Sunday, January 27, 2019

ဟံသာဝတီဦးဝင်းတင်ပြတိုက်ကို NAC ဝင်းအတွင်း မကြာမီစတင်တည်ဆောက်မည်


ဟံသာဝတီဦးဝင်းတင် နောက်ဆုံးနေထိုင်ခဲ့သည့် နေအိမ် ပုံစံတူပြတိုက်ကို ရန်ကုန်မြို့ အ ရှေ့ဒဂုံမြို့နယ်ရှိ NLD AIDS Center (NAC) ဝင်းတွင် ရက်ပိုင်းအတွင်း စတင်တည်ဆောက် မည်ဖြစ်ကြောင်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူ သင်းက ပြောသည်။ 
ဟံသာဝတီဦးဝင်းတင် အမှတ်တရပြတိုက်ဖြစ်မြောက်ရေး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်း၊ မြို့တော်ဝန် ဦးမောင် မောင်စိုး၊ NAC ဂေဟာ တည် ထောင်သူ ၎င်းနှင့် အင်ဂျင်နီယာ အချို့တို့သည် ဇန်နဝါရီ ၂၆ ရက်ကရန်ကုန်မြို့တွင် တွေ့ဆုံဆွေး နွေးခဲ့ကြောင်း ဒေါ်ဖြူဖြူသင်းက ပြောသည်။ 

‘‘အဘရဲ့ အိမ်လေးကလည်း သိပ်အကြီးကြီး မဟုတ်ဘူးဆို တော့ အဆင်ပြေတယ်ပေါ့နော်။ အဘရဲ့ အသုံးအဆောင်ပစ္စည်း တွေနဲ့ အိမ်ဖျက်ထားတဲ့ပစ္စည်း တွေ အကုန်လုံးက ရှိတယ်လေ။ ဒီရက်ပိုင်းအတွင်းမှာ လုပ်မှာပါ။ အမြန်ဆုံးလုပ်မှာပါ’’ ဟု ဒေါ်ဖြူ ဖြူသင်းက ပြောသည်။ NAC ဂေ ဟာသည် အရှေ့ဒဂုံမြို့နယ် (၁၁) ရပ်ကွက် ဟိုင်ဆင်ဒူးဝါးလမ်းတွင် တည်ရှိသည်။ 

လတ်တလောတွင် နေအိမ် ပုံစံတူ ပြတိုက်အဆောက်အအုံ တည်ဆောက်မှု၊ ဦးဝင်းတင်မ ကွယ်လွန်မီ အသုံးပြုခဲ့သည့် အ သုံးအဆောင်ပစ္စည်းများကိုနေရာချထားမည်ဖြစ်ကြောင်း ဒေါ်ဖြူဖြူသင်းကပြောသည်။ ဘတ်ဂျက် ကိစ္စ၊ ပြတိုက်ထိန်းသိမ်းစောင့်ရှောက်သူများ ရွေးချယ်ရေးနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေး ဆောင်ရွက် ရန် ရှိကြောင်း ၎င်းကပြောသည်။ 

ယခင်ကတည်းက ဟံသာဝ တီဦးဝင်းတင်အမှတ်တရ ပြတိုက် ဖြစ်မြောက်ရေး အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း များ ပါဝင်သည့် ကော်မတီဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးရန်အောင်က ပြော သည်။ 

ဟံသာဝတီဦးဝင်းတင်သည် ၎င်း၏ အရင်းနှီးဆုံးမိတ်ဆွေ ဦးအုန်းထွန်းမိသားစုပိုင်ဆိုင်သည့် ရန်ကင်းမြို့နယ် အရိယာမဂ္ဂင် လမ်းရှိ အိမ်အမှတ် (၁၀) တွင် မကွယ်လွန်မီ နောက်ဆုံးနေထိုင်ခဲ့ သည်။ ဟံသာဝတီဦးဝင်းတင်၏ မိတ်ဆွေရင်း ဦးအုန်းထွန်းလည်း ကွယ်လွန်ခဲ့ပြီဖြစ်ပြီး ၎င်း၏ မိသားစုပိုင်ဆိုင်သည့် မြေကွက်နှင့် နေအိမ်ကို အသစ်ပြန်လည် ဆောက်လုပ်ရန် ဖြိုဖျက်ခဲ့သည်။ 

