Monday, December 31, 2018

မြွေကိုက်ခံရသူများအနက် ကိုက်သည့်မြွေအမျိုးအစား ခွဲခြားနိုင်ခြင်းမရှိသည့် လူနာများအတွက် မြွေပွေးနှင့် မြွေဟောက် အဆိပ်နှစ်မျိုးစလုံးကို ဖြေပေးနိုင်သည့် Bivalent မြွေဆိပ်ဖြေဆေးများ ဆေးဝါးစက်ရုံ (အင်းစိန်) က ထုတ်လုပ်

မြွေကိုက်ခံရသူများအနက် ကိုက်သည့်မြွေအမျိုးအစားခွဲခြားနိုင်ခြင်းမရှိသည့် လူနာများအတွက် မြွေပွေး နှင့် မြွေဟောက်အဆိပ်နှစ်မျိုးလုံးကို ဖြေပေးနိုင်သည့် Bivalent မြွေဆိပ်ဖြေဆေးများကိုဆေးဝါးစက်ရုံ (အင်းစိန်)မှ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ မြွေကိုက်မှု ဖြစ်စဉ်တွေရဲ့ ရာခိုင်နှုန်း ၉၀ လောက်က မြွေပွေးကိုက်ခံရတာ ဖြစ်ပါတယ်။ ခြောက်ရာခိုင် နှုန်းလောက်ကတော့ မြွေဟောက်ကိုက်ခံရတာဖြစ်ပြီး ကျန်တဲ့ရာခိုင်နှုန်းအနည်းငယ်က အခြားမြွေအမျိုးအစား ကိုက်ခံရခြင်းကြောင့် ဖြစ်ပါတယ်။ ဆေးဝါးစက်ရုံ(အင်းစိန်)အနေနဲ့ မြွေပွေးအဆိပ်ဖြေဆေးကို ရာခိုင်နှုန်းအများစု ထုတ်လုပ်ပြီး မြွေဟောက်အဆိပ်ဖြေဆေးကို ၁၀ ရာခိုင်နှုန်းလောက် ထုတ်လုပ်နေပါတယ်” ဟု ဆေးဝါးစက်ရုံ (အင်းစိန်) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိ၌ ပြည်တွင်းလိုအပ်ချက်ထက် ပြည့်စုံသော မြွေဆိပ်ဖြေဆေးများအားပြည်ပသို့ တင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများသို့ မြွေဆိပ်ဖြေဆေး အလုံး ၅၀၀ စမ်းသပ်တင်ပို့ ရောင်းချခဲ့ကြောင်းနှင့်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြွေဆိပ်ဖြေဆေး အလုံး၅ဝဝဝခန့်တင်ပို့နိုင် ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆေးဝါးစက်ရုံ (အင်းစိန်) မှ ထုတ်လုပ်သော မြွေဆိပ်ဖြေဆေးများကိုဒေသတွင်း နိုင်ငံများသို့ ရောင်းချနေပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ကမ္ဘောဒီး ယားနိုင်ငံသို့ မြွေပွေးအဆိပ်ဖြေဆေး အအေးခဲခြောက်အလုံး ၃၀၀ နှင့် လာအို နိုင်ငံသို့ မြွေဆိပ်ဖြေဆေးအလုံး ၂၀၀ ကို တစ်လုံးလျှင်အမေရိကန်ဒေါ်လာ ၂၂ တန်ဖိုးဖြင့်တင်ပို့ရောင်းချခဲ့ပြီးဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

Eleven Media Group

0 comments:

Post a Comment