Saturday, December 1, 2018

ရာထူးသစ်များနဲ့ လူဟောင်း


မနီလာ၌ပြုလုပ်သော ညီလာခံတစ်ခုတွင် စစ်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်များကို ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ရှင်းပြနေသည်။ နေအိမ်အကျယ်ချုပ်ကျနေသော ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန်ညီလာခံအပြင်ဘက်တွင် ဆန္ဒပြမှုအချို့ရှိနေသည်။ 
ညီလာခံအပြီးတွင်မြန်မာ သံအမတ်ကြီးကို သတင်းထောက် များက တွေ့ဆုံမေးမြန်းရာနေ အိမ်အကျယ်ချုပ်ဖြင့် နေထိုင်နေ ရသည့် ငြိမ်းချမ်းရေးနိုဗယ်ဆု ရှင်ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် လက်ရှိတည်ငြိမ်မှုအခြေအ နေကို ပျက်စီးအောင်မလုပ်သင့် ကြောင်း သံအမတ်ကြီးကပြောဆို ခဲ့ကြောင်း မီဒီယာများကဖော်ပြခဲ့ ကြသည်။ 

အဆိုပါဖြစ်ရပ်များ လွန် မြောက်ပြီး လေးနှစ်ကျော်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်နေ အိမ်အကျယ်ချုပ်မှ လွတ်သည်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် အတိုက်အခံ နိုင်ငံရေးခေါင်း ဆောင်ဖြစ်လာသည်။ 

ထို့အတူ သံအမတ်ကြီးလည်း အငြိမ်းစားယူသည်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) နှင့် Myanmar Development Research Institute (MDRI)တို့တွင် တာဝန်ထမ်းဆောင် ခဲ့သည်။ 

၂၀၁၅ ရွေးကောက်ပွဲပြီး နောက်မြန်မာနိုင်ငံ၏နိုင်ငံရေးချိန်ခွင်လျှာမှာ ဒီမိုကရေစီဘက်တော်သားများဘက်သို့ အလေးသာသွားသည်။ အတိုက်အခံခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်မှသည် နိုင်ငံခြားရေးဝန်ကြီးဒေါ် အောင်ဆန်းစုကြည် ဖြစ်လာ သည်။ နိုင်ငံခြားရေးဝန်ကြီးတစ် ဖြစ်လဲနိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် သံတမန်ဟောင်းများ ကိုဝန်ကြီးနေရာများပေးခဲ့ရာ မနီလာတွင် သူ့ကိုဝေဖန်ခဲ့သော အငြိမ်းစားသံအမတ်ကြီးလည်း ပါခဲ့ သည်။ 

အတိတ်ကို ပြည်ဖုံးကားချ ပြီး နိုင်ငံကိုအတူဆွဲတင်ကြချိန်တွင် အငြိမ်းစားသံအမတ်ကြီးဦး သောင်းထွန်းသည် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရုံးဖြစ်လာ တော့သည်။ 

‘‘ဦးသောင်းထွန်းက အနာဂတ်ကို ယုံသူလို့ ကျွန်တော်မြင်တယ်။ ဒီအတွက် သူက တခြားလူတွေထက် ပိုကြိုးစားနေတာတွေ့ရသလို အခုအချိန်မှာ သူ့နာမည်ကိုလည်း တည်ဆောက်တဲ့အနေနဲ့ တာဝန်ယူထားတဲ့ အလုပ်တွေ ကို အောင်မြင်အောင်ကြိုးစား ဆောင်ရွက်နေတာ တွေ့ရပါတယ်’’ ဟု စီးပွားရေးနှင့်ဘဏ်အကြံပေးဦးရဲမင်းဦးက ပြောသည်။ 

