Monday, December 31, 2018

မူဆယ်တွင် သစ်သီးကားများ ပိတ်မိနေခြင်း အစိုးရ ကူညီဖြေရှင်းပေးရန် တောင်းဆို

မူဆယ်တွင် ဖရဲ၊ သခွား သစ်သီးကားများ ပိတ်မိနေခြင်းကို အစိုးရဘက်မှ ကူညီဖြေရှင်းပေးရန် မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်အသင်း၌ ဒီဇင်ဘာ ၂၉ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ တောင်းဆိုခဲ့သည်။ 
ဒီဇင်ဘာ ၂၉ ရက် သတင်းစာရှင်းလင်းပွဲတွင် မူဆယ် သစ်သီးကုန်သည်များက တရုတ်နိုင်ငံမှ လုံခြုံ ရေးအရစစ်ဆေးမှု ကြန့်ကြာခြင်းကြောင့် သစ်သီးများ အရည်အသွေးကျဆင်းပြီး ဆုံးရှုံးနစ်နာမှုများရှိ ကြောင်း ပြောကြားခဲ့သည်။ 

ကားများ ပိတ်မိနေသဖြင့် ပယ်သီးဟုခေါ်သည့် အရည်အသွေးမမီသော အသီးများက ကုန်တင်ယာဉ် တစ်စီးတွင် အနည်းဆုံး သုံးတန်အထိရှိနေကြောင်း 

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် သစ်သီးဝလံ ကုန်စည်ဒိုင်ဥက္ကဋ္ဌဦးစိုင်းမြင့်ဗိုလ်က ပြောသည်။ ကားတစ်စီးဆုံးရှုံးမှုက ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအကြား ရှိသည်ဟု ၎င်းကဆိုသည်။ 

ထို့အပြင် သစ်သီးကားအစီး ရေ ၁,၀၀၀ ကျော် မူဆယ်မြို့တွင် ကျန်ရှိနေခြင်းကြောင့် လတ်တ လော အသီးခူးဆွတ်တင်ပို့ခြင်း မပြုရန် သစ်သီးကုန်သည်များ အား ၀န်ဆောင်မှုပေးနေသည့် အရှေ့မြောက်တံခါး အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် က ဒီဇင်ဘာ ၂၉ ရက်တွင် သတိ ပေးကြေညာချက် ထုတ်ပြန် သည်။ 

တရုတ်နိုင်ငံသို့ ဖရဲ၊ သခွား မွှေး တင်ပို့ရာတွင် ပန်ဆိုင်း၊ ၀မ် တိန်လမ်းကြောင်းကို တရုတ်နိုင်ငံ က ခွင့်ပြုထားသော်လည်း တစ် ရက်လျှင် ကားအစီးရေ ၂၀၀ ခန့် သာ ဖြတ်သန်းနိုင်သည်။ ထို့ ကြောင့် ဒီဇင်ဘာ ၂၉ ရက်အထိ မူဆယ်၌ ကားအစီးရေ ၁,၀၀၀ ကျော်ရှိနေပြီး မူဆယ်သို့ ဦးတည် လာသည့် ကားအစီးရေလည်း ၃၀၀ ခန့်ရှိနေသည်။ 

ထို့ကြောင့် ဆုံးရှုံးမှုမများစေ ရန် အသီးများကို ထပ်မံခူးဆွတ် ပြီး တင်ပို့ခြင်း ခေတ္တဆိုင်းငံ့ထား ရန် တိုက်တွန်းသည်။ 

ကျင်စန်းကျော့လမ်းကြောင်း ကို လုံခြုံရေးအခြေအနေကြောင့် နယ်စပ်ဒေသ လုံခြုံရေးအဖွဲ့အ စည်းများက ဒီဇင်ဘာ ၂၇ ရက် တွင်စတင်ပြီး ပိတ်ခဲ့ခြင်းဖြစ် ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက ပြောသည်။ 

ဒီဇင်ဘာ ၂ ရက် ညက မူဆယ်မြို့နယ် ကျင်စန်းကျော့ လမ်းတွင် လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့တိုက်ပွဲဖြစ်ပြီး ပြည်သူ့စစ်အဖွဲ့မှ သုံးဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ သည်။ ထိုကဲ့သို့ နယ်မြေလုံခြုံရေး အခြေအနေကြောင့် မြန်မာ-တ ရုတ် နှစ်နိုင်ငံ တရားမ၀င်ဖွင့်လှစ် ထားသည့် ဂိတ်ကို လက်ရှိတွင် ပိတ်ခဲ့ရပြီး မုခ်ဦးပြင်နေသည့် ပန် ဆန်း၊ ၀မ်တိန်ဂိတ်ကို ပြောင်းလဲ အသုံးပြုနေသည်ဟု ၎င်းကဆို သည်။ 

‘‘အခုပိတ်လိုက်ရတာက တရားမ၀င်ဖြစ်လို့ ပိတ်လိုက်တာပါ’’ဟု ဦးရန်နိုင်ထွန်းကပြောသည်။ မူဆယ်မှ ယူနန်ပြည်နယ်သို့ ကုန်ပစ္စည်းများ တင်ပို့ရာတွင် မြန်မာ၊ တရုတ် နှစ်နိုင်ငံ ညှိနှိုင်းထားသည့် နယ်စပ်ကုန်သွယ်ရေး ဂိတ် နှစ်ခုသာရှိသည်။ မန်ဝိန်းဂိတ်ဟုခေါ်သည့် မူဆယ်၊ ရွှေလီဂိတ်နှင့် ပန်ဆန်း၊ ၀မ်တိန်ဂိတ်တို့ ဖြစ်သည်။ 

