ပြင်သစ်နိုင်ငံ မြို့တော်ပါရီက လေပါရီစိန်း သတင်းစာတိုက် အဆောက်အဦနားမှာ ဒီဇင်ဘာ ၂၉ ရက်က ကားတွေ မီးရှို့ခံရပါတယ်။
ဘယ်သူက ကားတွေကို မီးရှို့လဲ ဆိုတာနဲ့ ပြင်သစ်ရဲ့ ဝတ်စုံဝါ ဆန္ဒပြပွဲတွေနဲ့ တိုက်ရိုက် ဆက်စပ်သလား ဆိုတာလဲ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
နိုင်ငံတလွှား လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေက ပိတ်ဆို့ထားပြီး မနေ့ကတော့ ဆန္ဒပြသူ လူအုပ်တွေဟာ မြို့လယ်တွေဆီ ချီတက်ခဲ့ကြပါတယ်။
မနေ့ညနေက ဆန္ဒပြသူ အယောက် ၈၀၀ လောက် လမ်းပေါ်ထွက်လာခဲ့ပြီး လူ ၅၇ ယောက်ကို ဖမ်းခဲ့တယ်လို့ ရဲက ပြောပါတယ်။
အရင်အပတ်ကလည်း ဆန္ဒပြခဲ့ပြီး လူ ၁၀၉ ယောက် ထက်မနည်း အဖမ်းခံခဲ့ရပါတယ်။ ဒီဇင်ဘာ အစောပိုင်းက ပါရီမြို့တော်မှာ ဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက်ခဲ့ပါတယ်။
 







 
 
 
 
 
0 comments:
Post a Comment