Saturday, December 1, 2018

ရွာငံတွင် ယာဉ်တိုက်မှုကြောင့် ၄ ဦးသေဆုံး၊ အများအပြား ဒဏ်ရာရ

ရှမ်းပြည်နယ် ရွာငံမြို့နယ်မှာ ယာဉ်တိုက်မှုကြောင့် လူ ၄ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ 
နိုဝင်ဘာ ၃၀ ရက်နေ့က ရွာငံမြို့နယ်၊ လက်ပံပင်ကျေးရွာအနီး ရွာငံ-အောင်ပန်းသွား ကားလမ်း မိုင်တိုင် (၄၈/၁-၂) ကြားမှာ ခင်မောင်ညွန့် မောင်းနှင်တဲ့ ထော်လာဂျီနဲ့ နေဆန်းဦး မောင်းနှင်တဲ့ ကန်တာယာဉ်တို့ မျက်နှာချင်း ဆိုင်တိုက်မိခဲ့ပြီး သေဆုံးဒဏ်ရာ ရခဲ့ကြတာပါ။ 

ယာဉ်မောင်းပါ ၂၁ ဦး လိုက်ပါတဲ့ ထော်လာဂျီ ယာဉ်ပေါ်မှ အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၂ ဦး တို့ အခင်းဖြစ်နေရာမှာ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး ၁၈ ဦးတို့ ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ဒဏ်ရာရသူတွေကို ရွာငံပြည်သူ့ဆေးရုံကြီး တင်ပို့ကုသထားပြီး စိုးရိမ်ရတဲ့ အမျိုးသမီး ၄ ဦး ကိုတော့ မန္တလေးဆေးရုံကြီးကို လွှဲပြောင်းထားတယ်လို့ သိရပါတယ်။ ကန်တာယာဉ်မောင်း နေဆန်းဦးနဲ့ တဦးကတော့ ဒဏ်ရာရရှိမှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

ရွာငံမြို့မရဲစခန်းက နေဆန်းဦးနဲ့ ခင်မောင်ညွန့်တို့ ၂ ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမန်နာကျင်စေမှု/ ယာဉ်မဆင်မခြင် မောင်းနှင်မှု) တို့နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

DVB

0 comments:

Post a Comment