Monday, December 31, 2018

နှစ်သစ်ကူးည မတော်တဆထိခိုက်မှုများ ကုသပေးရန် ရန်ကုန်မြို့ ဆေးရုံကြီးနှစ်ခုတွင် ပြင်ဆင်ထား


ရန်ကုန်ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပဆေးရုံကြီး အ ရေးပေါ်ဌာနတို့တွင် နှစ်သစ်ကူးည မတော်တဆထိခိုက်ဒဏ်ရာ ရရှိသော လူနာများအား သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ ကိုယ်တိုင် အရေးပေါ်ဆေးကုသ မှုပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထား ကြောင်း နိုင်ငံပိုင်ရုပ်သံကသတင်း ထုတ်ပြန်သည်။ 
ရန်ကုန်ဆေးရုံကြီး အရေး ပေါ်ဌာနတွင် အထူးကုဆရာဝန် ကြီးများ၊ သူနာပြုများ အပါအ၀င် ကျန်းမာရေးဝန်ထမ်း ၁၅၀ ကျော် ဖြင့် ဆေးကုသမှု ပေးနိုင်ရန် ပြင် ဆင်ထားသည်။ 

ထို့အတူ မြောက်ဥက္ကလာပ ဆေးရုံကြီး အရေးပေါ်ဌာနတွင် လည်း သက်ဆိုင်ရာအထူးကု ဆရာဝန်ကြီးများ အပါအ၀င် ကျန်းမာရေးဝန်ထမ်းများကို တိုး မြှင့်ချထားမည်ဖြစ်ပြီး လိုအပ် သောဆေးဝါးနှင့် ပစ္စည်းကိရိယာ များလည်း ဖြည့်ဆည်းထား ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။ 

ယမန်နှစ် နှစ်သစ်ကူးညက ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိ လာသော လူနာ ၈၅ ဦးအထိရှိပြီး ယင်းအနက် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်းလေး ဦး သေဆုံးခဲ့သည်။

7Day

0 comments:

Post a Comment