ကျင်စန်းကျော့ဂိတ် ပိတ် ခြင်းအပေါ် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ၀င်းထွဋ်လေးထံသို့ ဆက်သွယ် မေးမြန်းရာ ‘‘ကျင်စန်းကျော့လမ်း ကြောင်းကို ပိတ်ရတာက နဂိုက တည်းက တရားဝင်နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်း မဟုတ် ဘူးခင်ဗျ။ တပ်မတော်ကလည်း ပိတ်တာမဟုတ်ဘူး။ တပ်မတော် က ပိတ်ပိုင်ခွင့်လည်း မရှိပါဘူး ခင်ဗျာ’’ဟု ပြောသည်။တရုတ်အစိုးရက လုံခြုံရေး အကြောင်းပြချက်ဖြင့် မြန်မာနိုင်ငံ မှ ၀င်ရောက်မည့် လူနှင့်ယာဉ်များ ကို တင်းကျပ်စွာစိစစ်မည်ဟု ဒီ ဇင်ဘာ ၂၀ ရက်တွင် ရွှေလီအစိုး ရ ပြည်ပရေးရာဌာနက မူဆယ် မြို့ရှိ စီးပွားရေးအသင်းအဖွဲ့များ ထံ သတိပေးစာပေးပို့ခဲ့သည်။ 

ထို့နောက် မြန်မာနိုင်ငံမှ လူ နှင့်ယာဉ်မောင်းများကို လက်ဗွေ များ စစ်ဆေးခြင်း၊ မျက်လုံး Scan ဖတ်စစ်ဆေးခြင်းများကြောင့် ယ ခင်ထက်စစ်ဆေးချိန် ပိုမိုကြာမြင့် လာသည်။ ထို့ကြောင့် မြန်မာနိုင်ငံ မှ သစ်သီးပို့ကုန်ကားများ နယ်စပ် ဂိတ်တွင် ပိတ်မိနေပြီး ဆုံးရှုံးမှု များ ဖြစ်ရသည်ဟု သစ်သီးကုန် သည်များက ပြောသည်။ 

မူဆယ် ၁၀၅ မိုင်မှ ၁၀ မိုင် ခန့် ကွာဝေးပြီး လမ်းကောင်းမွန် ခြင်းကြောင့် ကျင်စန်းကျော့လမ်း ကို တရားဝင်ကုန်သွယ်ရေးလမ်း ကြောင်းဖြစ်လာစေရန် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်တွင် ပြုလုပ် သောမြန်မာ၊ တရုတ်ကုန်စည်ပြပွဲ၌ တရုတ်အစိုးရတာဝန်ရှိသူ များကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ သည်ဟု ဦးရန်နိုင်ထွန်းက ပြော သည်။ 

ထို့ကြောင့် ကျင်စန်းကျော့ လမ်းပိတ်ပြီးနောက် ပန်ဆန်း၊ ၀မ် တိန်လမ်းကြောင်းကို အသုံးပြုနိုင် ရန် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံဘက်တွင် မုခ်ဦးပြု လုပ်ရန် ကားအ၀င်၊ အထွက် ပိတ်ပြီး ငြမ်းဆင်နေခြင်း ယာ ယီပြန်ဖျက်သိမ်းပေးရန် တရုတ် အာဏာပိုင်များနှင့် ညှိနှိုင်းခဲ့ သည်။ 

အသီးကားများ ၀င်၊ ထွက် နိုင်ရန် တရုတ်နိုင်ငံဒေသခံအစိုးရ အဖွဲ့နှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန တာ ၀န်ရှိသူများ၊ မူဆယ်မြို့ရှိ စီးပွား ရေးအသင်းအဖွဲ့များက ညှိနှိုင်း ဆွေးနွေးပြီးနောက် ဒီဇင်ဘာ ၂၇ ရက် ညနေတွင် ဖြတ်သန်းခွင့်ရရှိ ခဲ့သည်။ 

သို့သော် ပန်ဆန်း၊ ၀မ်တိန် လမ်းသည် လမ်းကျဉ်းပြီး တစ် ရက်ကားအစီးရေ ၂၀၀ အောက် သာ သွားနိုင်ခြင်းကြောင့် ကျင်စန်း ကျော့လမ်းကို ပြန်လည်ဖွင့်လှစ် ပေးရန် သစ်သီးဝလံကုန်စည်ဒိုင် က မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန် ကုန်သွယ်ရေးဦးစီးဌာန ညွှန် ကြားရေးမှူးထံ ဒီဇင်ဘာ ၂၈ ရက်တွင် စာတင်တောင်းဆိုထား သည်။ 

လက်ရှိတွင် မြန်မာနိုင်ငံ၌ ဖရဲ၊ သခွားတင်ပို့သော ရာသီဖြစ်သောကြောင့် နေ့စဉ်ကုန်တင်ယာဉ်အစီးရေ ၅၀၀ ကျော် တရုတ်နိုင်ငံအတွင်း ၀င်ရောက်ခဲ့ သော်လည်း တရုတ်အစိုးရလုံခြုံ ရေးအပြောင်းအလဲကြောင့် တစ် ရက်လျှင် ကားအစီးရေ ၂၀၀ ခန့် သာ ၀င်ခွင့်ရသည်။

7Day

0 comments:

Post a Comment