ဝန်ကြီးမဟုတ်သော ၀န်ကြီး 

ဦးသောင်းထွန်းအတွက်ရာထူးတစ်ခုပေါ်လာလိုက်တိုင်း စိန် ခေါ်မှုနှင့် ဝေဖန်ခံရမှုကတွဲပါလာသည်။ သူ၏ပထမဆုံးရာထူးမှာ ‘အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်’ဖြစ်သည်။ ဒီရာထူးသည်ဒီချုပ်အစိုးရကအသစ်ထွင် လိုက်သောရာထူးလည်းဖြစ်ပါသည်။ ရာထူးအသစ်နှင့်စစ်အစိုးရ၏လူဟောင်းကို မတူညီသော အင်အားစုနှစ်ခုလုံးဘက်က ဝေဖန်မှုများရှိခဲ့သည်။ သူ၏တာဝန်မှာ ပြည်တွင်း၊ပြည်ပအန္တရာယ်များနှင့်ပတ်သက်၍ မဟာဗျူဟာရှုထောင့်က လေ့လာသုံးသပ်အကြံပြုနိုင်ရေး ခန့်အပ်ခြင်းဖြစ်သည်။ အကြံပေးပုဂ္ဂိုလ်ကိုပြည်ထောင်စုဝန်ကြီးအဆင့်သမ္မတက သတ်မှတ်ပေးခဲ့သည်။ သူသည်ဒီချုပ်အစိုးရ၏ ခေါင်းအပူရဆုံး ပြဿနာဖြစ်သော ရခိုင်ပြည်နယ်အရေးတွင် ကုလသမဂ္ဂနှင့်ပြည်ပဖိအားကို အကောင်းဆုံးခုခံနိုင်ခဲ့သည်။ R2P၀င်ရောက်မည်ကိုစိုး ရိမ်နေကြချိန်တွင် မြန်မာနိုင်ငံသို့ R2P မ၀င်နိုင်ကြောင်းဦးသောင်း ထွန်းက သွေးအေးအေးဖြင့်ထွက် ရှင်းခဲ့သည်။ ရခိုင်ပြည်နယ်အရေး မြန်မာအစိုးရ၏ ရှေ့လုပ်ငန်းစဉ်များကိုလည်း နိုင်ငံတကာကိုရှင်း ရှင်းလင်းလင်း ထွက်ပြောသည်။ ထိုသို့ခုခံနိုင်ရန် ဦးသောင်းထွန်း၏နှစ်ပေါင်း ၄၀ နီးပါးသံတမန် အတွေ့အကြုံက အထောက်အကူပြုခဲ့ခြင်းဖြစ်သည်။ သူသည်နိုင် ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြာရေးမှူးချုပ် ဖြစ်ပြီး အာရှ၊ ဥရောပနှင့် ကုလအထိ မြန်မာနိုင်ငံသံအမတ်ကြီးအဖြစ် ခြေဆန့်ခဲ့သူဖြစ်သည်။။ ကုလစင်မြင့်ထက်တွင် စစ်အစိုးရအတွက် ခုခံပေးခဲ့ဖူးသူသည် ဒီမို ကရေစီအစိုးရကိုလည်း ကုလစင် မြင့်ထက်မှာ ကာကွယ်ပေးခဲ့ရပြန်သည်။ 

ဦးသန်းရွှေ၏ စကားပြန် 

ဦးသောင်းထွန်းအကြောင်း ပြောစမှတ်တစ်ခုမှာ စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စကားပြန်လုပ်ခဲ့ဖူး ခြင်းပင်။ သူ၏အင်္ဂလိပ်စာ ကောင်းမွန်မှုကို အထူးမိတ်ဆက် ပေးစရာမလိုပေ။ ထို့အပြင် ပြင် သစ်ဘာသာ ဒီပလိုမာလည်းရ ထားသေးသည်။ သံခင်းတမန်ခင်း ကျွမ်းကျင်သူ ထိပ်ပြောင်ပြောင်၊ ခပ်၀၀ပုဂ္ဂိုလ်သည် ဦးသန်းရွှေ လက်ထက်ရော ဒေါ်အောင်ဆန်း စုကြည်လက်ထက်မှာပါ ခံစစ်မှူး ဖြစ်သည်။ သူ့အသက်က(၇၁)နှစ် ရှိနေပြီ။ ဦးသောင်းထွန်း၏ ပညာ ရပ်လိုက်စားမှုမှာ အထင်ကြီးစရာ မှတ်တမ်းရှိနေသည်။ သူသည် ရန်ကုန် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်မှ သိပ္ပံဘွဲ့ရရှိခဲ့သည်။ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီရှိ Johns Hopkins တက္ကသိုလ်မှ နိုင်ငံတကာ ပြည်သူ့ရေးရာမူဝါဒ ဘာသာရပ်ဖြင့် မဟာဘွဲ့ရရှိခဲ့ သည်။ 

