Saturday, December 1, 2018

ဒေါ်လာဈေး ကျ


ငြိမ်သက်နေသော အမေရိကန်ဒေါ်လာဈေးနှုန်းသည် ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသကဲ့သို့ ဈေးနှုန်းကျဆင်းကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။ 

အဆိုပါဒေါ်လာဈေးသည် ပို့ကုန်မှ ရသည့်နိုင်ငံခြားငွေ(Earning)ရရှိမှုများပြားလာသည့်အတွက် ကျဆင်းခြင်း ဖြစ်ပြီး ဆက်လက်ကျဆင်းနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ဆိုသည်။ 

" ဒေါ်လာဈေးက ဒီအချိန်ဆို နှစ်စဉ်ကျလေ့ရှိတယ်။ ပွင့်လင်းရာသီဆိုတော့ ကျွန်တော်တို့ အဓိက ပို့ကုန်တွေ ဖြစ်တဲ့ လယ်ယာထွက်ကုန်တွေလည်း ထွက်တဲ့အချိန်လည်း ဖြစ်တာကြောင့်ပါ " ဟု ဝါးခယ်မငွေလဲ ကောင်တာပိုင်ရှင် ဒေါက်တာ စိုးထွန်းက ပြောဆိုသည်။ 
ပြင်ပဒေါ်လာဈေးသည် နိုဝင်ဘာပထမပတ်အတွင်းက တစ်ဒေါ်လာ ၁၅၉၀ ဝန်းကျင်ဖြင့် ငြိမ်သက်နေရာမှ ယခုအခါတစ်ဒေါ်လာလျှင် ၁၅၆၄ ကျပ်သို့ကျဆင်းလာပြီး Earning ဈေးမှာလည်း ပြီးခဲ့သည့်ရက်ပိုင်းက တစ်ဒေါ်လာလျှင် ၁၅၆၄ ကျပ်ခန့်မှ ယခုအခါ တစ်ဒေါ်လာလျှင် ၁၅၅၀ ကျပ်သို့ကျဆင်းကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။ 


#The_Voice_Daily

0 comments:

Post a Comment