Monday, December 31, 2018

ကိုးရက်ကြာ ပျောက်ဆုံးနေသော ကလေးကို အစိုးရက အင်တိုက်အားတိုက်ရှာဖွေပေးရန် မိဘများ တောင်းဆို

ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် ကလေးပျောက်မှု ကိုးရက်ကြာပြီးနောက် အစိုးရအနေဖြင့် ကလေးတစ်ဦး အသက်ကို တန်ဖိုးထားသည့်အနေဖြင့် အင်တိုက်အားတိုက် ကူညီပေးရန် ကလေး၏ဖခင် ဦးစိုင်းခမ်းက တောင်းဆိုသည်။ 
‘‘သားလေးကို အခုထိမတွေ့ ရသေးဘူး။ အရမ်းစိုးရိမ်နေပြီ။ ကလေးသေဆုံးတာတော့ မဖြစ် နိုင်ဘူးလို့ ကျွန်တော် ယုံတယ်။ အစိုးရအနေနဲ့ အများကြီးလာကူညီကြဖို့ တောင်းဆိုချင်တယ်ဗျာ’’ ဟု ၎င်းက ယမန်နေ့တွင် ပြော သည်။ 

ရပ်စောက်မြို့နယ် ယမ်း တွင်းငါးကြောင် ကျေးရွာအုပ်စု မြေမဲရွာနေ ဦးစိုင်းခမ်းနှင့် ဒေါ်နန်း ခမ်းဆိုင်၏သား အသက်(၂)နှစ်ခွဲအရွယ် စိုင်းအိုက်အွန်သည် ဒီဇင်ဘာ ၂၂ ရက်တွင် မိခင်နှင့်အတူ ပြောင်းဖူးခြံထဲ လိုက်သွားရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ 

ယင်းသို့ ကိုးရက်ကြာသည် အထိ အစိုးရက အင်တိုက်အား တိုက် ကူညီခြင်းမရှိသည့်အပေါ် ဒေသခံရွာသားများနှင့် လူမှုကွန် ရက်များတွင် ဝေဖန်မှုများ ရှိ နေသည်။ လက်ရှိတွင် ရဲတပ်ဖွဲ့ ၏ လုပ်နည်းလုပ်ဟန်ဖြင့် ကူညီ ခြင်းသာရှိပြီး တောနင်းရှာဖွေမှု မရှိသေးဟု ရွာသားများက ပြော သည်။ 

ဦးစိုင်းခမ်းသည် ကလေး ပျောက်သည့်နေ့ကစပြီး စိုးရိမ်မှု ကြောင့် အစားအသောက်မမှန် ဘဲ စိတ်ကယောင်ချောက်ချား ဖြစ်နေသည်ဟု ကလေးကို ဦး ဆောင်ရှာဖွေပေးနေသည့် မြေမဲ ရွာသား ခွန်မျိုးမြတ်ပြောသည်။ 

‘‘ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကလေးကိုရိုက်တဲ့ ဗီဒီယိုဖိုင်မြင် တော့ ဒါ ငါ့ကလေးထင်တယ်၊ ငါ့ကလေးနဲ့တူတယ်ဆိုပြီး ကျွန် တော့်ကို လာပြောတယ်။ သူ့ကလေးကို သူအရမ်းစိုးရိမ်နေ တယ်လေ။ ကလေးက သေတာလည်း မဖြစ်နိုင်သေးဘူးဗျ။ ကလေးသေပြီဆို အနံ့ရရမယ်။ ရွာသားတွေလည်း ကလေးမသေ သေးဘူးလို့ ယုံကြည်တယ်’’ဟု ခွန်မျိုးမြတ်ကပြောသည်။ 

လူသားချင်းစာနာထောက် ထားခြင်းအဖြစ် ကလေးအမှုမှန်ပေါ်ပေါက်စေရန် နိုင်ငံတော် အဆင့် ထိုင်းနိုင်ငံတွင် ရှာဖွေသ ကဲ့သို့ လိုအပ်သည့် စက်ယန္တရား ပစ္စည်းများဖြင့် ၀ိုင်းဝန်းပြီး ဌာနပေါင်းစုံမှ လာရောက်ကူညီရှာ ပေးစေချင်ကြောင်း၊ ယခုပုံစံအရ အစိုးရ၏ အလေးထားမှုကို အား မရကြောင်း ၎င်းကဆိုသည်။ 

ထိုင်းနိုင်ငံတွင် မြန်မာကြံခုတ်လုပ်သား ဇနီးမောင်နှံ၏ (၂)နှစ်အရွယ် သားငယ်သည် ကြံခင်း အတွင်း ပျောက်ဆုံးခဲ့ရာ ထိုင်း ကယ်ဆယ်ရေးအဖွဲ့များ၊ ဆင် များ၊ အနံ့ခံခွေးများ၊ ရေငုပ်သမား များဒရုန်းများဖြင့် ကူညီရှာဖွေပေး ခဲ့ပြီး ကိုးရက်အကြာတွင် ကလေး ကို သေဆုံးလျက် ပြန်လည်တွေ့ ရှိခဲ့သည်။ 

ကလေးပျောက်ဆုံးသည့် ခြံ သည် ရပ်စောက်မြို့နယ်နှင့် ဟို ပုံးမြို့နယ် နယ်စပ်ဟိုပုံးနယ်အပိုင်တွင်ဖြစ်၍ ဒီဇင်ဘာ ၂၈ ရက်တွင် ရပ်စောက်မြို့နယ် ပြည် နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က ကူညီပြီး ဟိုပုံးမြို့နယ်ရဲစခန်းတွင် လူပျောက်မှုဖြင့် အမှုဖွင့်ခဲ့သည်။ သို့သော် ယမန်နေ့ကအထိ ကလေးပျောက်ဆုံးနယ်မြေဒေသတွင် ရွာသားအင်အား ၂၀၀ ဖြင့် အဖွဲ့သုံးဖွဲ့ ဖွဲ့ကာ နေ့စဉ်ရှာဖွေနေဆဲဖြစ် သည်။

7Day

0 comments:

Post a Comment