၂၀၁၀ ကနေ ၂၀၁၅ ထိ အ ရှေ့တောင်အာရှ လေ့လာရေး ဌာန ISEAS-Yusof Ishak Institute မှာ အကြီးတန်း ဧည့်သု တေသနပညာရှင်တစ်ဦးလည်း ဖြစ်ခဲ့သည်။ 

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အတွက်နောက် ထပ်ရာထူးတစ်ခု ဒီချုပ်အစိုးရ ကပေးလိုက်ပြန်သည်။ အဆိုပါ ရာထူးသည်လည်း ဒီချုပ်အစိုးရ ကအသစ်ထွင်ထားသည့် ပြည် ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးရာ ထူးဖြစ်သည်။ ဦးသောင်းထွန်းအ တွက်ရာထူးသစ်သည်ထုံးစံအ တိုင်းဝေဖန်မှုများဖြင့် ရောက်ရှိ လာသည်။ လွှတ်တော်တွင်ဦး သိန်းစိန်အစိုးရလက်ထက်သမ္မတ ရုံးဝန်ကြီးဦးစိုးသိန်းက ကန့်ကွက် ခြင်းဖြစ်သည်။ 

ဂျော့ခ်ျဆိုးရော့စ်လူလား 

ပြည်ထောင်စုလွှတ်တော်သို့ ဦးသောင်းထွန်း တင်ပြလာသည့် ကိုယ်ရေးရာဇဝင်တွင် အမေရိ ကန်သူဌေးကြီး ဂျော့ခ်ျဆိုးရော့စ် ထံတွင် တာဝန်ထမ်းဆောင်ခဲ့ခြင်း အား ဖော်ပြထားခြင်းမရှိသဖြင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း ဦးစိုး သိန်းကဆိုပါသည်။ 

ဂျော့ခ်ျဆိုးရော့စ်သည် အမေ ရိကန်တွင်ပေါက်မြောက်၍ ၎င်း တို့ခန့်ထားသူဖြစ်ပါက နောင် တစ်ချိန်တွင် နိုင်ငံတော်လုံခြုံရေး အတွက်သော်လည်းကောင်း၊ တ ရုတ်-မြန်မာဆက်ဆံရေးကိုသော် လည်းကောင်း ထိခိုက်နိုင်သော ကြောင့် ကန့်ကွက်ရခြင်းဖြစ် ကြောင်း ဦးစိုးသိန်းကပြောသည်။ 

‘‘သူများနိုင်ငံက ခန့်တဲ့သူ ကိုယ့်ဆီမှာဖြစ်မှာစိုးလို့ စေတနာ နဲ့ အလုပ်ရှုပ်ခံပြီးပြောတာ’’ ဟု ၎င်းက ပြောသည်။ 

ဦးသိန်းစိန်အစိုးရ လက် ထက်တွင် ဂျော့ခ်ျဆိုးရော့စ်က ဦး သောင်းထွန်းအား ဝန်ကြီးခန့်အပ် ပေးရန်ပြောကြားမှုရှိပြီး သမ္မတ ထံတင်ပြရာ ဂျော့ခ်ျဆိုးရော့စ်က ပြောသည့်သူ ဖြစ်သောကြောင့် ခန့်အပ်မှုမရှိခဲ့ကြောင်း ဦးစိုးသိန်း က ဆိုပြန်သည်။ 

