မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့ရောင်းချရာတွင် အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတို့နှင့် ယှဉ်ပြိုင်ထုတ် လုပ်ရောင်းချနေရသဖြင့် ကုန်စည်အမျိုးအစား တူပါက အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာစွာ တင်ပို့ရောင်းချနိုင်မှသာ ပို့ကုန်ဈေးကွက် ကျယ်ပြန့်လာမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဒီဇင်ဘာ၂၉ရက်က ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်တွင် ကျင်းပသည့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း(၂၄)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသား...