Sunday, December 30, 2018

ပြည်ထောင်စုဝန်ကြီးသူရ ဦးအောင်ကိုက ထိုင်းနိုင်ငံ Sathira Dhammasatha ကျောင်းတိုက် သို့အလှုငွေဘတ်ငွေ ငါးသိန်းလှုဒါန်း


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် နှစ်သစ်ကူး ဆုတောင်းပွဲအကြိုသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်း ( ဗဟို) မှ လှုဒါန်းသည့် ထိုင်းဘတ်ငွေ ၅ သိန်းကို သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရ ဦးအောင်ကိုကဘန်ကောက်မြို့ရှိ Sathira Dhammasatha ကျောင်း တိုက်သို့ နဝကမ အလှုငွေ အဖြစ် ဒီဇင်ဘာလ ၃၀ ရက်နံနက်ပိုင်းကလှုဒါန်းခဲ့ပြီးဗုဒ္ဓဘုရားဆင်းတုတော်အား အနေကဇာတင်ပူဇော်ခဲ့ကြောင်းလည်းသိရသည်။


ယနေ့ဒီဇင်ဘာလ ၃၀ ရက် ညနေ ပိုင်းတွင်း မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော် သံဃနဟာနာယကအဖွဲ့ ဥက္ကဌ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဦးဆောင်သော သံဃာတော်များ ၊သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန မှ ပြည်ထောင်စု ဝန်ကြီးသူရ ဦးအောင်ကို နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်း ဗဟို (ဥက္ကဌ) ၀ဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ တို့က ထိုင်းနိုင်ငံရှိ သံဃာရာဇာ သာသနာ ပိုင်ချူပ် ဆရာတော် သီတင်းသုံးရာ ဝပ်ရာဇာဗိုဖစ် ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာဗုဒ္ဓရုပ်ပွားတော်အား ဆီမီးနှင့် အမွှေးနံ့သာများ ထွန်းညှိပူဇော်ခဲ့ကြကြောင်းလည်းသိရသည်။

ယင်းအပြင်ဝိဟာရ ခန်းမတွင် နှစ်နိုင်ငံဗုဒ္ဓသာသနာ ပူပေါင်းဆောင်ရွက်ရန် အတွက် ပြည်ထောင်စု ဝန်ကြီးသူရ ဦးအောင်ကိုက သံဃာတော် အရှင်သူမြတ်များအား လျှောက်ထားခြင်းလှုဖွယ် ဝတ္တုပစ္စည်းများ ဆပ်ကပ်ခြင်း။ သာသနာပိုင်ချူပ် ဆရာတော်မှ ဧည့်သည် သံဃာတော်များ နှင့် လူပုဂ္ဂိုလ်များအား အမှတ်တရလက်ဆောင်များပေးအပ်ခြင်း နှင့် စုပေါင်းဓတ်ပုံ ရိုက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

Pyi Myanmar


0 comments:

Post a Comment