Monday, December 31, 2018

ကျောက်မီးသွေးတွင်းထဲ ပိတ်မိနေသူများကို အိန္ဒိယရေငုပ်သမားများ ကယ်မထုတ်နိုင်သေး


အိန္ဒိယရေတပ်က ရေငုပ်သမားတွေဟာ ရေလွှမ်းနေတဲ့ ကျောက်မီးသွေးတွင်းထဲမှာ ပိတ်မိနေတဲ့ တွင်းလုပ်သား ၁၅ ယောက်ကို ကယ်ထုတ်ဖို့ ကြိုးစားနေပေမယ့် တွင်းထဲမှာ ရေမျက်နှာပြင်က မထင်ထားလောက်အောင် မြင့်နေလို့ မကယ်နိုင်ဘဲ လက်ဗလာနဲ့ ပြန်ခဲ့ကြရပါတယ်။ 
တွင်းလုပ်သားတွေဆီ ဒီဇင်ဘာ၃၁ရက်မှာ ရောက်နိုင်ရေး ဆက်ပြီး ကြိုးစားနေပြီး တွင်းထဲက ရေတွေကုန်အောင် ဖိအားမြင့်ရေစုပ်စက်တွေနဲ့ စုပ်ထုတ်နေရာမှာ ငါးရက် အချိန်ယူရနိုင်တယ်လို့ ရေငုပ်သမားတွေက ပြောပါတယ်။ 

တရားမဝင် ကျောက်မီးသွေးတွင်းထဲမှာ တွင်းသားတွေ အလုပ်လုပ် နေတုန်း ရေကြီးလာလို့ ဒီဇင်ဘာ ၁၃ရက်တည်းက ပိတ်မိနေခဲ့ကြတာပါ။ 

အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်း၊ မေဂါလာယာပြည်နယ်အတွင်း တရားမဝင် သတ္ထုတွင်း တွေမှာ အန္တရာယ်က ဖြစ်ပွားနေကြပါ။ 

ကလေးလုပ်သားတွေအပါအဝင် အလုပ်သမားတွေဟာ ပေပေါင်းရာချီ နက်တဲ့ တွင်းတွေထဲကို ဝါးလှေကားတွေနဲ့ ဆင်းပြီး မြေအောက်ထဲက ကျောက်မီးသွေးတွေကို သယ်ယူလေ့ ရှိပါတယ်။

DVB

0 comments:

Post a Comment