Friday, May 25, 2018

၂၁ ရာစုပင်လုံကို ပြီးစလွယ်မကျင်းပလို၍ အဖြေကောင်းရရှိရေး ဦးတည်ဆွေးနွေးနေဟု အပစ်ရပ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ပြော


ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ ၂၁ ရာစုပင်လုံကို ပြီးစလွယ်မကျင်းပလို၍ အဖြေကောင်းရရှိရေး ဦးတည်ဆွေးနွေးနေကြောင်း တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးအဖွဲ့များ၏နိုင်ငံရေးကဏ္ဍ အလွတ်သဘောဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပဒိုစောတာဒိုမူးက ပြောသည်။

၂၁ ရာစုပင်လုံ တတိယအ စည်းအဝေးကို သတ်မှတ်ချိန်အ တိုင်း မကျင်းပနိုင်ဘဲ အကြိမ်ကြိမ် ရွှေ့ဆိုင်းနေရမှုနှင့်ပတ်သက်၍ ၎င်းက ပြောကြားခြင်းဖြစ်သည်။

‘‘နိုင်ငံရေးဆွေးနွေးပွဲမှာ တစ်ဖက်က ဖိအားပေးဆွေးနွေးတဲ့ ပုံစံမျိုးလည်း မဖြစ်စေချင်ဘူး။ အဖြေကောင်းရလဒ်ကိုလည်း လိုချင် တာပေါ့။ အဲဒါကြောင့် UPC (ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ) လုပ်ပြီဆိုတာနဲ့ တကယ်အဖြေ ကောင်းတွေရရှိအောင်၊ ရလဒ် ကောင်းတွေရရှိအောင် အခြေခံ ကိုဦးတည်ပြီးတော့ ဆွေးနွေးနေ တာ ဖြစ်ပါတယ်။ ပြီးစလွယ်နဲ့ ပွဲဖြစ်ရင် ပြီးရောဆိုတဲ့ပုံစံမျိုးတော့ မသင့်တော်တော့ဘူး’’ ဟု ပဒို စောတာဒိုမူးကဆိုသည်။ 

ငြိမ်းချမ်းရေးညီလာခံကို ပြီး စလွယ်ဆွေးနွေးပါက ပြည်သူလူ ထုက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အ ပေါ် ယုံကြည်မှုကျလာနိုင်၍ အ လွတ်သဘော ဆွေးနွေးပွဲများတွင် အကျေအလည် ဆွေးနွေးနေသည် ဟု ၎င်းကပြောသည်။

အစိုးရနှင့် အပစ်ရပ်အဖွဲ့ များသည် နိုင်ငံရေးကဏ္ဍအလွတ် သဘောဆွေးနွေးမှုကို ဧပြီနှင့် မေလတွင် နှစ်ကြိမ်ပြုလုပ်ထားသည်။ ယင်းဆွေးနွေးပွဲများ၌ အစိုးရကလိုလားသည့် ‘ပြည်ထောင်စုမှ ခွဲမထွက်ရ’ နှင့် တိုင်းရင်းသားများလိုလားသည့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ဆိုင်ရာကိစ္စတို့နှင့် ပတ်သက် ပြီး အပေးအယူအဆင်မပြေသေး ဟု တိုင်းရင်းသားအဖွဲ့ ကိုယ်စား လှယ်အချို့က ဆိုသည်။

တိုင်းရင်းသားများအနေဖြင့် ပြည်ထောင်စုမှ ခွဲထွက်ခိုင်းသည့် တိုင် ခွဲထွက်မည်မဟုတ်ကြောင်း၊ ယင်းအချက်သည် ဖက်ဒရယ်အ ခြေခံမူမဟုတ်ဘဲ ကြိုတင်ကန့် သတ်ချက်တစ်ခုသာဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေး မှူးလည်းဖြစ်သူ  ပဒိုစောတာဒိုမူး က ပြောသည်။

‘‘ဒီကိစ္စကိုဘာကြောင့် စားပွဲ ပေါ်ကိုရောက်လာရသလဲဆိုတာ ကို ပြန်စဉ်းစားလိုက်လို့ရှိရင် တစ် ဖက်နဲ့ တစ်ဖက်ကြားမှာ မယုံ ကြည်မှုတွေ နက်နက်ရှိုင်းရှိုင်းရှိတဲ့ အတွက် ပေါ်လာတာ’’ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် တစ်ဖက်နှင့် တစ်ဖက်အကြား ယုံကြည်မှုတည် ဆောက်ရေး ဖက်ဒရယ်နှင့် ဒီမိုက ရေစီအခြေခံမူများကို ဦးစွာဆွေးနွေးပြီးယင်းကိစ္စကိုကိုင်တွယ်သင့် သည်ဟု ၎င်းကပြောသည်။ 

သမ္မတရုံးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး တွင် အစိုးရနှင့် တိုင်းရင်းသားအ ဖွဲ့များအကြား ညှိနှိုင်းမရခဲ့သည့် ခွဲမထွက်ရနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိစ္စကို အလွတ်သဘောဆွေးနွေး မှုများတွင် ဆွေးနွေးညှိနှိုင်းအဖြေ ရှာနိုင်ရေး ဆောင်ရွက်နေသည် ဟု ပြောသည်။ 

ယင်းကိစ္စကို အစိုးရ၊ တပ်မ တော်၊ လွှတ်တော်ကိုယ်စားလှယ် များ တွေ့ဆုံကာ မေလ ၂၂ နှင့် ၂၃ရက်တွင် ဆွေးနွေးခဲ့ပြီး မေလ ၂၈ရက်တွင် တိုင်းရင်းသားအဖွဲ့များ နှင့် ပြန်လည်တွေ့ဆုံဆွေးနွေးချိန် ၌ ပြေလည်မှုရမည်ဟု မျှော်လင့် ကြောင်း ဦးဇော်ဌေးက ဆိုသည်။ ၂၁ ရာစုပင်လုံတတိယအစည်း အဝေးကို ဇွန်လအတွင်း ကျင်းပ နိုင်ရေး အစိုးရကကြိုးပမ်းနေ သည်ဟုလည်း၎င်းကဆိုသည်။

7Day

0 comments:

Post a Comment