ဟံသာဝတီဦးဝင်းတင် နေ ထိုင်စဉ်က သုံးစွဲခဲ့သည့် အသုံးအ ဆောင်များနှင့် ၎င်းပိုင်ဆိုင်သည့် ပစ္စည်းများကို ဦးအုန်းထွန်း၏ သမီးနှင့်သမက် ဦးယုလွင်တို့ လက်ရှိနေထိုင်ရာအိမ်တွင် ဆက် လက်ထိန်းသိမ်းထားကာ ဟံ သာဝတီဦးဝင်းတင်အမှတ်တရ ပြတိုက်ဖွင့်လှစ်နိုင်ပါက ပြန်လည် ပေးအပ်မည်ဖြစ်ကြောင်း ဦးယု လွင်က ပြောကြားထားသည်။ 

သတင်းစာဆရာ၊ စာရေး ဆရာတစ်ဦးအပြင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် စတင်တည် ထောင်စဉ် ပါဝင်ခဲ့သော နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝင်းတင်သည် အသက် (၈၅) နှစ်အရွယ် ၂၀၁၄ ဧပြီ ၂၁​ ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။ 

သတင်းစာဆရာများဖြစ် သည့် ကြေးမုံဦးသောင်း (အောင် ဗလ)၊ ဇဝနတို့နှင့်အတူ ကြေးမုံ သတင်းစာတွင် ဦးဆောင်လုပ် ကိုင်ခဲ့ပြီး ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်အဖြစ် ထင်ရှားသူ ဟံသာဝတီဦးဝင်းတင်သည် မြန်မာနိုင်ငံ၏ ဝါရင့်သတင်းစာ ဆရာကြီးဖြစ်ပြီး အကျဉ်းထောင် အတွင်း အရှည်ကြာဆုံးနေခဲ့ရ သည့် နိုင်ငံရေးအကျဉ်းသား ဟောင်းလည်းဖြစ်သည်။ 

ဦးဝင်းတင်သည် မကွယ် လွန်မီ ၂၀၀၁ တွင် UNESCO က ချီးမြှင့်သည့် Guillermio Cano ကမ္ဘာ့စာနယ်ဇင်းလွတ်လပ် မှုဆု၊ ၂၀၀၆ တွင် RSF Journalist Prize (နယ်စည်းမခြားသတင်း စာဆရာဆု)၊ ၂၀၀၈ တွင် ဂျာမနီ နိုင်ငံက ချီးမြှင့်သည့် လွတ်လပ်မှု နှင့် အနာဂတ်မီဒီယာဆု၊ ၂၀၁၁ တွင် ကမ္ဘာ့သတင်းစာအဖွဲ့အ စည်းကချီးမြှင့်သည့် ရွှေက လောင်ဆု ရရှိခဲ့သည်။ ၎င်းသည် နိုင်ငံတကာက ချီးမြှင့်ဆု ငွေများ အပါအဝင် စာအုပ်ရေးသားထုတ် ဝေမှုမှရရှိသည့် ဝင်ငွေများကို နိုင်ငံရေးအကျဉ်းသားဟောင်း များ ဘဝပြန်လည်ထူထောင်ရေး နှင့် ၎င်းတို့၏မိသားစုများကို ကူ ညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်သည့် ဖောင်ဒေးရှင်း တည်ထောင်ခဲ့သည်။

ဟံသာဝတီဦးဝင်းတင်အ မှတ်တရ ပြတိုက်ပြုလုပ်ပါကခမ်း နားသေသပ်စေရန် အချိန်ယူ ပြုလုပ်သင့်ကြောင်း နိုင်ငံရေးအ ကျဉ်းသားဟောင်းအချို့က မှတ် ချက်ပြုသည်။

7Day

0 comments:

Post a Comment