ထိုအကြောင်းကို ဦးစိုးသိန်း က သူ၏စာအုပ်ထဲမှာ ပြန်ထည့် ရေးသေးသည်။ 

နိုင်ငံတကာမှရင်းနှီးမြှုပ်နှံမှု များဝင်လာရန် ကမ္ဘာအနှံ့လိုက်လံ စည်းရုံးပေးမည့်သူအဖြစ် ဦး သောင်းထွန်းအား ဝန်ကြီးခန့်အပ် ပေးရန်ဂျော့ခ်ျဆိုးရော့စ်ကအဆို ပြုခဲ့ခြင်းဖြစ်သည်ဟု ဦးစိုးသိန်းက ဆိုသည်။၂၀၁၇ တွင် ဂျော့ခ်ျဆိုး ရော့စ် နေပြည်တော်သို့ရောက် လာပြီး ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံပြီးနောက် ဦးသောင်း ထွန်းရာထူးရလာခြင်းမှာ တိုက် ဆိုင်လှကြောင်း ဦးစိုးသိန်းက သူ၏ စာအုပ်တွင်ထည့်ရေးသည်။ 

‘‘ဦးသောင်းထွန်းက တပ်မ တော်အစိုးရလက်ထက်မှာလည်း အားကိုးရတဲ့သံတမန်ဖြစ်တဲ့အ တွက် ဦးရွှေမန်းနဲ့လည်း နီးစပ်မှုရှိ ပါတယ်။ ဆိုးရော့စ်အဖွဲ့အစည်း မှာလည်း တာဝန်ထမ်းဆောင် ဖူးတယ်။ ဒါကြောင့် ဒီနှစ်ဦးရဲ့ ထောက်ခံမှုနဲ့ တာဝန်ပေးခံရတယ် လို့ထင်ပါတယ်’’ဟု သမ္မတ ဟောင်းဦးသိန်းစိန်၏ ပြောရေးဆို ခွင့်ရှိသူဦးရဲထွဋ်က ဦးသောင်း ထွန်း၏ ရာထူးများနှင့်ပတ်သက် ၍ သုံးသပ်သည်။ 

စီးပွားရေးခေါင်းကိုင်ဖြစ်လာတဲ့ လုံခြုံရေးအကြံပေး 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်း ရာထူးမှ နုတ်ထွက်သွားပြီးနောက် ၎င်း၏နေရာကို ဦးသောင်းထွန်းက အံ့သြသင့်ဖွယ်ရသွားခဲ့သည်။ 

မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် အရေးကြီးသောဆုံး ဖြတ်ချက်များ ချမှတ်နေရသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌတာဝန်ကို ယခင်ကစီးပွားရေးနှင့်သက်ဆိုင်သည့် ၀န်ကြီးဌာနများမှ ပြည်ထောင်စုဝန် ကြီးများကိုသာ အဓိကထားခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။ 

လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်သည် စီးပွားရေးကဏ္ဍ၏ အရေးကြီးသောနေရာကိုပါရလာသည်။ ဒေါ်အောင်ဆန်းစုကြည်၏ပြည်ပခရီးစဉ်များတွင် ဦး သောင်းထွန်းပါသည်။ ရင်းနှီးမြှုပ်နှံမှုများကို ဦးသောင်းထွန်းက ဖိတ်ခေါ်သည်။ ဦးသိန်းစိန်အစိုးရကို ဂျော့ခ်ျဆိုးရော့စ်ပေးခဲ့သော အကြံသည် ဒေါ်အောင်ဆန်းစု ကြည်အစိုးရလက်ထက်တွင်အ ကောင်အထည်ပေါ်လာသည်။ 

‘‘အဓိကကတော့ ကျွန်တော်တို့က ဒီရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် လွယ်လွယ်ကူကူနဲ့ရင်းနှီး မြှုပ်နှံနိုင်အောင် ဖိတ်ခေါ်မယ်’’ ဟု ဦးသောင်းထွန်းက ပြောသည်။ 

