အိန္ဒိယ အစိုးရတက္ကသိုလ်တစ်ခုရဲ့ ကျောင်းအုပ်တစ်ယောက်ဟာ ကျောင်းသားတွေကို သူ့တက္ကသိုလ်မှာ ရန်ဖြစ်ကြရင် လာမတိုင်ပဲ အချင်းချင်းသတ်ပစ်လိုက်ကြဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယရဲ့ လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်တဲ့ ဥတ္တရာပရာဒက်ရှ်ဟာ ပြည်နယ်တွင်း တင်းမာမှုနဲ့ ရာဇဝတ်မှုဖြစ်နှုန်းတွေ မြင့်မားတာကြောင့် နာမည်ဆိုးထွက်နေပြီး ယခင်အပတ်တွေမှာလည်း လူအုပ်လိုက်အကြမ်းဖက်မှုတွေ ရှိခဲ့ပါတယ်။
ပြည်နယ်ရဲ့ ပူရ်ဝန်ချယ်တက္ကသိုလ်မှာလည်း ကျောင်းသားသဘာဝအတိုင်း ရန်ဖြစ်၊ အနိုင်ကျင့်မှုတွေရှိတာကြောင့် ၄င်းတို့ကို ဖြေရှင်းပေးရတဲ့ လက်ထောက်ကျာင်းအုပ်ကြီး ပါမောက္ခ ယာဒဗ်ကတော့ စိတ်မရှည်စွာနဲ့ပဲ ကျောင်းသားတွေကို နည်းလမ်းအသစ်တစ်ခုသုံးကြဖို့ တိုက်တွန်းခဲ့ပါတယ်။
“မင်းတို့က ဒီတက္ကသိုလ်မှာတက်နေတဲ့ ကျောင်းသားတွေဆိုရင် ငါ့ဆီကို ငိုကြီးချက်မနဲ့ လာမတိုင်နဲ့။ ရန်ဖြစ်ရင် ငြိမ်ခံမနေပဲ ပြန်ချလိုက်။ ဖြစ်နိုင်ရင် တစ်ခါတည်း သတ်ပစ်လိုက်ကြ။ နောက်မှ ငါတို့ လိုက်ရှင်းပေးမယ် ”လို့ ဆိုခဲ့ပါတယ်။
ယင်း တိုက်တွန်းချက်ကို ဒီဇင်ဘာ ၂၈ သောကြာနေ့ တက္ကသိုလ်တွင်း မိန့်ခွန်းတစ်ခုမှာ ထည့်ပြောသွားတာဖြစ်တယ်လို့ မှတ်တမ်းဗီဒီယိုအရ သိရပါတယ်။
Ref: reuters
ZHO (အကုန်သိ သတင်းဌာန)
0 comments:
Post a Comment