Friday, May 25, 2018

လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင်ပြည်ခိုင်ဖြိုးပါတီဝင်သင့်/မသင့်မဆုံးဖြတ်ရသေး


၂၀၁၈ခုနှစ်အတွင်းကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သင့်မပြိုင်သင့်ကို မဆုံးဖြတ်ရသေးကြောင်း ပြည်ခိုင်ဖြိုးပါတီမှလွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးကဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဆောင်ရွက်ချက်များပေါ်တွင်အားရကျေနပ်မှုမရှိဘဲ မှန်ကန်မျှတမှုအားနည်းကြောင်းပြောဆိုခဲ့သည့်အပေါ် ပါတီ၏ပြောရေးဆိုခွင့်ရှိသူဒေါက်တာလှမြင့်ကိုရွေးကောက်ပွဲကော်မရှင်မှခေါ်ယူမေးမြန်းခဲ့ပြီးပါတီဖက်မှ ပြီးခဲသြည်ရွေးကေကာက်ပွဲဖြစ်စဉ်ဖြစ်ရပ်များကိုအထောက်အထားနှင့်ပြန်လှည်ရှင်းလင်းခဲ့သည်ဟု ၎င်းကဆိုသည်။

"ကျန်တဲ့မြို့နယ်အသီးသီးမှာလည်းအဲ့ဒီလိုပဲဥပဒေနဲ့အညီမြို့မိမြို့ဖတွေပါတယ်အုပ်ချုပ်ရေးဘက်ကအဖွဲ့အစည်းတွေပါတယ်နောက်လွှတ်တော်ကိုယ်စားလှယ်တွေပါတယ်ဒီအဖွဲ့တွေအားလုံးကရွေးပေးပါဆိုလို့ရွေးပေးလိုက်တဲ့သူတွေကိုသူတို့အစီအစဉ်နဲ့သူတို့ပြန်ပြီးတော့ပယ်ဖျက်တယ်အသစ်ပြန်ခန့်တယ်ဆိုတာတော်တော်များများမှာအဲ့လိုဖြစ်ခဲ့တယ်အဲ့ဒါကြောင့်ယုံကြည်ရတာနည်းနည်းခက်ခဲတယ်ပေါ့ဒါကြောင့်ဒီဟာကိုဝင်မယ်မဝင်ဘူးဆိုတာကိုယတိပြတ်မပြောသေးတာဖြစ်ပါတယ်"ဟုပျော်ဘွယ်မဲဆန္ဒနယ်မှဦးသောင်းအေးကပြောသည်။

ယနေ့နေပြည်တော်တွင်ကျင်းပသောဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးသတ္တမနေ့တွင်မီဒီယာများကိုဖြေကြားခဲ့ခြင်းဖြစ်သည်။

လစ်လပ်မဲဆန္ဒနယ်(၁၃)နေရာအတွက်ကြားဖြတ်ရွေးကောက်ပွဲကိုလာမည့်ယခုနှစ်နိုဝင်ဘာလ(၃)ရက်နေ့တွင်ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားသည်။

ဖူးဖူးအောင်
Popular News Journal

0 comments:

Post a Comment