များမကြာမီ၂၅ ခုမြောက် ဝန်ကြီးဌာနအသစ်အဖြစ် ဖွဲ့စည်းသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ ပြည်ထောင်စု ဝန်ကြီးအဖြစ် ပြည်ထောင်စုအစိုး ရအဖွဲ့ရုံးဝန်ကြီးဦးသောင်းထွန်း ကို ပြောင်းလဲခန့်အပ်ပြန်သည်။ 

ဦးသောင်းထွန်း၏တတိယ မြောက်ရာထူးသစ်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုစီးဝင်လာမည်ဟု သူက ယုံကြည်နေသည်။ 

‘‘ကျွန်တော်တို့ဆီမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုစီးဝင်လာမယ်လို့ မျှော်လင့်ပါတယ်’’ ဟု ၎င်းကဆိုသည်။ 

‘‘သူကစီးပွားရေးနောက်ခံ မရှိပေမယ့် သံတမန်ရေးရာကျွမ်းကျင်သူဖြစ်တဲ့အတွက် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ကောင်းကောင်းဆက်ဆံနိုင်မှာပါ။ ဒါပေမဲ့ အဓိကမေးခွန်းက သူ့မှာ ဘယ်လောက်လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ရှိသလဲဆိုတဲ့ အချက်ပဲ။ ကိစ္စအားလုံးကို ဒေါ် အောင်ဆန်းစုကြည်ကို တင်ပြပါဦးမယ်ဆိုတာမျိုး ဖြစ်နေရင် တော့ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုလျော့တာ၊ ဆုံးဖြတ်ချက်ပေးဖို့ အချိန်ကြာတာတွေ ဖြစ်လာနိုင်ပါတယ်’’ဟု ဦးရဲထွဋ်ကပြောသည်။ 

ဦးသောင်းထွန်းသည်ရေနံကုမ္ပဏီတစ်ခုဖြစ်သည့် Shell Myanmar Energy Pte Lt ကုမ္ပဏီ၏ အစိုးရဆက်ဆံရေး အကြံပေးအဖြစ်လည်း လုပ်ကိုင်ခဲ့ ဖူးသည်။ 

‘‘နိုင်ငံခြားသား မကြောက်တဲ့အခံကရှိနေပြီးသား။ မြန်မာ ပြည်ကို ရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက်မ၀င်ချိန်မှာ ဒါကိုဆွဲတင်ရမှာ။ ဒါအဓိကအခက်အခဲပဲ။ ဒါပေမဲ့ ဒါက သူ့တာဝန်’’ ဟု နိုင်ငံရေး၊ စီးပွားရေးလေ့လာသုံးသပ်သူဦးဇေယျသူက ပြော သည်။ 

‘‘နိုင်ငံရေးနဲ့ စီးပွားရေးက ဒွန်တွဲနေတာလေ။ သူကနှစ်ခုစလုံးကိုနားလည်တဲ့သူ’’ဟု မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက မှတ်ချက် ပြုသည်။ 

ဦးသောင်းထွန်းအဆင့်မြင့် ရာထူးများကို တစ်ခုပြီးတစ်ခုရရှိလာခြင်းက သူ့အပေါ်ဒေါ်အောင် ဆန်းစုကြည်၏ ယုံကြည်ကိုးစားမှု ကိုပြသနေသည်။ သို့သော်စိန်ခေါ် မှုများကလည်း ရှိနေသည်။ 

မြန်မာနိုင်ငံ၏ အခြေခံအ ဆောက်အအုံမပြည့်စုံမှုက ပြည် ပရင်းနှီးမြှုပ်နှံမှု ထွက်ခေါ်နေသည့် ဦးသောင်းထွန်းအတွက် အကြီးဆုံးစိန်ခေါ်မှုဟု ဒေါက်တာမောင်မောင်လေးက ပြောသည်။ 

‘‘ပဲ့ကိုင်က ကောင်းပြီး သင်္ဘောက ပျက်နေရင်လည်း မဟန်ဘူးဗျ’’ ဟု၎င်းကဆိုသည်။

7Day

0 comments:

Post a Comment