Monday, December 31, 2018

“နှစ်သစ်ကူးတရား အလှူတော် ဓမ္မသဘင်” ပြည်သူ့ရင်ပြင်တွင်ကျင်းပမည်


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော “နှစ်သစ်ကူးတရား အလှူတော် ဓမ္မသဘင်”ကို ဇန်န၀ါရီ ၁ ရက်နေ့ မှ စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ 
“နှစ်သစ်ကူးတရား အလှူတော် ဓမ္မသဘင်”ကို ရွှေတိဂုံစေတီတော်မြတ်ကြီး ခြေတော်ရင်း ပြည်သူ့ရင်ပြင် တွင် ဇန်န၀ါရီ ၁ ရက်နေ့မှ ဇန်န၀ါရီ ၃ ရက်နေ့အထိ ညစဉ် ၇ နာရီခွဲတွင် စတင်ကျင်းပသွားမည်ဖြစ်ပြီး၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ ဗန်းမော်တိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသနှင့် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဥာဏိဿရ တို့က နှစ်သစ်ကူးတရားတော်များကို ဟောကြားကြမည်ဖြစ်သည်။ 

အဆိုပါ “နှစ်သစ်ကူးတရား အလှူတော် ဓမ္မသဘင်”သို့ အများပြည်သူများ လာရောက်နာကြားနိုင်ကြပြီး၊ SKY NET နှင့် မဟာဗောဓိ ရုပ်သံလိုင်းတို့မှလည်း တိုက်ရိုက်ထုတ်လွှင့်လှူဒါန်းပူဇော်မည်ဖြစ်ကြောင်းသိရသည်။

Popular News Journal 

0 comments:

Post a Comment