Sunday, May 27, 2018

ဘင်္ဂါလီများ ပြန်လည်လက်ခံခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် အစိုးရနှင့်​တပ်​မ​တော်​ကို အ​ရေးယူရန် (ICC) အဖွဲ့သို့တင်​ရန်​ကြိုးပမ်း​နေသည့်​ ပုဂ္ဂိုလ်​၊ အဖွဲ့အစည်းမှန်​သမျှကို ကန့်​ကွက်​ရှုတ်​ချကြောင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း (ဗဟို) သဘောထား ထုတ်ပြန်

အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း (ဗဟို)သည် ဘင်္ဂါလီများ ပြန်လည်လက်ခံခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် အစိုးရနှင့်​ တပ်​မ​တော်​ကို အ​ရေးယူရန် (ICC) အဖွဲ့သို့ တင်ရန်​ကြိုးပမ်း​နေသည့်​ပုဂ္ဂိုလ်​၊ အဖွဲ့အစည်းမှန်​သမျှကို ပြင်းထန်​စွာကန့်​ကွက်​ရှုတ်​ချကြောင်း စသည့် အကြောင်းအရာများပါဝင်သော သဘောထားထုတ်ပြန် ကြေညာချက်တစ်စောင်ကို မေ ၂၇ ရက် ထုတ်ပြန်ခဲ့သည်။

