သာသာနာနှစ်-၂၅၆၂ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊နယုန်လဆန်း (၁၃)ရက်၊ ၂၀၁၈ ခု၊ မေလ(၂၇)ရက်၊ တနင်္ဂနွေနေ့
၁။ ။ ယနေ့ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းမေတ္တာအဖွဲ့ (Religions for Peace)စသော အမည်ခံ ဘာသာရေးပေါင်းစုံအဖွဲ့နှင့် ထိုအဖွဲ့၌ ပါဝင်နေသော ပုဂ္ဂိုလ်များ၏ လုပ်ရပ်နှင့် ရပ်တည်ချက်များသည်-
(က) လူပြိန်းကြိုက် ခေါင်းစဉ်လှလှ,အဖွဲ့နာမည်လှလှ အသုံးပြုကာ ဘာသာရေး ခုတုံးလုပ်၍ ကိုယ်ကျိုးရှာ နိုင်ငံရေး အမြတ်ထုတ်နေသော လုပ်ရပ်များ ဖြစ်ခြင်း၊
(ခ) မူရင်း အများစုကိုးကွယ်ရာ ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဗုဒ္ဓဘာသာကိုပင် သေးသိမ်ညှိုးမှိန်အောင် လုပ်ရာရောက်ခြင်း၊
(ဂ) နိုင်ငံတော်၏ အဓိကရည်ရွယ်ချက်ဖြစ်သော အမျိုးသား ရင်ကြားစေ့ရေးကိုလည်း အထောက်အကူ မပြုခြင်းတို့ကြောင့် ယင်းလုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကန့်ကွက်သည်။
၂။ ။ လက်ရှိ နိုင်ငံတော် အစိုးရက ယနေ့ ရခိုင်ပြည်နယ်၌ ခိုးဝင် ဘင်္ဂါလီများအား နိုင်ငံသားစိစစ်ခံယူမည့်သူ၏ သက်သေခံကဒ်ပြားခေါ် N.V.C(National Verification Card) ခွင့်ပြု ချထားပေးခြင်းသည် အနာဂတ် မြန်မာနိုင်ငံတော်နှင့် တိုင်းရင်းသားများအတွက် အသက်အိုးအိမ်,စည်းစိမ် လုံခြုံရေးစသော အန္တရာယ်များ ကျရောက်နိုင်ခြင်းကြောင့် ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေနှင့်အညီသာ အတိအကျ လိုက်နာဆောင်ရွက်ပေးရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းသည်။
၃။ ။ သူတို့ ဆန္ဒအလျောက် ထွက်ခွာသွားကြသော ခိုးဝင်ဘင်္ဂလီအကြမ်းဖက်များသည် မိမိတို့၏ မူရင်းတိုင်းရင်းသားများလည်း မဟုတ်, သူတို့နှင့် လူမျိုးတူ, ဘာသာတူ သူတို့နိုင်ငံသို့ ပြန်ရောက်နေသူများလည်း ဖြစ်ခြင်းကြောင့် လိုအပ်သော အကူအညီများ အထိုက်အလျောက် ကူညီရုံမှလွဲ၍ မြန်မာနိုင်ငံအတွင်း ပြန်လည်လက်ခံခြင်းကို ဆန့်ကျင်ကန့်ကွက်သည်။
၎။ ။၂၀၁၈ ခုနှစ်၊ ဧပြီလ(၃၀) ရက်နေ့၌ နိုင်ငံတော်အစိုးရ တာဝန် ရှိပုဂ္ဂိုလ်များကို မထီမဲ့မြင်ပြုလုပ်ခဲ့သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်(၁၅) နိုင်ငံမှ ကိုယ်စားလှယ်များ အပါအဝင် နိုင်ငံ၏ အချုပ်အခြာ အာဏာကို အန္တရာယ်ပြုနိုင်သည့် မည်သည့်ပုဂ္ဂိုလ်,အဖွဲ့အစည်းကိုမျှ မြန်မာ့မြေပေါ်သို့ ခြေချခွင့်မပေးရန် နိုင်ငံတော်အစိုးရအား တောင်းဆိုသည်။
၅။ ။မြန်မာတိုင်းရင်းသားများနှင့်နိုင်ငံသားများကို ရက်ရက်စက်စက် လူမျိုးတုံးသတ်ဖြတ်နေသော ဘင်္ဂါလီအကြမ်းဖက်(ARSA)အဖွဲ့၏လုပ်ရပ်ကို မသိကျိုးကျွံပြုကာ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကိုကာကွယ်စောင့်ရှောက်နေသော နိုင်ငံတော်အစိုးရနှင့်မြန်မာ့တပ်မတော်ကို အရေးယူဖို့ (ICC)အဖွဲ့သို့တင်ရန်ကြိုးပမ်းနေသည့် ပုဂ္ဂိုလ်,အဖွဲ့အစည်းမှန်သမျှကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။
၆။ ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တရားဝင်အဖွဲ့အစည်းဖြစ်သော တစ်ခုတည်းသော မြန်မာ့တပ်မတော်သည် နိုင်ငံတော်၏ အာဏာပြန့်နှံ့ရာ မည်သည့်ဒေသမှာမဆို ကာကွယ်ရေး, လုံခြုံရေးစသည်တို့ကိုလိုအပ်သလို စီမံပိုင်ခွင့်ရှိသည့်အားလျှော်စွာ တိုင်းပြည်နှင့်လူမျိုးအတွက် ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ကာအသက်စွန့် ကာကွယ်စောင့်ရှောက်နေသော မြန်မာ့တပ်မတော်ကို ထိခိုက်နစ်နာအောင်,ဆုတ်ယုတ်ပျက်စီးအောင် ပြုလုပ်သည့် မည်သည့်အပြုအမူ,ပုဂ္ဂိုလ်, ပါတီ,အဖွဲ့ အစည်းကိုမဆို ပြင်းထန်စွာ ကန့်ကွက်သည်။
၇။ ။နေရာဒေသ အတော်များများ၌ ဗုဒ္ဓဘာသာ သာသနာတော်နှင့် သီလ,သမာဓိ,ပညာ သိက္ခာကြီးမားသည့် ဆရာတော်,သံဃာတော်များကို တစိုက်မတ်မတ်ပုတ်ခတ်စော်ကားနေသည့် ပုဂ္ဂိုလ်များ၏ ဟောပြောမှုကိုတော့ တစ်စုံတစ်ရာ အရေးယူမှုမပြုဘဲ အားပေးအားမြှောက်ပြုနေခဲ့ပြီး ၂၅-၃-၂၀၁၈ -နေ့စစ်ကိုင်းတိုင်းဒေသကြီး ၊မင်းကင်းမြိုနယ်၊ကျောက်တန်းကျေးရွာ ဟောပြောပွဲ၌ ယထာဘူတကျကျ အမြင်ဖွင့်ဟောပြောသော အမျိုးသားရေး စာရေးဆရာကြီး မောင်သွေးချွန်(ခ) ဦးမြင့်စိုးအား တရားစွဲဆိုခြင်းသည် ``လူခင် မူပြင်၊လူမုန်း မူသုံး´´ ပုံစံမျိုး သက်ရောက်နေသဖြင့် ဒီမိုကရေစီစံနှုံးနှင့် ဆန့်ကျင်နေခြင်းကြောင့် ယင်းစွဲဆိုမှုအပေါ် ပြန်လည်စဉ်းစား သုံးသပ်ပေးရန် နိုင်ငံတော်အစိုးရအား အလေးအနက်တောင်းဆိုသည်။
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး
ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းကြီး
ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း Online Media
0 comments:
Post a Comment