ခြေအနေကို ရင်ထဲမှာ ရှင်းရှင်း ကျွန်တော်တို့ပြသဖို့လိုပါတယ်’’ ဟု ဦးဖြိုးမင်းသိန်း၏ပြောဆိုမှုကို မီဒီယာများတွင်ဖော်ပြခဲ့သည်။ 

မြန်မာနိုင်ငံ စာရေးဆရာ များအသင်းက ပြုလုပ်ခဲ့သော သက်ကြီးပူဇော်ပွဲ၏ ကန်တော့ ခံပုဂ္ဂိုလ်များတွင် ဗိုလ်ချုပ်ကြီး ဟောင်းခင်ညွန့်ပါဝင်နေမှုအပေါ် သတ်မှတ်ချက်နှင့်ပြည့်၍ ရွေး ချယ်ခြင်းဟု စီစဉ်သူမြန်မာနိုင်ငံ စာရေးဆရာများအသင်း ဥက္ကဋ္ဌ စာရေးဆရာ မနုဿကျော်ဝင်းက ပြောကြားထားသည်။ 

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း အနေဖြင့် ဦးခင်ညွန့်ကိုဂါဝရ ပြုကန်တော့ခြင်းသည် မလုပ်သင့် သောကိစ္စတစ်ခုဖြစ်ပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီးဖြေရှင်းချက် များကို အွန်လိုင်းမီဒီယာများတွင် တွေ့မြင်ရသော်လည်း ယခုကဲ့သို့ မရိုကျိုးသင့်ကြောင်း နိုင်ငံရေး အကျဉ်းသားများကူညီစောင့် ရှောက်ရေးအဖွဲ့ (AAPP) ပြော ရေးဆိုခွင့်ရှိသူဦးအောင်မျိုးကျော် ကပြောသည်။ 

‘‘ဒါတွေအတွက် တော်တော် ကို စိတ်မကောင်းဘူး။ ကျွန်တော် တို့က ကလဲ့စားချေချင်တာမဟုတ် ဘူး။ ဒီလူတွေမတောင်းပန်မချင်း ကျွန်တော်တို့ကတော့ ခွင့်မလွှတ် နိုင်ဘူး။ ကျွန်တော်တို့ ခွင့်လွှတ် ဖို့အတွက် ဒီနေ့အချိန်အထိ တောင်းပန်တာမရှိသေးဘူး။တိုင်း ပြည်ကို ဖျက်ဆီးခဲ့တဲ့သူတွေ။ လူ တွေကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့သူ တွေ၊ သူတို့တွေကြောင့် အသက် သေအကျဉ်းကျခံရတဲ့ကိစ္စတွေ၊ တိုင်းပြည်ပျက်စီးသွားစေတဲ့ကိစ္စ တွေအတွက်ကို သူတို့တောင်းပန် ဖို့တာဝန်ရှိတယ်။ ဒီလိုတောင်း ပန်မှ ကျွန်တော်တို့က ခွင့်လွှတ် ကျေအေးပေးလို့ရမှာ။ မတောင်း ပန်ဘဲနဲ့တော့ ခွင့်လွှတ်လို့ရမ လား၊ ကျေအေးပေးလို့ရမလား ဆိုပြီး မရဘူး။ တစ်ဖက်ကတောင်း ပန်မှရမှာပါ’’ ဟု ဦးအောင်မျိုး ကျော်ကပြောသည်။ 

ထို့အပြင် ၈၈ ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦး မင်းကိုနိုင်က ဦးခင်ညွန့်အား ကန်တော့ခဲ့သည့် ကိစ္စနှင့်ပတ် သက်ပြီး ‘မည်သည့်အကြောင်း နှင့်မျှလူသတ်ကောင်ကို ပုဂ္ဂိုလ် ကန်တော့ခံဖြစ်ကြောင်း မကြံကြ လေနှင့်’ ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားထား သည်။ ထို့အပြင် ၈၈ ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦး ဂျင်မီက ၎င်း၏ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ‘ငါးပါးစင်ပေါ် ဘယ်လိုပဲတင်တင် လူသတ် ကောင်ဟာလူသတ်ကောင်ပါပဲ’ ဟု ရေးသားထားသည်။

7Day

0 comments:

Post a Comment