သဘောထားကြေညာချက်တွင် သူတို့ ဆန္ဒအလျောက် ထွက်ခွာသွားကြသော ခိုးဝင်ဘင်္ဂါလီအကြမ်းဖက်များသည် မိမိတို့၏ မူရင်းတိုင်းရင်းသားများလည်းမဟုတ်၊ သူတို့ နှင့် လူမျိုးတူ၊ ဘာသာတူ သူတို့နိုင်ငံသို့ ပြန် ရောက်နေသူများလည်းဖြစ်ခြင်းကြောင့် လိုအပ်သော အကူအညီများအထိုက်အလျောက် ကူညီရုံမှလွဲ၍ မြန်မာနိုင်ငံအတွင်း ပြန်လည်လက်ခံခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် နိုင်ငံတော်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်များကို မထီမဲ့မြင်ပြုလုပ်ခဲ့သော ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံမှ ကိုယ်စားလှယ်များအပါအ၀င် နိုင်ငံ၏ အချုပ်အခြာအာဏာကို အန္တရာယ်ပြုနိုင်သည့် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမျှ မြန်မာ့မြေပေါ်သို့ ခြေချခွင့် မပေးရန် နိုင်ငံတော်အစိုးရအား တောင်းဆို ကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် မြန်​မာတိုင်းရင်းသားများနှင့်​ နိုင်ငံသားများကို ရက်​ရက်​စက်​စက်​ လူမျိုးတုံး သတ်​ဖြတ်​​နေ​သော ဘင်္ဂါလီအ​ကြမ်းဖက်​ (ARSA) အဖွဲ့၏ လုပ်​ရပ်​ကို မသိကျိုးကျွန်ပြုကာ ပြည်​သူလူထု၏ အသက်​အိုးအိမ်​ စည်းစိမ်​ကို ကာကွယ်​​စောင့်​​ရှောက်​​နေ​သော နိုင်ငံ​တော်​အစိုးရနှင့်​မြန်​မာ့တပ်​မ​တော်​ကို ​အရေးယူဖို့ (ICC) အဖွဲ့သို့ တင်​ရန်​ကြိုးပမ်း​နေသည့် ပုဂ္ဂိုလ်​၊ အဖွဲ့အစည်းမှန်​သမျှကို ပြင်းထန်​စွာ ကန့်​ကွက်​ရှုတ်​ချကြောင်းနှင့် မြန်​မာ့တပ်​မတော်​ကို ထိခိုက်​နစ်​နာ​၊ ဆုတ်​ယုတ်​ပျက်​စီး​အောင်​ ပြုလုပ်​သည့်​ မည်​သည့်​အပြုအမူ၊ ပုဂ္ဂိုလ်​၊ ပါတီ၊ အဖွဲ့အစည်းကိုမဆို ပြင်းထန်​စွာ ကန့်​ကွက်​ကြောင်း သဘောထားကြေညာချက်တွင် ဖော်ပြထားသည်​။
ကြေညာချက်တွင် ဆက်လက်၍ နိုင်ငံတော်အစိုးရက ယနေ့ ရခိုင်ပြည်နယ်၌ ခိုးဝင်ဘင်္ဂါလီများအား နိုင်ငံသားစိစစ်ခံယူမည့်သူ၏ သက်သေခံကတ်ပြားခေါ် NVC ကတ်ခွင့်ပြု ချထားပေးခြင်းသည် အနာဂတ်မြန်မာနိုင်ငံတော်နှင့် တိုင်းရင်းသားများအတွက် အသက်အိုးအိမ်၊ စည်းစိမ်လုံခြုံရေးစသော အန္တရာယ်များ ကျရောက်နိုင်ခြင်းကြောင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီသာ အတိအကျ လိုက်နာဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း ပါရှိသည်။
ဆက်လက်၍ မြန်မာနိုင်ငံ၌ ငြိမ်းချမ်း မေတ္တာအဖွဲ့ (Religions for Peace) စသော အမည်ခံ ဘာသာရေးပေါင်းစုံအဖွဲ့နှင့် ထိုအဖွဲ့၌ ပါဝင်နေသော ပုဂ္ဂိုလ်များ၏ လုပ်ရပ်နှင့် ရပ်တည်ချက်များသည်
(က) လူပြိန်းကြိုက် ခေါင်းစဉ်လှလှ၊ အဖွဲ့ နာမည်လှလှ အသုံးပြုကာ ဘာသာရေး ခုတုံးလုပ်၍ ကိုယ်ကျိုးရှာ နိုင်ငံရေး အမြတ်ထုတ်နေသော လုပ်ရပ်များ ဖြစ်ခြင်း၊
(ခ) မူရင်း အများစုကိုးကွယ်ရာ ဂုဏ်ထူး ၀ိသေသနှင့်ပြည့်စုံသည့် ဗုဒ္ဓဘာသာကိုပင် သေးသိမ်ညှိုးမှိန်အောင် လုပ်ရာရောက်ခြင်း၊
(ဂ) နိုင်ငံတော်၏ အဓိကရည်ရွယ်ချက် ဖြစ်သော အမျိုးသားရင်ကြားစေ့ရေးကိုလည်း အထောက်အကူ မပြုခြင်းတို့ကြောင့် ယင်းလုပ် ရပ်များကို ပြင်းထန်စွာ ရှုတ်ချကန့်ကွက် ကြောင်း သဘောထားကြေငြာချက်တွင် ပါရှိသည်။
စစ်​ကိုင်း​တိုင်း​ဒေသကြီး၊ မင်းကင်းမြို့နယ်​၊ ကျောက်​တန်း​ကျေးရွာတွင် ​ဟော​ပြောသော စာ​ရေးဆရာမောင်​​သွေးချွန်​(ခ) ဦးမြင့်စိုးအား တရားစွဲဆိုခြင်းသည်​ “လူခင်​ မူပြင်​၊ လူမုန်း မူသုံး” ပုံစံမျိုးသက်​​ရောက်​​နေသဖြင့်​ ဒီမိုက​ရေစီစံနှုန်းနှင့်​ ဆန့်​ကျင်​​နေခြင်း​ကြောင့် ယင်းစွဲဆိုမှုအ​ပေါ် ပြန်​လည်​စဉ်းစားသုံးသပ်​​ပေးရန်​ နိုင်​ငံ​တော်​အစိုးရအား အ​လေးအနက်​​တောင်း​ဆိုကြောင်း ဖော်ပြပါရှိသည်။

ကြည်နိုင်
Eleven Media Group


0 comments:

Post a Comment