Saturday, December 1, 2018

မန္တလေးတိုင်းအတွင်း ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင် ယနေ့ စတင်လျှောက်နိုင်မည်

လာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် မန္တလေးတိုင်းအတွင်း ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်လျှောက်လွှာများကို နိုဝင်ဘာ ၂၉ ရက်ကတည်းက အခမဲ့ထုတ်ပေးခဲ့ပြီးနောက် ယနေ့ ဒီဇင်ဘာ ၁ ရက်မှစ၍ လကုန်အထိ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းပညာရေးမှူးရုံးထံမှ သိရှိရသည်။ 
လျှောက်ထားသူများသည် ပညာရေးဘွဲ့၊ ဒီပလိုမာသင်တန်းဆင်းလက်မှတ်၊ မဟာဘွဲ့နှင့် မဟာဘွဲ့အထက် ဘွဲ့ရပြီး သင်ကြားရေးအတွေ့အကြုံ ၅ နှစ်ရှိသူ၊ အသက်မွေးဝမ်းကြောင်းနှင့် တွဲဖက်သင်ရိုးဝင်အတွက် ဒီပလိုမာ သို့မဟုတ် သင်တန်းဆင်းလက်မှတ်ရှိရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။ 

ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်လက်မှတ်မရှိဘဲ ကိုယ်ပိုင်ကျောင်းဆရာအဖြစ် ဆောက်ရွက်ခြင်းမပြုရန်၊ တားမြစ်ချက်ကို ဖောက်ဖျက်ပါက ပြစ်မှုထင်ရှားလျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေတွင် ပြဌာန်းထားသည်။ 

#The_Voice_Daily




0 comments:

Post a Comment