ယခုနှစ် ရွှေလီမာရသွန်ပြိုင်ပွဲကို ယနေ့ ဒီဇင်ဘာ ၃၁ ရက် ဒေသစံတော်ချိန် နံက် ၉ နာရီက တရုတ်နိုင်ငံ ရွှေလီမြို့ကျယ်ဂေါင်ရှိ ယဉ်ကျေးမှုရင်ပြင်တွင် ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် စုစုပေါင်း ၈၈၁၈ ဦး စာရင်းတင်ထားသော်လည်း အမှန်တကယ်လာရောက်ယှဉ်ပြိုင်သူ ၆၉၀၅ ဦးရှိပြီး မြန်မာဖက်က ၅၀၀ ကျော် ပါဝင်သည်။
တာဝေးတွင် ၆၈၃ ဦး၊ တာလတ်တွင် ၁၈၂၂ ဦး၊ တာတိုတွင် ၃၉၆၂ ဦးနှင့် မိသားစုမာရသွန်တွင် ၂၄၃၈ ဦး ပါဝင်သည်ဟု ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။
ပါဝင်ယှဉ်ပြိုင်ကြသည့် နိုင်ငံများမှာ တရုတ်၊ မြန်မာ နှစ်နိုင်ငံအပြင် ဗြိတိန်၊ ဂျပန်၊ မကာအို၊ ထိုင်ဝမ်၊ ဂျာမနီ၊ စင်ကာပူနှင့် ဟောင်ကောင်တို့လည်း ပါဝင်သည်။
ပြိုင်ပွဲကို တရုတ်နိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းတာဝန်ယူပြီး ရွှေလီနှင့် မူဆယ်အုပ်ချုပ်ရေးဌာနတို့က စီစဉ်ခြင်းဖြစ်သည်။
ဓာတ်ပုံ - မမ (လားရှိုး)
The Voice
0 comments:
Post a Comment