Monday, May 28, 2018

မန္တလေးဘုရားကြီးအနောက်မုဒ် ကျောက်ဆစ်တန်းအနီးရှိ ရွှေဆိုင် အနုကြမ်းစီးခံရ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အမှတ် ၁၀ ရဲစခန်းအပိုင် ဘုရားကြီး အနောက်မုဒ်နှင့် ကျောက်ဆစ်တန်းအနီးရှိ ရွှေစင်မြင့်မိုလ် ရတနာ ရွှေဆိုင်တွင် ယနေ့ မေလ ၂၈ရက်နေ့ နေ့လည် ၁၀နာရီခွဲ ၀န်းကျင်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသား ၂ ဦးက ဝင်ရောက် အနုကြမ်းစီးသဖြင့် ရွှေ ၇ ကျပ်သားကျော် လုယူခံခဲ့ရကြောင်း၊ အခင်းဖြစ်ပွားချိန်မှာ လျှပ်စစ်မီးများ ပြတ်တောက်နေချိန်လည်းဖြစ်သည့်အတွက် CCTV ကင်မရာများကို ပြန်လည်ကြည့်ရှုရန်လည်း ခက်ခဲကြောင်း၊ အနုကြမ်းစီးသွားသည့် ၂ ဦးကို ဖမ်းဆီးနိုင်ရန် ရဲတပ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။


ဓာတ်ပုံ- ဇော်ဇော်/ဧရာဝတီ



0 comments:

Post a Comment